RPG Gamer များအားလုံးကစားသင့်သော Western RPG (NON-JRPG) ဂိမ်း ၁၀ ခု

date_range 20 February 2017

RPG Gamer များအားလုံးကစားသင့်သော Western RPG (NON-JRPG) ဂိမ်း ၁၀ ခု

visibility 240 Views

                ဒီ List ကတော့ Top Ten List တစ်ခုမဟုတ်ပဲ ကျနော်နဲ့ ကျနော့်သူငယ်ချင်း Gamer တွေစီက စစ်တမ်းကောက်ယူပြီး ရေးထားတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကြိုက်နှစ်သက်တဲ့ Game မပါရှိခဲ့ရင်လဲ တခြား Gamer သူငယ်ချင်းများအတွက် Comment မှာ Game နာမည်များ မျှဝေသွားနိုင်ပါတယ်။

1. The Elder Scroll : V (Skyrim)


                Mods တွေမပါပဲ Main Story Line, Factions Quest, Side Quest တွေနဲ့တင် ကစားချိန်နာရီပေါင်း၂၀၀ခန့်ကစားနိုင်တဲ့ Game ပါ။ MMORPG များနှင့်ဆင်တူပြီး Rogue, Mage, Warrior စသဖြင့် Class များသာမကပဲ Hybrid ပုံစံ Magic Warrior, Stealth Mage စသဖြင့် ကိုယ်ကြိုက်သလို ရွေးခြယ်ကစားသွားနိုင်မှာပါ။ Smiting, Alchemy, Archery, Enchanting စသဖြင့် Professional/Production Skill များလဲပါဝင်လို့ နာရီပေါင်းများစွာကို စိတ်ဝင်စားစွာဖြင့် ကစားသွားရမယ့် Game မျိုးဖြစ်ပါတယ်။


                အပေါ်ကပုံကတော့ Skyrim Remaster, Graphic Mod တွေထည့်ထားပုံနဲ့ 2011 ကထွက်ထားတဲ့ Original ပုံပဲဖြစ်ပါတယ်။

                Platform ကတော့ PlayStation 3, Xbox 360 နဲ့ PC ဖြစ်ပြီး Remastered Version များကို New Gen ဖြစ်တဲ့ PS4 နဲ့ Xbox One တို့မှာကစားနိုင်ပြီး Mod များကိုလဲ ထည့်သွင်းဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ PC မှာတော့ 2011 ကထွက်ရှိထားသော Game ဖြစ်လို့ Requirements အများအစားမတောင်းဆိုထားပဲ Middle Class PC လောက်နှင့်လည်း ဆော့ကစားနိုင်တဲ့ Game မျိုးဖြစ်ပါတယ်။ PC မှာ Mods များက ကိုယ့်စက်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်သွားမှာပါ။

 2. Witcher (III) : Wild Hunt


                Polish လူမျိူးစာရေးဆရာတစ်ယောက်ရေးသားထားတဲ့ Fantasy ဝတ္ထု Series အပေါ်အခြေခံထားပြီး Warner Bros, Interactive နဲ့ Bandai Namco တို့ကနေဖြန့်ဝေထားတဲ့ The Witcher (III) : Wild Hunt ဟာဆိုရင်တော့ Game Of The Year ဆုကို ရရှိထားတာဖြစ်တဲ့အတွက် အထူးတလည်ညွန်းနေစရာ မလိုတော့ပါဘူး။ Witcher လို့ခေါ်တဲ့ Monster Hunter တစ်ယောက်ဖြစ်တဲ့ Geralt Of Rivia ရဲ့နေရာကနေ Magic တွေ ဓားတွေ အသုံးပြုကာ ဆော့ကစားရမှာပါ။

                အရမ်းလဲ Hot ဖြစ်ခဲ့ပြီးအခုထိလဲအကောင်းဆုံး RPG တစ်ခုဖြစ်တဲ့ Witcher (III) : Wild Hunt ဟာဆိုရင် May လ ၂၀၁၅ မှာ PlayStation 4, Xbox One နဲ့ PC တို့မှာဆော့ကစားနိုင်မှာပါ။

3. Dragon Age Series


                RPG အကြောင်းပြောမယ်ဆိုရင် EA နဲ့ Bioware ရဲ့ Masterpiece ဖြစ်တဲ့ Dragon Age Series အကြောင်း မေ့ထားလို့မရပါဘူး။ Human, Dwarf, Elf နဲ့ Quanari ဆိုတဲ့ Race လေးမျိုးပါပြီး Warrior, Rogue, Mage ဆိုတဲ့ Class သုံးမျိုးအပြင် Templar, Archer, Healer စသဖြင့် SubClass ၁၀မျိုးကျော်ပါဝင်ပြီး ကိုယ့် Character ရဲ့ နောက်ခံဇာတ်လမ်းကြောင်းကအစ ရွေးချယ်နိုင်ပြီးတော့ Game Sequel အလိုက် ကိုယ်ဖန်တီးထားတဲ့ Character ကိုတခြား Sequel တစ်ခုသို့ ပို့ကာဆော့နိုင်ပါတယ်။ Choice တွေကိုရွေးခြယ်ပြီးဆော့ရတဲ့ Game ဖြစ်လို့ ကိုယ်ပထမ Game မှာ ရွေးခြယ်ခဲ့တာအပေါ်မူတည်ပြီးနောက် Game တစ်ခုမှာ ဇာတ်လမ်းတည်ဆောက်ပုံ အနည်းငယ် ကွဲလဲသွားနိုင်မှာပါ။ Choice တစ်ခု (သို့မဟုတ်) ကိုယ်ရွေးခြယ်တဲ့ Class (သို့မဟုတ်) ကိုယ့်ရဲ့ Race အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲသွားမှာမို့လို့ Game တစ်ခါအောင်သွားလဲ နောက်တစ်ခါ ထပ်ဆော့ကစားနိုင်မှာပါ။

                Game-play ပုံစံက Player ကိုယ်တိုင် ဖန်တီးထားတဲ့  Main Character အပြင် နောက် ကိုယ်ပါထိန်းချုပ်ကစားနိုင်တဲ Game ရဲ့ဇာတ်လမ်းထဲကကိုယ့်ရဲ့ Companion ၃ ယောက်နဲ့အတူ 4 Men Party ပုံစံကစားရမှာဖြစ်ပါတယ်။ Combat Style က Tactical ပုံစံ Game အား Pause လုပ်ကာ Character ၄ ယောက်လုံးမှ တစ်ယောက်ချင်းစီကို  Command ပေးပြီး ရန်သူကိုတိုက်ခိုက်နိုင်သလို အခြား Character များကို Class အလိုက် ရန်သူများနှင့်တွေ့လျှင် အလိုအလျှောက်တိုက်ခိုက်ရန် Tactical Strategy ကိုကြိုပေးထားပြီး Player ရဲ့နှစ်သက်ရာ Character တစ်ယောက်နှင့်သာ တိုက်ခိုက်ကစားနိုင်တဲ့အတွက် RPG ဆိုပေမယ့် Strategy game ပိရိတ်သတ်များအတွက်ပါ ဆော့ကစားနိုင်ပါတယ်။ Real Time Combat ကိုဆော့နေကျဖြစ်တဲ့  RPG Gamer များအတွက်တော့ အစပိုင်းအဆင်မပြေနိုင်ပေမယ့် ထူးခြားတဲ့ Game-play ပုံစံနဲ့ စိတ်ဝင်စားဖို့အကောင်းတဲ့ Story Line အတွက် RPG နှစ်သက်သူများအတွက်ကစားသင့်တဲ့  Game Series တစ်ခုပါ။

                Dragon Age Series ဟာဆိုရင် Dragon Age (I) : Origins, Dragon Age (II) နဲ့ Dragon Age (III) : Inquisition ဆိုပြီးထွက်ရှိထားပါတယ်။ Dragon Age (I) : Origins နဲ့ Dragon Age (II) တို့ဟာ Xbox 360, PlayStation3 နဲ့ PC တို့မှာဆော့လို့ရမှာဖြစ်ပြီး Dragon Age (III) : Inquisition ကတော့ Xbox 360 , Xbox One , PlayStation 3 , PlayeStation 4 တို့မှာကစားနိုင်မှာဖြစ်ပါတယ်

 4. Fallout Series 


                Bethesda ရဲ့ Elder Scroll Series အပြင် နာမည်ကြီးတဲ့ Series တစ်ခုပါ။ Post-Nuclear-Apocalypse Universe မှာ အခြေခံထားတဲ့ Fallout ဟာဆိုရင် RPG Gamer များကော FPS-Shooter Fan များပါ သဘောကျနိုင်မှာပါ။ Skyrim လိုမျိုး Class မျိုးစုံနဲ့ Player စိတ်ကြိုက် Talent များကို ရွေးခြယ်ကစားနိုင်ပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ Fallout 4 မှာဆိုရင် Settlements တွေ၊ စခန်းတွေပါ ဆောက်လို့ရနိုင်တာမို့ Mod တွေမပါပဲ Main Quest, Factions Quest, Side Quest တွေနဲ့ဆိုရင် Game-play Hours အများကြီးကို စိတ်ဝင်စားစွာနဲ့ ကုန်ဆုံးနိုင်တဲ့ Game တစ်ခုဖြစ်ပါတယ်။

                Fallout Series ရဲ့ Sequel တွေထဲမှာဆိုရင်တော့ Fallout : New Vegas ဟာ 2010 ခုနစ်တွင် PlayStation 3, Xbox 360 နဲ့ PC မှာကစားနိုင်ပြီးတော့ Fallout 4 ကတော့ 2015 မှာ Xbox One, Playstation 4 နဲ့ PC တွေမှာကစားနိုင်ပါတယ်။ PC မှာကတော့ Skyrim လိုမျိုး Mods များထည့်သွင့်ကစားနိုင်မှာပါ။

5. Souls Series


                Fromsoftware ရဲ့ Souls Series ကို Demon’s Souls နဲ့အစချီခဲ့ပြီး အခုချိန်မှာ Dark Souls (II) နဲ့ Dark Souls (III) အထိ ဖြန့်ချီခဲ့ပြီးပါပြီ။ Third Person View နဲ့ဆော့ရမှာဖြစ်ပြီး Witcher လို Weapon နဲ့ Magic ကိုအခြေခံထားတဲ့ Combat Style နဲ့ပါ။ ထူးဆန်းတဲ့ NPC တွေ Boss Fight တွေအပြင် Knights တွေ Dragon တွေ Undead တွေပါဝင်တဲ့ ရှေးခတ် fantasy ဆန်ဆန် Setting တွေဟာ RPG Gamer  တွေအတွက် အရမ်းစိတ်ဝင်စရာပါ။ Souls Series ဟာ Challenging ဖြစ်တဲ့ Game ရဲ့ Difficulty ကြောင့် Gamer တွေကြားထဲမှာတော့ တော်တော်ရေပန်းစားပါတယ်။

                Fantasy ဇာတ်လမ်းတွေနဲ့ Challenging ဖြစ်တဲ့ Game တွေကိုမှ ကစားချင်တဲ့ Gamer တွေအတွက် Demon’s Souls နဲ့ Dark Souls (II)  ကတော့ Xbox 360 ,PlayStation 3 နဲ့ PC တို့မှာ ကစားနိုင်မှာဖြစ်ပြီး Dark Souls (III) ကတော့ PC အတွက် ဖြန့်ချီထားတာ ဖြစ်ပါတယ်။

6. Star Wars : Knights Of The Old Republic (I) (II)


                BioWare နဲ့ LucasArt တို့ရဲ့ Stars Wars Universe ကိုအခြေခံထားတဲ့ ဒီ Series ကတော့ Sci-fi RPG Gamer တွေအကြိုက်ဖြစ်မှာပါ။ Classic Stars Wars Game ဖြစ်တဲ့ KOTR (Knights Of The Old Republic) ဟာ Galactic Empire မတည်ဆောက်ခင် နှစ်လေးထောင်အလို အချိန်မှာ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ Jedi တစ်ယောက်အနေနဲ့ ကစားရမှာဖြစ်ပြီး Alignment တွေကတော့ Player လုပ်တဲ့ Quest တွေအပေါ်မူတည်ပြီး The Force ရဲ့ Light Side ရဲ့ Align ဖြစ်မလား Dark Side ဘက်ကိုရောက်မလား ဆုံးဖြတ်ပေးသွားမှာပါ။ KOTOR (II) Knights Of The Old Republic (II) ကတော့ BioWare နဲ့ LucasArt တို့ရဲ့ Game ဖြစ်တဲ့ KOTOR ရဲ့ Sequel ဖြစ်ပြီးတော့ Obsidian Enterteinment နဲ့ LucasArt တို့ရဲ့ Game တစ်ခုပါ။

                ပထမ Game အပြီး နောက် ၅နှစ်အကြာကနေ ဇာတ်လမ်းဆင်ထားတာပါ။ Player ကတော့ Sith တွေရဲ့ Jedi Order တစ်ခုလုံးကို အောင်မြင်ခါနီးအချိန်မှာ Jedi Order မှာ အထုတ်ခံလိုက်ရတဲ့ Jedi Knight တစ်ယောက်နေရာက ဆော့ကစားရမှာပါ၊ Game နှစ်ခုလုံးရဲ့ Combat System ကတော့ BioWare ရဲ့ Series တစ်ခုပဲဖြစ်တဲ့ Dragon Age လို Companion တွေပါဝင်ပြီး Tactical Party Combat System တွေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။

                KOTOR ဟာဆိုရင်တော့ Xbox နဲ့ PC မှာ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ KOTOR (II) ဟာဆိုရင်တော့ Xbox နဲ့ PC မှာ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။

 7. Dragon’s Dogma


                Blood & Gore Contents တွေ ပါဝင်တာကြောင့် M Rated Game တစ်ခုဖြစ်တဲ့ Dragon’s Dogma မှာဆိုရင်တော့ Fighter, Strider, Mage, Warrior စတဲ့ များပြားတဲ့ Class တွေအပြင် Fully Character Customization ဖြစ်တဲ့အတွက် ဇာတ်ကောင်ကို စိတ်ကြိုက်ဖန်တီးပြီး ကစားနိုင်မှာဖြစ်ပါတယ်။ AI Controlled Companion ၃ယောက်နဲ့အတူ ဆော့ကစားရမယ့် Tactical Party Combat System ပါ။ ကျယ်ပြန့်တဲ့ Open World Map ကြီးအပြင် အချိန်နဲ့အညီ စနစ်တကျသွားလာနေပြီး Player နဲ့ Interact လုပ်နိုင်မယ့် NPC ပေါင်း ၂၀၀ ကျော်ပါရှိတဲ့ Capcom ရဲ့ Dragon’s Dogma ဟာ Game တစ်ခုထဲမှာပဲ အချိန်ပေါင်းများစွာ စိတ်ဝင်တစားဆော့ချင်တဲ့ Gamer တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်မှာပါ။

                Dragon’s Dogma ကို ၂၀၁၂ မှာ PlayStation 3 နဲ့ Xbox 360 ဂိမ်းစက်များအတွက် ဖြန့်ချီခဲ့ပြီး၊ Microsoft Windows အတွက်လဲ ဖြန့်ချီထားပါတယ်။

 8. Mass Effect Series


                Sci-fi RPG  Game Series တစ်ခုဖြစ်တဲ့၊ Third Person View အနေနဲ့ ဆော့ကစားရမယ့် Mass Effect Series မှာ အဓိကဇာတ်ကောင် Commander Shepard အပြင် AI Controlled Companion ၂ယောက်နဲ့အတူ ဆော့ကစားရမယ့် Tactical Party Combat System ပါ။ Choices တွေနဲ့ ရွေးခြယ်ကစားရမယ့် RPG တစ်ခုပဲဖြစ်ပြီး Mass Effect 2 မှ စပြီး Cut Scene တွေ လာနေချိန်မှာတောင် Character ရဲ့ Dialogue တွေ စကားပြောတဲ့လေသံတွေကအစ Player ရဲ့ ရွေးခြယ်မှုအပေါ်မူတည်နေမှာပါ။

                ခုနှစ် ၂၁၈၃ ၊ Milky Way မှာအခြေခံပြီးဇာတ်အိမ်ကိုဆင်ထားတဲ့ Mass Effect Series ဟာဆိုရင် 2007 မှာ PC, Xbox 360 နဲ့ PS3 တို့အတွက် ထွက်ရှိခဲ့ပြီး Mass Effect 2 ကတော့ 2010 မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 2012 မှာတော့ Wii U, Xbox360, PlayStation3 နဲ့ PC အတွက် Mass Effect 3 ကိုဖြန့်ချီခဲ့ပြီး၊ 2017 မှာတော့ Mass Effect : Andromenda ကို PlayStation4, Xbox One နဲ့ PC အတွက် March လ မှာ ထုတ်ဝေမယ်လို့ ကြေငြာထားပါတယ်။

 9. Diablo III


               Hack and Slash Combat ကို အခြေခံထားတဲ့ Diablo III ကတော့ မြန်မာနိုင်ငံမှာလူသိများတဲ့ Warcraft, World Of Warcraft စတဲ့ Game တွေ ထုတ်တဲ့ Billizard ကပဲ ဖြစ်ပါတယ်။ Warcraft လို အပေါ်စီးကနေ Character ကိုထိန်းချုပ်ပြီး ဆော့ကစားရမှာပါ။ Billizard ရဲ့ Game တစ်ခုဖြစ်တဲ့အတိုင်း များပြားတဲ့ Class Option တွေထဲက တစ်ခုကိုရွေးခြယ်ပြီး Quest များ၊ အများအပြားနဲ့ နာရီပေါင်း ၁၈ နာရီခန့် ကစားနိုင်မှာပါ။

                Diablo III ဟာ Xbox 360, Playstation3 နဲ့ PC တို့အတွက် ထွက်ရှိထားပြီး ၃ခုလုံးမှာတော့ Online Multiplayer Mode ပါဝင်မှာဖြစ်ပြီး Console ဖြစ်တဲ့ Xbox နဲ့ PS3 မှာတော့ လက်ကိုင်ခလုတ်၂ခုနဲ့ ၂ယောက်ဆော့ကစားနိုင်တဲ့ Multiplayer Function ပါရှိလာမှာပါ။

 10. Ryse : Son Of Rome


                Exclusive Game တစ်ခုဖြစ်လို့ သိပ်နာမည်မကြီးခဲ့တဲ့ Ryse ဟာ ရောမခေတ် Roman Empire ရဲ့ အချိန်ကာလမှာ ဇာတ်လမ်းဆင်ထားပြီး မိမိရဲ့မိသားစုကို သတ်ဖြတ်ခဲ့တဲ့သူအပေါ် လက်စားချေဖို့ကြိုးစားနေတဲ့ Roman စစ်တပ်ရဲ့ Centurion တစ်ယောက်နေရာက ဆော့ကစားရမှာပါ။Third Person View အနေနဲ့ကစားရမှာဖြစ်ပြီး Combat ကတော့ Magic တွေမပါဝင်တဲ့ Free Flow Hack and Slash Combat ဖြစ်လို့ Combat တွေကလဲ Smooth ဖြစ်နေမှာပါ။


                Ryse : Son Of Rome ကိုတော့ ၂၀၁၃ ခုနှစ်မှာ Xbox One Exclusive အနေနဲ့ ထွက်ရှိခဲ့ပြီးတော့ ၂၀၁၄ခုနှစ်မှာ PC အတွက် ထွက်ရှိထားတာဖြစ်ပါတယ်။

References
TechX Gaming
About Author
Assinged Tags
Features Star Wars The Elder Scroll Witcher Dragon Age Fallout Dark Souls Dragon Dogma Mass Effect Diablo III Ryse : Son Of Rome
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed