Galaxy Note 7 ကိုပြန်လည်မွမ်းမံထားတဲ့ "Galaxy Note Fan Edition" ကို Samsung မှ ရောင်းချပေးသွားမည်

date_range 03 July 2017

Galaxy Note 7 ကိုပြန်လည်မွမ်းမံထားတဲ့ "Galaxy Note Fan Edition" ကို Samsung မှ ရောင်းချပေးသွားမည်

visibility 7400 Views

                လာမည့် ဂျုလိုင် ၇ ရက်နေ့မှာ Samsung မှ Galaxy Note 7 ကို ပြန်လည်ပြုပြင်မွမ်းမံပေးထားတဲ့ Galaxy Note Fan Edition ဆိုတဲ့ Phablet တစ်မျိုးကို တောင်ကိုရီးယားမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။  ပြန်လည်ရောင်းချမယ့်သတင်း ကိုလည်း မတ်လ ၂၈ ရက်နေ့က ဖော်ပြခဲ့ပြီး လက်ရှိမှာတော့ Galaxy Note 7 လေးဟာ Galaxy Note Fan Edition အဖြစ် စမတ်ဖုန်းစျေးကွက်ထဲမှာတွေ့မြင်ရတော့မှာပါ။

                Samsung ကနေ Galaxy Note Fan Edition ရဲ့ စျေးနှုန်းအနေနဲ့ USD $611 ခန့်မှန်းခြေရှိပြီး ဖုန်းအလုံးပေါင်း ၄ သိန်းခန့်ကို ကုမ္ပဏီအခြေစိုက်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က Galaxy Note 7 ဟာ Battery မှ မီးလောင်ကျွမ်းမှုတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးနောက် Samsung မှ Galaxy Note 7 အလုံးအားလုံးနီးပါး ပြန်လည်ရုပ်သိမ်းပေးခဲ့ရပါတယ်။ 

                ဒီလိုပြဿနာတွေ ထပ်မဖြစ်အောင်နဲ့ Battery အပူလွန်ကဲခြင်းပြဿနာတွေ မရှိရလေအောင် Samsung မှ Battery ကို 8-Point Battery Safety Check Test (Battery Safe ဖြစ်/မဖြစ်ကို စမ်းသပ်ချက်ရှစ်မျိုး) ကို Galaxy Note Fan Edition မှာ အသုံးပြုမယ့် Battery တွေအတွက် သေချာစမ်းသပ်ပေးထားတယ်လို့ ဆိုပါတယ်။ Battery ပမာဏအနေနဲ့ Galaxy Note 7 မှာ 3500mAh ကိုအသုံးပြုခဲ့ပေမဲ့ အခု Galaxy Note Fan Edition မှာတော့ 3200mAh ကိုပဲ အစားထိုးအသုံးပြုထားတယ်လို့ဆိုပါတယ်။


                Galaxy Note Fan Edition မှာ Galaxy Note 7 မှ အသုံးမပြုရသေးတဲ့ အစိတ်အပိုင်းတွေနဲ့ ပါကင်တောင် မဖွင့်ရသေးတဲ့ အလုံးတွေထဲက အစိတ်အပိုင်းအချို့ကိုပြန်လည်အသုံးပြုထားတယ်လို့ဆိုပါတယ်။ Samsung မှ ဒီလိုမျိုး Fan Edition ပြန်လည်ထုတ်လုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ပတ်၀န်းကျင် ထိခိုက်မှာကို စိုးရိမ်တဲ့အတွက်ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။ ပြန်အပ်တဲ့ Galaxy Note 7 အလုံးပေါင်း ၃သန်းခွဲကျော်ကို အမှိုက်တစ်ခုအနေနဲ့ စွန့်ပစ်လိုက်တာထက်စာရင် ဒီလိုမျိုး ဖုန်းတစ်လုံးပြန်လည်မွမ်းမံပြီး ထုတ်လုပ်ပေးတာဟာ ကောင်းတဲ့အပြုအမူတစ်ခုဖြစ်ပေမဲ့လို့ သုံးစွဲသူတွေအနေနဲ့ကကော ကြိုက်ပါ့မလားဆိုတာက စဉ်းစားစရာပါပဲ။

                Samsung Galaxy Note Fan Edition မှာ Galaxy Note 7 တုန်းကလို Samsung Logo အရှေ့မှာ ပါ၀င်လာမှာမဟုတ်ပါဘူး။ ကျောဘက်မှာတော့ Samsung Logo နဲ့အတူ အောက်နားမှာ Galaxy Note Fan Edition ဆိုတဲ့ Logo ကိုတော့ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

                Galaxy Note 7 လိုပဲ IP68 Dust and Water Resistant ပါ၀င်ပြီး S Pen လည်းကျောဘက်မှာပါ၀င်လာမှာဖြစ်ပါတယ်။ Note 7 ရဲ့ အရောင်အတိုင်း Blue Coral, Gold Platinum, Silver Titanium နဲ့ Black Onyx ဆိုပြီး Fan Edition မှာလည်းတွေ့မြင်ရမှာပါ။ ထူးထူးခြားခြား Specifications မွမ်းမံမှုတွေ မပါ၀င်လောက်ဘူးလို့ သိရပေမဲ့ Samsung မှလည်း Note Fan Edition အတွက် Specifications အတိအကျကို ဘာမှပြောကြားထားခြင်းမရှိသေးပါဘူး။

                Galaxy Note Fan Edition မှာ Galaxy S8 နဲ့ S8+ က Touchwiz UI အတိုင်းအသုံးပြုထားမှာဖြစ်ပြီး Bixby Home နဲ့ Bixby Reminders လည်းအသုံးပြုလို့ရမှာဖြစ်တယ်လို့ဆိုပါတယ်။ Bixby Voice ကိုကော အသုံးပြုလို့ရမှာလားဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။ ဒါပေမဲ့လည်း Galaxy S8 နဲ့ S8+ လိုမျိုးတော့ Bixby Physical Button လေးဖုန်းပေါ်မှာ ပါ၀င်လာမှာတော့ မဟုတ်ပါဘူး။

                Samsung Note Fan Edition ကို ကမ္ဘာတစ်၀န်းမှာကော ဖြန့်ချီပေးမှာလားဆိုတာကို မသိရှိရသေးပေမဲ့ ဂျုလိုင် ၇ ရက်နေ့မှာတော့ Galaxy Note 7 ကနေ Galaxy Note Fan Edition ဖြစ်လာမယ့် ဒီ Phablet လေးတွေကို တောင်ကိုရီးယားနိုင်ငံမှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။ 

References
Android Central
About Author
Assinged Tags
Samsung Samsung Galaxy Refurbished Galaxy Note 7 Galaxy Note Fan Edition Fan Edition Galaxy Note
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed