Computex 2017 (Taipei) ပွဲကို မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၃ ရက်နေ့အထိ Taipei မြို့ မှာကျင်းပလျက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း Taipei မြို့မှာပဲအမြဲကျင်းပခဲ့တဲ့ အကြီးမားဆုံး ကွန်ပျုတာ နဲ့ နည်းပညာပြပွဲကြီး တစ်ခုလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အခုအခါမှာတော့ ကျွန်တော်တို့ မေလ ၃၀ ရက်နေ့မှာ IT ကုမ္ပဏီကြီးတွေကနေ Launch လုပ်သွားခဲ့တဲ့ စိတ်၀င်စားစရာ IT ပစ္စည်းအသစ်/နည်းပညာအသစ်တွေကို ကြည့်လိုက်ကြရအောင်။
Dell ကနေ Desktop PC အသစ်တွေမိတ်ဆက်
ဒီပွဲမှာတော့ Dell ကုမ္ပဏီအနေနဲ့ Inspiron All-In-Ones Desktop တွေနဲ့အတူ Inspiron Gaming Desktop အသစ်တွေကိုမိတ်ဆက်ခဲ့ပါတယ်။ Inspiron All-In-Ones Desktop တွေရဲ့အကျယ်အ၀န်းမှာ ၂၄ လက်မရှိပြီး၊ နောက်ဆုံးပေါ် AMD Processor တွေဖြစ်တဲ့ AMD Ryzen processors တွေနဲ့အတူ Polaris Graphics Chips တွေပါ Built-In အသုံးပြုပေးထားမှာပဲဖြစ်ပါတယ်။
Inspiron Gaming Desktops တွေအနေနဲ့ကတော့ AMD Ryzen Chips တွေကိုပဲအသုံးပြုပေးထားမှာ ဖြစ်ပြီး GPU အတွက်ကိုတော့ NVIDIA ဒါမှမဟုတ် AMD ရွေးချယ်၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ AMD CPU ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့ NVIDIA လောက် Performance မြင့်မားမယ်တော့မထင်ပေမဲ့ ဂိမ်းအတော်များများကိုတော့ NVIDIA GPU ပါ၀င်လာတဲ့ Model သာရွေးချယ်၀ယ်ယူပါက အခက်အခဲမရှိဆော့လို့ရနိုင်မှာပါ။
Acer ကနေ သိသိသာသာကွေးညွတ်နေတဲ့ မျက်နှာပြင်ကျယ်၀န်းတဲ့ Monitor အသစ်တစ်လုံးကိုမိတ်ဆက်
Acer ကနေပြီးတော့လည်း ကွေးညွတ်နေတဲ့ Monitor အသစ်တစ်ခုမိတ်ဆက်လာပါတယ်။ Gamers တွေအတွက်အကြိုက်တွေ့စေမဲ့ မျက်နှာပြင် ၃၅ လက်မအကျယ်အ၀န်းရှိပြီး NVIDIA G-Sync ၊ 9W Speakers တစ်စုံ Built-In ပါ၀င်ပါတယ်။ 3440 x 1440 pixel resolution ရှိပြီး Refresh Rate ဟာ 100Hz အထိရရှိမှာမို့ PC Gamers တွေအတွက် အဆင်ပြေချောမွေ့စေမယ့် Monitor တစ်လုံးဆိုရင်လည်း မှားမယ်မထင်ပါဘူး။
Intel ကနေ အရည်အသွေးမြင့်မားတဲ့ Core i9 Processor ကို စတင်မိတ်ဆက်
ဒီအကြောင်းကို ကျွန်တော်တို့အနေနဲ့ ဆောင်းပါးတစ်ခုမှာဖော်ပြပြီးဖြစ်ပါတယ်။ Core X Series မှာ စ တင်ပါ၀င်လာမှာဖြစ်တဲ့ Core i9 ဟာဆိုရင် 7th Generation အနေနဲ့ Core 10 လုံးအထိ Support ပေးနိုင်တဲ့ Processor တစ်မျိုးလည်းဖြစ်ပါတယ်။ Core i9 Extreme Model မှာဆိုရင်တော့ Core ပေါင်း 18 လုံးအထိ Support ပေးနိုင်မယ့် Performance အကောင်းဆုံး Processor တစ်ခုအနေနဲ့ထွက်ရှိဦးမှာဖြစ်ပါတယ်။
Asus ရဲ့ Republic of Gamers (ROG) Series မျိုးနွယ်၀င် Zephyrus Gaming Laptop အသစ်
Asus ကုမ္ပဏီမှလည်း အရည်အသွေးမြင့် ROG Series ဖြစ်တဲ့ Zephyrus Gaming Laptop အကြောင်းကို မိတ်ဆက်ခဲ့ပါသေးတယ်။ Quad-Core Intel Core i7-7700HQ CPU ကိုအသုံးပြုထားပြီး Graphics အနေနဲ့ VRAM 8GB ပါ၀င်တဲ့ GTX 1080၊ RAM အနေနဲ့ 2400Mhz DDR4 24GB ကိုအသုံးပြုထားတဲ့အတွက်ကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေကို အထစ်အငေ့ါမရှိ ဆော့ကစားနိုင်မယ့် Performance မြန်ဆန်လွန်းတဲ့ Gaming Laptop အသစ်ဖြစ်ပါတယ်။ Zephyrus လေးဟာ 17.9mm ထူပြီး လေ၀င်လေထွက်ကောင်းမွန်အောင် စနစ်တကျပြုလုပ်ထားပါတယ်။
Asus မှလည်း ပထမဦးဆုံး AMD Processor အသုံးပြုထားတဲ့ ROG STRIX GL702ZC Laptop ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ CPU Core 8 လုံးပါ၀င်တဲ့ Ryzen 7 1700 Chip ကိုအသုံးပြုထားပြီး AMD ရဲ့နောက်ဆုံးထွက် Radeon RX 580 GPU ကိုလည်းအသုံးပြုထားပါတယ်။ ဒါပေမဲ့လည်း ဒီ GPU Chipset ဟာ Mid-range အဆင့်ပဲဖြစ်တာကြောင့် Heavy Performance လိုအပ်တဲ့ ဂိမ်းတွေကို အဆင်ပြေပြေဆော့လို့ရမယ်မထင်ပါဘူး။
NVIDIA ကုမ္ပဏီမှ Max-Q Gaming Laptop ပုံစံအသစ်ကိုမိတ်ဆက်
NVIDIA ကနေပြီးတော့ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Max-Q Gaming Laptop ပုံစံအသစ်ဟာ Ultrabook နီးပါး ပါးလွှာတဲ့အပြင် Gaming Performance ပါပေးနိုင်မယ့် Laptop တစ်လုံးဖြစ်လာမှာပါ။
Max-Q Gaming Laptop အသစ်မှာဆိုရင်တော့ Performance ၊ Battery Life နဲ့အတူ ပါးလွှာဖို့ကို ဦးစားပေးထုတ်လုပ်လာဖွယ်ရှိပါတယ်။ အလေးချိန်အနေနဲ့ 2.1kg သာရှိမယ် 18mm လောက်ပဲထူတဲ့ Gaming Laptop အသစ် ကိုထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ဒါပေမဲ့ Computex press conference မှာပဲ NVIDIA ကနေ ဒီ Laptop အသစ်ကို ထုတ်လုပ်ဖို့သိပ်မကြာတော့ဘူးလို့လည်းပြောကြားခဲ့ပါသေးတယ်။
GTX 1080 GPU ကိုအသုံးပြုမယ့် ဒီ Laptop အသစ်ဟာ Fan noise ကိုပါ 40dBA အောက်လျှော့ချထုတ်လုပ်မှာဖြစ်ပြီး Cooling ပိုင်းမှာလည်း အရင်ကထက်ပိုမိုကောင်းမွန်လာအောင် နည်းပညာအသစ်တွေနဲ့ မွမ်းမံထားတာြဖစ်လို့ တကယ်လို့ထွက်ရှိလာခဲ့ရင်တော့ ကမ္ဘာ့ပထမဦးဆုံး ပါးလွှာပြီး Gaming အတွက်ပါ Performance ပေးနိုင်တဲ့ Laptop အသစ်တစ်လုံးဖြစ်လာမှာ အသေအချာပါပဲ။
NVIDIA မှနေပြီးတော့ အခုထွက်ရှိလာမယ့် Max-Q Laptops ကို June 17 လောက်မှာ စတင် ပြသနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Asus ကနေပြီးတော့ Laptops အသစ်လေးမျိုးကို မိတ်ဆက်
Asus ကုမ္ပဏီမှလည်း ROG Series တွေအပြင် အခြား Laptops အသစ်လေးမျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးခဲ့တဲ့ Laptop လေးမျိုးထဲကမှ Intel Core i7-7700HQ ကိုအသုံးပြုထားတဲ့ Zenbook Pro ကတော့ Asus ကုမ္ပဏီရဲ့ Elite Laptop တစ်လုံးအနေနဲ့ NVIDIA GeForce GTX 1050 Ti on-board ပါ၀င်ပြီး 1TB PCIe SSD နဲ့အတူ 16GB DDR4 RAM တွေပါ ပါ၀င်လာမှာပါ။ Dell ကနေထုတ်လုပ်ထားတဲ့ XPS 15 ကိုအဓိကထားပြိုင်ဆိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့အသေးငယ်ဆုံး Laptop အနေနဲ့ထွက်ရှိလာမယ့် Zenbook Flip S မှာလည်း 4K Display နဲ့အတူ 10.9mm အထူပဲရှိပြီး အလေးချိန်အနေနဲ့ကတော့ 1.1kg ပဲရှိပါတယ်။ 7th Generation Intel Core i7-7500U Processor ကိုအသုံးပြုထားတဲ့အပြင် Storage ပိုင်းအတွက် Data Transfer အမြန်ဆန်ဆုံးဖြစ်တဲ့ 1TB PCIe SSD ကိုအသုံးပြုထားတဲ့အတွက် သေးငယ်ပေမဲ့ အထင်သေးလို့မရတဲ့ Ultrabook အမျိုးအစားဖြစ်ပါတယ်။ HP ကထုတ်ထားတဲ့ Spectre x360 နဲ့ Dell ကနေထုတ်လုပ်ထားတဲ့ XPS 13 2-in-1 တို့ကိုယှဉ်ပြိုင်ဖို့ အမီလိုက်လာတဲ့ Ultrabook တစ်လုံးလည်းဖြစ်ပါတယ်။
Asus အနေနဲ့လည်း Computex ပွဲမှာ VivoBook Pro နဲ့ VivoBook S ကိုလည်းမိတ်ဆက်ခဲ့ပါသေးတယ်။ Intel Core i7 (7th Generation U Series) CPU ကို Vivobook S ပေါ်မှာအသုံးပြုထားပြီး Intel Core i7 (6th Generation) CPU ကိုတော့ Vivobook Pro ပေါ်မှာအသုံးပြုထားပါတယ်။ Vivobook Pro အတွက်တော့ CPU အနည်းငယ် အားနည်းတယ်ထင်ရပေမဲ့ NVIDIA GeForce GTX 940 GPU ပါ၀င်မှာဖြစ်တဲ့အတွက် Gaming အတွက်ကတော့ အားနည်းမယ့် Laptop တစ်လုံးဖြစ်လာမှာမဟုတ်ပါဘူး။ Asus အနေနဲ့လည်း CES 2017 မှာမိတ်ဆက်ပြသခဲ့ပြီးဖြစ်တဲ့ ZenBook 3 Deluxe ကိုလည်း Computex မှာထပ်မံမိတ်ဆက်ခဲ့ပါတယ်။
Computex (Taipei) ပွဲမှာ နောက်ထပ် ဘယ်ကုမ္ပဏီကနေ ဘာတွေထပ်မိတ်ဆက်ပေးဦးမှာလဲ? နောက်ထပ်ကော နည်းပညာအသစ်ဘာတွေပါ၀င်လာဦးမလဲဆိုတာကိုတော့ ဇွန်လ ၃ ရက်နေ့အထိ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Join Us On