Taipei မှာ လက်ရှိကျင်းပလျက်ရှိတဲ့ Computex 2017 ပွဲက စိတ်ဝင်စားစရာ နည်းပညာအသစ်များ (Part-2)

date_range 05 June 2017

Taipei မှာ လက်ရှိကျင်းပလျက်ရှိတဲ့ Computex 2017 ပွဲက စိတ်ဝင်စားစရာ နည်းပညာအသစ်များ (Part-2)

visibility 510 Views

            အရင်တစ်ပတ်က ကျွန်တော်တို့ Dell, Acer, Intel, Asus, NVIDIA တို့ရဲ့နည်းပညာအသစ်တွေကို Computex Taipei (2017) ပွဲမှာ မိတ်ဆက်ခဲ့တာကို ဒီဆောင်းပါး ထဲမှာ အပိုင်း-၁ အနေနဲ့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Taipei မြို့မှာ နှစ်စဉ်ကျင်းပလျှက်ရှိတဲ့ ဒီနည်းပညာပြပွဲကြီးမှာ ဘယ်နည်းပညာကုမ္ပဏီက ဘာတွေထပ်မိတ်ဆက်ခဲ့သေးလဲဆိုတာ အခုအပိုင်း-၂ မှာ ဆက်ကြည့်လိုက်ကြရအောင်။

Gigabye ကနေ Gaming အတွက် သီးသန့်ထုတ်လုပ်မယ့် Aorus X9 နဲ့ Brix Gaming PC

                Gigabye ကုမ္ပဏီကနေပြီး Computex မှာပြသခဲ့တဲ့ Product အသစ်နှစ်မျိုးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Aorus X9 ပါပဲ။ ဘာလို့လဲဆိုတော့ Aorus X9 မှာ Gamers တွေအကြိုက်တွေ့မယ့် NVIDIA GeForce GTX 1070 ကို စက်ထဲမှာ တစ်ကတ်တည်းမဟုတ်ပဲ နှစ်ကတ်ပါဝင်မှာမို့လို့ပါ။ ဒါပေမဲ့လည်း 3.5kg (7 ပေါင်နီးပါး) လေးပင်တဲ့ ဒီ Laptop ကြီးကို နေရာတကာသယ်သွားဖို့အတွက် အဆင်မပြေလောက်ပါဘူး (Laptop လို့သာပြောသာ ပေါင်ပေါ်တင်သုံးရင်တောင် ဘယ်လောက်လေးမလဲ စဉ်းစားသာကြည့်)။ 


                Processor အနေနဲ့တော့ Quad-core Intel Core i7-7820HK သုံးထားတဲ့ ဒီ Laptop ဟာ အထူအနေနဲ့  3cm ရှိတာကြောင့် နောက်ဆုံးထွက် Laptop တွေထဲမှာ အထူဆုံးလို့တောင်ပြောလို့ရပါတယ်။ Display အနေနဲ့ 120Hz IPS Panel ပါဝင်တဲ့ 2560 x 1440-pixel resolution (2K Display) နဲ့ Adobe RGB Colour Gamut ကိုအပြည့်အဝ Support ပေးနိုင်တဲ့  UHD (Ultra HD or 4K Display) Panel ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 

                17.3-inch ရှိတဲ့ Aorus X9 ဟာ သာမန် Gaming Laptop တွေထက် အနည်းငယ်သေးတာမို့ ဘေးလွယ်အိတ်တွေ၊ ကျောပိုးအိတ်တွေထဲမှာ ထည့်ရလွယ်ကူမှာပါ  (လေးတာကလွဲလို့ပေ့ါ)။ Keyboard ရဲ့ Travel Distance ဟာ 2.5mm ရှိပြီး အထိအတွေ့နဲ့ ကိုင်တွယ်ရလည်း မြန်ဆန်ပြီး၊ သေသပ်ပါတယ်။  Keyboard backlit အနေနဲ့လည်း RGB LED တွေပါရှိပြီး ကိုယ့်စိတ်ကြိုက် အရောင်လင်းနေအောင်လည်း ပြုပြင်လို့ရပါသေးတယ်။ 

                ထူးခြားချက်ကတော့ အပေါ်မှာပြောထားတဲ့အတိုင်း NVIDIA GeForce GTX 1070 နှစ်ကတ်ပါဝင်တာမို့ GTX 1080 တစ်ကတ်တည်းစိုက်ထားတာထက်လည်း 30% ပိုမိုမြန်ဆန်တာကြောင့် FPS ကျမှာစိုးရိမ်နေတဲ့ Gamer တွေအတွက်ကတော့ ဒီ Laptop ကအသင့်အတော်ဆုံးပါပဲ။ 


                နောက်ထပ် Product အသစ်တစ်ခုကတော့ Mini-PC ပုံစံ Brix Gaming PC လေးပါပဲ။ 220mm ရှည်ပြီး 110mm ပတ်လည်အရွယ်အစားရှိတဲ့ ဒီ PC လေးဟာ သေးငယ်သလောက် အထင်သေးလို့မရတဲ့အထဲမှာ ပါပါတယ်။ အထဲမှာတော့ CPU အနေနဲ့ Quad-Core Intel Core i5 နဲ့ i7 တစ်ခုခု ပါဝင်လာမှာဖြစ်ပြီး GPU အနေနဲ့ကတော့ UHD Model အတွက် NVIDIA GeForce GTX 1050 Ti, VR Model အတွက် NVIDIA GeForce GTX 1060 ပါဝင်လာမှာပါ။ VR Model ဆိုတာကတော့ ဒီ PC အနေနဲ့ VR Headset တွေအသုံးပြုဖို့ပါ Ready လုပ်ပေးထားကိုပြောတာပါ။ 

                သေးငယ်ပေမဲ့ USB 3.1 Type-C Port နဲ့အတူ USB 3.0 Support ပေးတဲ့ USB Type-A Port သုံးပေါက် လည်းပါဝင်ပါတယ်။ Dual-band Wifi antennas ပါဝင်တဲ့အပြင် Display Output အနေနဲ့ mini DisplayPort သုံးပေါက်နဲ့အတူ full-size HDMI 2.0 Port တစ်ပေါက်လည်း ပါဝင်ပါသေးတယ်။ SO-DIMM Slot နှစ်ခုဟာလည်း 2133Mhz DDR4 Memory အထိ ထောက်ပံ့ပေးနိုင်မှာပါ။ 

                အားနည်းချက်လေးတစ်ခုကတော့ ဒီ Brix Gaming PC လေးတွေထဲက RAM ကလွဲလို့ CPU နဲ့ GPU ကို အသစ်ထပ်စိုက်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သာမန် PC တွေမှာသုံးတဲ့ Standard PCIe Connector တွေအစား MXM Connector (Mobile PCI Express Module) ကိုအသုံးပြုထားလို့ပါ။

                အခုပြောပြခဲ့တဲ့ Aorus X9 နဲ့ Brix Gaming PC တွေရဲ့ စျေးနှုန်းကို မသိရှိရသေးပါဘူး။ Aorus X9 ကတော့ 2017 နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး Brix Gaming PC လေးတွေကိုတော့ နောက်နှစ်ဆန်းလောက်မှာပဲ မြင်တွေ့ရဖို့ရှိပါတယ်။ 

Gaming Laptop ပိုင်းမှာလက်ဝါးကြီးအုပ်ဖို့ကြိုးစားမယ့် MSI

                Gaming Laptop တွေထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီး ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ MSI ကနေလည်း GT75 VR Titan ကိုထုတ်ပြခဲ့ပါတယ်။ CPU အနေနဲ့ Quad-core Intel Core i7-7820HK ပါဝင်လာမှာဖြစ်ပြီး GPU တွေအနေနဲ့ကတော့ NVIDIA GeForce GTX 1080 နဲ့ GTX 1070 (2 ကတ်စိုက်) ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ Aorus X9 နဲ့ဘယ်နေရာမှာကွာခြားသွားလဲဆိုတော့ CPU နဲ့ GPU တွေကို Overclock လုပ်လို့ရတာမှာ ကွာခြားသွားပါတယ်။


                GPU ကိုတော့ Overclocking အနေနဲ့ 200MHz ထိ အဆင်ပြေပြေလုပ်နိုင်ပြီး Ghost Recon Wildlands ကို Maximum Settings နဲ့ အထစ်အငေ့ါမရှိ ဆော့နိုင်တယ်လို့ဆိုပါတယ်။ CPU ကိုလည်း Core i7-7820HK ကို 3.9GHz Default Clock Speed ကနေ 4.2GHz ထိ Overclock လုပ်နိုင်ပါသေးတယ်။ Fans တွေကနေလည်း အပူကို ကောင်းကောင်းမွန်မွန်စုတ်ထုတ်ပေးနိုင်မှာကြောင့် Overheat ပြဿနာအတွက်လည်း ပူစရာမရှိပါဘူး။


                Demo ပြထားတဲ့ GT75 VR Titan ပေါ်မှာအသုံးပြုထားတာက 120Hz Refresh Rate ရှိတဲ့ Full HD Panel ကိုအသုံးပြုထားတာမို့ Gamers တွေအကြိုက်တွေ့စေမယ့် Laptop ကောင်းတစ်လုံးပါပဲ။ အလေးချိန်အနေနဲ့ 4kg ရှိပြီး ကျောပိုးအိတ်နဲ့ ဘေးလွယ်အိတ်တွေထဲမှာ ဆန့်မယ့်အမျိုးအစားမျိုးတော့မဟုတ်ပါဘူး။ Mechanic Keyboard အသုံးပြုထားတာကတော့ အတော်မိုက်ပါတယ်။ Keyboard မှာလည်း RGB Backlit LED ပါဝင်ပြီး Aorus X9 အတိုင်းပဲ လိုသလို Customize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Qualcomm Chipset တွေ Windows Devices တွေအပေါ်မှာမြင်ရဖို့ သိပ်မကြာတော့

                

                ဒီအကြောင်းကိုတော့ ကျွန်တော်တို့ ဆောင်းပါးတစ်ခုမှာ လည်းဖော်ပြပြီးပြီပဲ ဖြစ်ပါတယ်။ x86 Chipset မဟုတ်တဲ့ Snapdragon ရဲ့ Qualcomm Chipset တွေကို Windows 10 Laptop တွေမှာ မြင်တွေ့ရတော့မှာပါ။ များသောအားဖြင့် Intel နဲ့ AMD ပဲအသုံးပြုနေတဲ့ Windows ဟာ Snapdragon ကို စတင်အသုံးပြုတော့မယ်ဆိုတာ စိတ်လှုပ်ရှားသတင်းတစ်ခုပါပဲ။ 

Zotak မှ သေးငယ်ပြီး Performance မြင့်မားတဲ့ PC လေးတွေမိတ်ဆက်

                Zotak ကနေပြီးတော့လည်း PC အချို့ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ ထူးခြားတာကတော့ သေးငယ်ပါတယ်ဆိုတဲ့ Gigabyte က မိတ်ဆက်ထားတဲ့ Brix Gaming PC လေးတွေထက်ကိုပိုပြီး သေးငယ်နေတာပဲဖြစ်ပါတယ်။ Zotak MEK အနေနဲ့ Core i7-7700 နဲ့ GTX 1080 Mini Graphic Card အသုံးပြုထားတဲ့ တာဝါတိုင်ပုံစံ PC လေးကတော့ Design ပိုင်းကအစ ပုံမှာပြထားတဲ့အတိုင်း အလန်းစားလေးပဲဖြစ်ပါတယ်။ NVMe-based SSD ပါဝင်ပြီး DDR4 RAM Slots နှစ်ခု၊ ဒါ့အပြင် 450W SFX-form-factor Power Supply Unit (PSU) အသေးစားလေးတစ်ခု လည်းပါဝင်ပါတယ်။

                အရောင်အနေနဲ့ အမည်းနဲ့ အဖြူနှစ်မျိုးရှိပြီး အပေါ်ကပုံမှာမြင်တွေ့နေရတဲ့ အဝါရောင် strips နဲ့ အပြာရောင် strips နေရာမှာ LED ကိုအသုံးပြုထားတဲ့အပြင်၊ ကြိုက်သလိုလည်း Customize ပြုလုပ်လို့ရပါသေးတယ်။ ဒီကောင်လေးကိုတော့ Christmas မတိုင်ခင်မှာ မြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။


                Zotac Zbox MA551 ဟာဆိုရင်တော့ AMD ရဲ့ Ryzen Chipset အသုံးပြုထားတဲ့ PC အသေးစားလေးဖြစ်ပါတယ်။ ဒီကောင်လေးကတော့ Gaming ပိုင်းထက် Multimedia အသုံးပြုဖို့နဲ့ သယ်သွားရလွယ်ကူတဲ့ PC အသေးစားပုံစံ ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Mid-Range Ryzen CPU ကိုအသုံးပြုထားပြီး၊ DDR4 RAM Slot နှစ်ခုပါဝင်မှာပါ။ USB 3.0 ပေါက်ကိုတော့ 6 ပေါက်ထိ ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့လည်း USB-C ပေါက်မပါတာတော့ ဒီကောင်လေးရဲ့ အားနည်းချက်လိုဖြစ်သွားပါတယ်။ တကယ်လို့ AMD မကြိုက်ဘူးဆိုရင်လည်း MI553 ဆိုတဲ့ Intel Chipset သုံးထားတဲ့ Box လေးတွေလည်းဝင်ရောက်လာဖို့ရှိပါတယ်။


                Zotac Zbox PI225 ကတော့ Powerbank ပုံစံ PC လေးဖြစ်ပါတယ်။ ဒီပုံစံငယ်လေးမှာ Intel ရဲ့ နောက်ဆုံးထွက် N3350 “Apollo Lake” Atom Processor ပါဝင်မှာပါ။ microUSB ပေါက်ပဲပါဝင်ပေမဲ့ USB-C နှစ်ပေါက်ပါဝင်တဲ့ ဒီ Zbox လေးဟာ 4K Display တစ်လုံးကိုတော့ ကောင်းကောင်းမွန်မွန်ချိတ်ဆက်နိုင်ပါတယ်။ Size အနေနဲ့ကတော့ 10 x 6 x 8cm ပဲရှိပါတယ်။


                Zotac Zbox Magnus EN1050 ဟာဆိုရင်တော့ Gaming အတွက် ကောင်းမွန်တဲ့ mini PC တစ်လုံးပဲဖြစ်ပါတယ်။ ယခင်နှစ်က Computex ပွဲမှာ EN1060 ကို GTX1060 နဲ့ မိတ်ဆက်ပေးခဲ့ပေမဲ့ အခုအခါမှာတော့ GTX 1050 ပဲပါဝင်ပြီး အနည်းငယ်စျေးသက်သာတဲ့ EN1050 ကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ စျေးသက်သာတယ်ဆိုပေမဲ့ USD $640 လောက်ရှိတဲ့ ဒီ Zbox Magnus EN1050 ဟာ အရမ်းကြီးသက်သာတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သေးငယ်ပြီး Gaming ပိုင်း ကောင်းမွန်တဲ့ ဒီ PC လေးက Gaming Laptops တွေထက်စာရင်တော့ သယ်ရပြုရအဆင်ပြေမှာပါ။

                နိဂုံးချုပ်အနေနဲ့ကတော့ နည်းပညာပိုင်းဆိုင်ရာမြင့်မားလာတဲ့အပြင် IT ကုမ္ပဏီတွေအားလုံးဟာ သေးငယ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Portable Device တွေထုတ်လုပ်လာဖို့ အားပိုသန်နေတာကိုတွေ့ရပါတယ်။ နောက်ပိုင်းမှာကော PC တွေအစား Laptops တွေအစားထိုးလာမှာလား? ဒါမှမဟုတ် သေးငယ်သလောက် Performance ကောင်းမွန်တဲ့ PC တွေအမြောက်အများထွက်လာမှာလား? ဖတ်ရှုသူတွေရဲ့ အမြင်ကိုလည်း TechX Myanmar Facebook Page အောက်မှာ Comment ဝင်ပေးကြည့်ပါဦး။

References
TrustedReviews
About Author
Assinged Tags
Computex MSI Qualcomm Windows Windows 10 Computex Taipei Computex 2017 Gigabyte Aorus X9 Brix Gaming MSI Gaming Laptops GT75VR Titan Qualcomm Chipset Zotac Zotac MEK Zotac Zbox MA551 PI225 EN1050
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed