Pokemon Go Fest မှာ ဖြစ်ပွားခဲ့တဲ့ပြဿနာတွေရဲ့ အဓိကတရားခံဟာ Cellular Data လိုင်းကြပ်မှုကြောင့်ဟု Niantic CEO မှပြောကြား

date_range 26 July 2017

Pokemon Go Fest မှာ ဖြစ်ပွားခဲ့တဲ့ပြဿနာတွေရဲ့ အဓိကတရားခံဟာ Cellular Data လိုင်းကြပ်မှုကြောင့်ဟု Niantic CEO မှပြောကြား

visibility 340 Views

                Niantic ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်တဲ့ John Hanke က Pokemon Go Fest မှာဖြစ်ပွားခဲ့တဲ့ App Login ၀င်မရတာနဲ့ Server ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆော့ကစားလို့မရခဲ့တာဟာ Cellular Data လိုင်းကြပ်မှုကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

                Pokemon Go Fest ကို Pokemon Go App တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Chicago မှာကျင်းပခဲ့ပြီး လက်မှတ်တစ်စောင်ကို USD $20 နဲ့ရောင်းချပေးခဲ့ပါတယ်။ လာရောက်လိုတဲ့သူ များပြားလွန်းတာကြောင့် လက်မှတ်တွေရဲ့စျေးနှုန်းမြင့်တက်ခဲ့ပြီး လက်မှတ်တစ်စောင်ကို USD $200 နဲ့ ပေး၀ယ်ခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ 

                Hanke ရဲ့ပြောကြားချက်အရ Pokemon Go Fest အတွက် သေချာပြင်ဆင်ထားပြီး အမှားအယွင်းမရှိအောင်ကြိုးစားခဲ့ပေမဲ့လည်း ဒီလိုပြဿနာတွေ ဖြစ်သွားခဲ့တဲ့အတွက် ပွဲမှာလာရောက် ဆော့ကစားခဲ့တဲ့သူတွေကို အနူးအညွတ်တောင်းပန်ပါတယ် လို့ဆိုပါတယ်။ မမြင်နိုင်ခဲ့တဲ့ပြဿနာအချို့ကြောင့် ဒီလိုရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပေမဲ့ အခုရခဲ့တဲ့ အတွေ့အကြုံကိုသင်ခန်းစာယူပြီး နောက်ထပ်ဒီလိုမဖြစ်အောင် ဆော့ကစားသူတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့လည်း သိရှိရပါတယ်။

                အခက်အခဲတွေဖြစ်ခဲ့ရတာဟာ Mobile Carriers တွေရဲ့ ပြဿနာတစ်ခုတည်းကြောင့်တော့မဟုတ်ပဲ နည်းပညာအခက်အခဲတစ်ချို့ကြောင့် Software Crash တွေဖြစ်ခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ Gameplay Crash အတွက် Server Configuration တွေပြန်လည်ပြုပြင်ပေးခဲ့ပြီး Software Crash တွေကို မဖြစ်ပွားအောင်အတတ်နိုင်ဆုံးကြိုးစားဖြေရှင်းခဲ့တယ် လို့ဆိုပါတယ်။

                ဒါပေမဲ့လည်း Cellular Data လိုင်းကြပ်မှုပြဿနာကိုတော့ ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပဲ App Login ၀င်မရတဲ့ပြဿနာနဲ့ ဆော့နေရင်းနဲ့ရပ်သွားတဲ့ ပြဿနာတွေ အများကြီးဖြစ်ပွားခဲ့ပါတယ်။ Cellular Data လိုင်းကြပ်မှုဟာ Pokemon Go App တစ်ခုတည်းကို သက်ရောက်တာမျိုးမဟုတ်ပဲ တခြား Internet Services တွေကိုပါ အသုံးပြုလို့မရခဲ့ဘူးလို့ Hanke မှပြောကြားခဲ့ပါတယ်။

                Cellular Data လိုင်းကြပ်မှုပြဿနာဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ Pokemon Go Fest ကိုလာရောက်ဆော့ကစားခဲ့သူ များပြားတာနဲ့ Mobile Carriers တွေရဲ့ Data ဖြန့်ကျက်မှု မငြိမ်မသက်ဖြစ်ခဲ့တာကြောင့် လို့သိရှိရပါတယ်။

                တစ်ချို့ Mobile Carriers တွေက Cellular On Wheels (COW) လို့ခေါ်တဲ့စက်တွေကို ပွဲမှာလာရောက်တပ်ဆင်ပေးခဲ့ပြီး Data လိုင်းပိုမိုကောင်းမွန်အောင်ကြိုးစားပေးခဲ့ပါတယ်။ ဆော့ကစားတဲ့သူတွေအချင်းချင်းလည်း Mobile Hotspot တွေလွှင့်ပြီး လိုင်းကြပ်မှုဒဏ်ကိုခံနိုင်အောင် ဝိုင်းဝန်းကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဘယ်အရာကမှ Cellular Data ပြဿနာကို သေချာဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပဲ Pokemon Go Fest ပွဲကို ရုပ်ဆိုးအကျည်းတန်သွားစေခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

                ဒီလိုမျိုးပြဿနာတွေဖြစ်ပွားခဲ့ပေမဲ့လည်း Hanke ရဲ့ပြောကြားချက်အရ Niantic မှ Pokemon Go Fest ပွဲစဉ်တစ်လျှောက် မှတ်တမ်းရယူခဲ့တဲ့အခါ  Raid Battle ပေါင်း 69,000 နဲ့ Pokemon ပေါင်း 7.7 မီလီယံကျော် ကစားသူများ ဖမ်းဆီးရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုဖမ်းဆီးရမိခဲ့တဲ့ Pokemon တွေထဲမှာ Lugia နဲ့ Articuno လို Legendary Pokemon ပေါင်း 440,000 ကျော်လည်း ပါ၀င်ခဲ့တယ်လို့သိရှိရပါတယ်။ 

                Niantic မှ Pokemon Go Fest ကို ဂျပန်နိုင်ငံမှ Yokohama မြို့မှာ ဆက်လက်ကျင်းပပေးဖို့ရှိပြီး နောက်ထပ်လည်း Europe ဘက်မှာ ပွဲစဉ်တွေကိုဆက်လက်ကျင်းပပေးသွားမယ်လို့ဆိုပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး Hanke မှ အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ဟာ ကျွန်တော်တို့အတွက် ပျော်စရာနေ့တစ်နေ့တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံကို သင်ခန်းစာယူပြီး ဆော့ကစားသူတွေကို နည်းပညာနဲ့အတူ ပြင်ပကမ္ဘာနဲ့ပါ ထိတွေ့နိုင်ဖို့အတွက် ဆက်လက်ကြိုးစားပြောင်းလဲသွားပါ့မယ်။
References
The Verge
About Author
Assinged Tags
Android Games iOS Games Game Pokemon Go Pokemon Pokemon Go Fest Niantic
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed