Samsung ဟာ လာမယ့် ဂျုလိုင် ၇ ရက်နေ့မှာ Galaxy Note 7 ကို ပြန်လည်ပြုပြင်မွမ်းမံပေးထားတဲ့ "Galaxy Note Fan Edition" ဆိုတဲ့ Phablet တစ်မျိုးကို တောင်ကိုရီးယားမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် မကြာခင်မှာလည်း Galaxy Note မျိုးဆက်သစ်ဖြစ်တဲ့ Note 8 မော်ဒယ်အသစ်ကို ထပ်မံမိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။
ယခု ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်အတွက် Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Samsung Galaxy Note 8 ထွက်ရှိဖို့ အချိန်ဟာလည်းနီးကပ်နေပြီပဲဖြစ်ပါတယ်။ Galaxy Note 8 ဟာ လက်ရှိ Samsung Galaxy S8 လိုပဲ အကောင်းဆုံး Android Smartphone တစ်လုံးဖြစ်လာမှာဖြစ်တဲ့အတွက် အခုလက်ရှိအချိန်အထိ ကျနော်တို့ သိရှိထားသမျှကိုဖော်ပြပေးလိုက်ပါတယ်။
Samsung Galaxy Note 8 က ဘယ်တော့ထွက်မှာလဲ?
ထူးခြားတာတစ်ခုက ယခင်လို Samsung Unpack Event ကို ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကို လက်ရှိအချိန်အထိမပြောသေးတာပဲဖြစ်ပါတယ်။ အများစုခန့်မှန်းတာကတော့ လာမယ့်စက်တင်ဘာလမှကျင်းပမယ့် IFA 2017 ပွဲမတိုင်မီ သြဂုတ်လလယ်လောက်မှာ စတင်ကြေငြာသွားမယ်လို့ ခန့်မှန်းရပါတယ်။ သတင်းတစ်ခုအရ Samsung Galaxy Note 8 ကို အမေရိကန် New York မြို့မှာ သြဂုတ်လ ၂၆ ရက်နေ့မှာ ကြေငြာသွားမယ်လို့လည်းသိရပါတယ်။ လာမယ့် IFA မှာလည်း ပြသနိုင်ပေမယ့် Apple iPhone 8 ထက် အရင်ကြိုပြီး ကြေငြာမှာဖြစ်တဲ့အတွက် သြဂုတ်လအတွင်းပဲ ဖြစ်နိုင်မှာပါ။
Samsung Galaxy Note 8 က ဘယ်လောက်ထိ စွမ်းဆောင်ရည်ပိုကောင်းလာမလဲ?
Samsung Galaxy Note 8 မှာ သေချာသလောက်ဖြစ်နေတာကတော့ အခု Samsung Galaxy S8 မှာ သုံးထားသလိုပဲ 2,960 x 1,440 Resolution ရှိတဲ့ 18.5:9 Aspect Ratio သုံးထားတဲ့ Dual Curved Super AMOLED Display ကိုပဲသုံးလာမှာဖြစ်ပါတယ်။ Note Series ဖြစ်တဲ့အတွက် Screen size လည်း S8 ထက် ပိုကြီးလောက်မယ်ဆိုတော့ အနိမ့်ဆုံး 6.4" လောက်ကနေစပြီးထုတ်မယ်လို့ ခန့်မှန်းရပါတယ်။
Processor အနေနဲ့ Galaxy S8 လိုပဲ Processor မတူတဲ့ မော်ဒယ်နှစ်မျိုး ထွက်ရှိနိုင်ပြီး၊ Qualcomm Version မှာတော့ လက်ရှိအချိန်ထိ တရားဝင်မထုတ်ပြန်ရသေးတဲ့ Snapdragon 835 CPU ထက် အနည်းငယ်ပိုသာမယ့် Snapdragon 836 CPU နဲ့ ထွက်လာလောက်ပါတယ်။ Exynos Version မှာတော့ Samsung Galaxy S8 ရဲ့ Exynos 8895 CPU ပဲပြန်သုံးလောက်မှာပါ။ Speed ပိုမြန်ကောင်းမြန်လာမှာဖြစ်ပါတယ်။ RAM ကတော့ ဈေးကွက်ပြိုင်ဆိုင်မှုအရ အနိမ့်ဆုံး RAM 6GB သုံးလာလောက်ပြီး ကျွန်တော်တို့ RAM 8GB Version ကိုတောင် တွေ့မြင်ရမယ်လို့ မျှော်လင့်မိပါတယ်။
Camera ပိုင်းမှာတော့ Samsung Galaxy Note 8 ဟာ လက်ရှိ Samsung Galaxy S8 ထက် ပိုကောင်းလာမှာဖြစ်ပြီး Dual Camera စနစ်ကိုပြောင်းလဲအသုံးပြုလာပါလိမ့်မယ်။ မကြာသေးမှီက Samsung ရဲ့ကိုယ်ပိုင် Camera ထုတ်လုပ်တဲ့စနစ်ကနေ သီးခြားခွဲထုတ်ပြီးကြေငြာခဲ့တဲ့ ISOCELL Lineup ထဲမှာ အခု Galaxy Note 8 မှာ သုံးဖို့ အလားအလာများနေတဲ့ Dual 13 Megapixels f2.0 (Monochrome + RGB Sensor) ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ Selfie ကတော 8 Megapixels ပါဝင်မှာဖြစ်ပါတယ်။
မကောင်းတဲ့အချက်တစ်ခုကတော့ Fingerprint ကို Screen အောက်ထဲမှာ မြုပ်ထားနိုင်တဲ့နည်းပညာကို ကျနော်တို့ Samsung Galaxy Note 8 မှာ မြင်တွေ့ရဖို့ မရှိတာပဲဖြစ်ပါတယ်။ မကြာသေးမီက Vivo က အဆိုပါနည်းပညာကို ပြသသွားနိုင်ပေမယ့် Samsung Galaxy Note 8 မှာတော့ ကျောဘက်ကင်မရာနားမှာ Fingerprint Sensor နဲ့ အခြား Retina Scanner, Face Unlock Features တွေကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Samsung Galaxy Note 8 မှာ အနည်းဆုံး Battery 3500mAh ပါဝင်လာမှာဖြစ်ပြီးတော့ ပိုပြီးကောင်းမွန်တဲ့ S Pen ကိုတွေ့မြင်ရမှာပါ။ တရားဝင်မကြေငြာသေးပေမယ့် S Pen အတွက် အကောင်းဆုံး Experience ကိုဖန်တီးပေးဖို့အတွက် 120Hz Display ကိုပါထည့်သွင်းလာနိုင်ပါတယ်။ Bixby Button က အဆင်မပြေသေးပေမယ့် ပါဝင်လာပါလိမ့်မယ်။
Samsung Galaxy Note 8 က ဘယ်လို Design ဖြစ်လာမလဲ?
Samsung Galaxy Note 8 ဟာ အရှေ့ကကြည့်မယ်ဆိုရင် လက်ရှိ Samsung S8 နဲ့ဆင်တူနေပါလိမ့်မယ်။ ဒါပေမယ့် အနောက် Design မှာ Fingerprint Scanner, Dual Camera တွေကြောင့် ဖုန်းနောက်ကျောဘက်ကတော့ ပိုပြီးရှုပ်လာနိုင်ပါတယ်။ S Pen ပါဝင်မှာဖြစ်တဲ့အတွက် 3.5mm Audio Jack ကိုလည်း ဖြုတ်မှာမဟုတ်လောက်ပါဘူး။
Samsung Galaxy Note 8 က ဘယ်ဈေးလဲ?
လက်ရှိကျနော်တို့ဆီမှာ ဈေးနှုန်းကိုအတိအကျမသိနိုင်သေးပေမယ့် အကြောင်းဆုံးတော့ဖြေကြားပေးမှာဖြစ်ပါတယ်။ မနှစ်က Galaxy Note 7 ဟာ $850 လောက်အထိ ဈေးကွက်ထဲမှာ ပေါက်သွားသေးတယ်ဆိုတော့ မနှစ်ကထက်တော့ပိုများမယ် ထင်မိပါတယ်။ မှန်းခြေအနေနဲ့ $1000 ကနေ $1200 လောက်ကုန်မှာပါ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် Samsung Galaxy Note 8 ကို ဝယ်ယူဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ အခုထဲက ပိုက်ဆံစုထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Join Us On