မော်ဒယ်နိမ့်ဖုန်းတွေအတွက် ဦးတည်ထုတ်လုပ်မယ့် Android Go OS

date_range 18 May 2017

မော်ဒယ်နိမ့်ဖုန်းတွေအတွက် ဦးတည်ထုတ်လုပ်မယ့် Android Go OS

visibility 1330 Views

                ကျွန်တော်တို့ဟာ နောက်ဆုံးထွက် Android updates တွေကို Manufacturers တွေကြောင့် နှောင့်နှေးပြီး မရရှိသလို၊ တစ်ခါတလေမှာ ကိုယ်ကိုင်ထားတဲ့ဖုန်းဟာ နောက်ဆုံးထွက်မော်ဒယ်တွေနဲ့ယှဉ်ရင် မော်ဒယ်နိမ့်သွားတာကြောင့်လည်း နောက်ဆုံးထွက် Android updates တွေကို မရရှိတတ်ပါဘူး။ ဒါပေမယ့် အခုအခါမှာတော့ ကိုယ့်ဖုန်းဟာ မော်ဒယ်နိမ့်သွားရင်တောင် နောက်ဆုံးထွက် Secuirty updates တွေနဲ့ Android OS ကိုအသုံးပြုလို့ရအောင် Google ကနေ Android O ကိုအခြေခံထားတဲ့ Android Go ကို ထုတ်လုပ်ပေးမှာပဲဖြစ်ပါတယ်။ 


                Google ဟာ အနည်းဆုံး RAM 1GB လောက်ပဲရှိတဲ့ ဖုန်းတွေပေါ်ကို Latest OS Android O ကိုအဆင်ပြေပြေ အသုံးပြုလို့ရအောင် ကြိုးစားနေပြီး Android Go ပေါ်မှာ Pre-installed ပါ၀င်လာမယ့် Apps တွေဟာ တစ်ခုကိုမှ 10MB အများဆုံးပဲမို့လို့ အတော်လေး ပေါ့ပါးနေမှာပါ။ Chrome for Android Go မှာလည်း Data Saver Feature ပါ၀င်လာမည်ဖြစ်ပြီး Drop-down Notification မှာလည်း Data စုစုပေါင်းဘယ်လောက် Saved ဖြစ်သွားပြီလဲဆိုတာကို ပြသပေးနေဦးမှာပါ။ 


                YouTube Go ဟာလည်း ပေါ့ပါးတဲ့ YouTube App တစ်ခုအနေနဲ့ပါ၀င်လာဦးမှာဖြစ်ပြီး Video တစ်ခုကို မကြည့်ခင်မှာ Quality အရင်ရွေးချယ်ကြည့်ရှုရမှာဖြစ်တာမို့ Mobile Data အတွက် Data Saving ပိုမိုဖြစ်လာမှာပါ။ တကယ်လို့သာ Wi-Fi အသုံးပြုနေမယ်ဆိုရင် YouTube က Video တွေကို Download ဆွဲလို့ရမှာဖြစ်ပြီး YouTube Go အသုံးပြုသူအချင်းချင်းလည်း Peer-to-peer အနေနဲ့ Offline Sharing ပြုလုပ်လို့ရလာမှာ ဖြစ်ပါတယ်။

                Video Downloading ကို အရင်က YouTube Red Subscriber တွေအတွက်သာ ရရှိခဲ့တဲ့ Feature တစ်ခုဖြစ်ပြီး U.S Only သာရရှိခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ YouTube Go နဲ့အတူ ဒီ Feature ကိုပါ လူတိုင်းအသုံးပြုလို့ရလာမှာပါ။


                Android Go ဟာ လူတိုင်းအသုံးပြုနိုင်ဖို့ရယ်၊ Limited ဖြစ်နေတဲ့ Connectivity တွေ (ဥပမာ- Mobile Data) စတဲ့ အချိန်တွေမှာ အကျိုးရှိရှိနဲ့ ပိုများများအသုံးပြုနိုင်ဖို့၊ Language support မှာလည်း သေးငယ်သလောက် ပိုများများ Support ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဦးတည်ထုတ်လုပ်မယ့် OS တစ်ခုလည်းဖြစ်ပါတယ်။

                Developers တွေအတွက်လည်း Building For Billions ဆိုတဲ့ နာမည်နဲ့အတူ Android Go အတွက် Apps တွေကို Optimize ပြုလုပ်နိုင်ဖို့ Tools တွေနဲ့ Guide တွေကိုပြသထားပေးမှာပဲဖြစ်ပါတယ်။ Google Play Store မှာလည်း Android Go စ ထွက်လာပြီဆိုတာနဲ့ သူ့အတွက် Apps တွေကိုသက်သက် Category ခွဲပေးထားမှာပဲဖြစ်ပါတယ်။ Google ရဲ့ Partners တွေဖြစ်တဲ့ Facebook၊ Microsoft နဲ့ Skype ဟာလည်း Android Go အတွက် Optimize ပြုလုပ်ထားတဲ့ Apps တွေရှိနှင့်နေပြီဖြစ်ပါတယ်။ 

                Google ဟာ လောလောဆယ်မှာတော့ Android Go ပါ၀င်လာမယ့်ဖုန်းအတွက် Hardware partner ဟာဘယ်သူဖြစ်မယ်ဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ အနာဂတ် Android ဖုန်းတွေအတွက်ကတော့ Android Go ဟာ အတော်လေးပေ့ါပါးပြီး CPU နဲ့ RAM နည်းတဲ့ဖုန်းတွေမှာပါ အကောင်းဆုံးအလုပ်လုပ်နိုင်မယ့် OS တစ်ခုအနေနဲ့ ၀င်ရောက်လာမှာတော့အသေအချာပါပဲ။ 

References
Tech Crunch
About Author
Assinged Tags
Google Android O Data Saving Operating System Related News & Articles Android Go Low End Smartphone Optimize Lightweight Android Operating System YouTube Go Chrome For Android Go Multilingual Affordability
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed