တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Poke’mon Go

date_range 08 July 2017

တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Poke’mon Go

visibility 380 Views

                Niantic ရဲ့ Poke’mon Go ဆိုရင်တော့ ဘာကိုမှအထူးမိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ လွန်ခဲ့တဲ့ ၁နှစ်၊ ဂျူလိုင်လ ၆ ရက်နေ့ ဒီအချိန်ဝန်းကျင်လောက်မှာ မြို့တိုင်း၊ နေရာတိုင်း ဖုန်းကိုယ်စီနဲ့ လမ်းပေါ်တွေမှာ Poke’mon လိုက်ဖမ်းနေခဲ့ကြတာပေါ့ဗျာ။ အခုဆိုရင် Poke’mon Go ထွက်ရှိတာ တစ်နှစ်တိတိ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

                အားလုံးသိတဲ့အတိုင်းပဲဒီ Game က GPS Based ဖြစ်တာကြောင့်၊ Real World ကကိုယ့်ရဲ့ Location ရွေ့မှ Game ထဲက Avatar လဲရွေ့တာဖြစ်ပြီး၊ နည်းပညာအသစ်အဆန်းလဲဖြစ် Gameplay လဲအသစ်ဖြစ်တာကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။


                Poke’mon ဖမ်းရာမှာ အသုံးပြုထားတဲ့ Augmented Reality  စနစ်ကိုလည်း Facebook CEO Mark Zuckerberg, Apple CEO Tim Cock အပါအဝင် နည်းပညာရှင်များက AR စနစ်ရဲ့အသုံးဝင်မှုကို ကောင်းကောင်းဖော်ပြနိုင်တဲ့ Game တစ်ခုလို့ ပြောကြရလောက်အောင်ထိ အောင်မြင်ခဲ့တဲ့ Game တစ်ခုပါ။

                ဒါပေမယ့်လဲ အချိန်တွေကြာလာတော့ Gameplay Feature တွေက ဒါတွေပဲထပ်နေသလိုဖြစ်ပြီး၊ Player တွေမျှော်လင့်ထားတဲ့ PvP Battle တွေ၊ အခြား Trainer တွေကိုမြေပုံမှာမြင်တွေ့ရမယ့်စနစ်တွေ၊ Trading စနစ်တွေကို Niantic က Update တွေမှာထည့်ပေးသွားမယ်ဆိုပေမယ့် Timeline အားဖြင့် အရမ်းကိုကြာမြင့်အုံးမှာ ဖြစ်တဲ့အတွက်၊ ကစားနေတဲ့ Player အရေအတွက်ဟာ တဖြေးဖြေးကျဆင်းသွားခဲ့ပါတယ်။ Apptopia မှာ ပြထားတဲ့အချက်အလက်တွေအရဆိုရင် June လထဲမှာ Player ပေါင်း သန်း(၆၀) ရှိနေပါသေးတယ်။

                Niantic အနေနဲ့လဲ Game ကို တစိုက်မတ်မတ်နဲ့ စိတ်ဝင်တစား ယခုအချိန်ထိ ဆော့နေကြတဲ့လူတွေအတွက် အစီအစဉ်များကြိုးစားပြီး ဖန်တီးနေတာတွေ့ရပါတယ်။ အခုဆိုရင် Poke’mon GO စတင်ထွက်ရှိတဲ့အချိန်ကစပြီး၊ ၁နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ Player တွေအတွက် Celebration တွေလုပ်နေပါပြီ။ Special Event များအနေနဲ့ Poke’mon Animated Series များထဲက မင်းသား Ash ရဲ့ ဦးထုပ်ကိုဆောင်းထားတဲ့ Pikachu လေးတွေကို ဖမ်းနိုင်မှာပါ။


                Player တွေက ဒီ Special Pikachu လေးကို July 13 ရက်နေ့ထိ ရှာဖွေပြီး ဖမ်းယူနိုင်မှာပါ။ ဒါ့အပြင်လဲ In-Game Shop မှာ Incubators,Max Revives,Ultra Balls, Raid Pass တွေပါဝင်တဲ့ Anniversary Box တွေက အချိန်အကန့်အသတ်နဲ့ Discount ချပြီး ရောင်းပေးနေပါတယ်။

                Niantic ရဲ့ CEO ဖြစ်တဲ့ John Hanke ဟာလဲ Niantic က ထပ်ထည့်ဖို့စီစဉ်ထားတဲ့ Real-World Event တွေက ဒီနှစ်နွေအရောက်လောက်မှာ Player ပေါင်း ထောင်ပေါင်းများစွာထပ်ပြီး ဆွဲဆောင်နိုင်မယ် လို့မျှော်လင့်ထားရပါတယ်၊ Trainer တွေခြင်း Battle တွေ၊ Trading System တွေကို မကြာခင် မြင်တွေ့ရတော့မှာဖြစ်ပါတယ်လို့ ပြောထားပါတယ်။

                Roller-coaster စီးသလိုမျိုး တက်လိုက်ကျလိုက်ဖြစ်နေတဲ့ Poke’mon Go ရဲ့ PlayerBase တွေကို Game တစ်နှစ်ပြည့်အချိန်ကနေစပြီး ပြန်ဆွဲယူမယ့် Niantic ရဲ့ အစီအစဉ်တွေကဘာတွေဖြစ်မလဲ၊ ထွက်ခါစကလောက် Player တွေရဲ့ စိတ်ဝင်စားမှုကို ပြန်ရယူနိုင်မလား ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်…။

This Article is Contributed by SkyeJasper
References
Business Insider VG247
About Author
Assinged Tags
Gaming Related Pokemon Go
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed