2K AMOLED Display ပါ၀င်လာဖွယ်ရှိတဲ့ Mi Note 3

date_range 08 August 2017

2K AMOLED Display ပါ၀င်လာဖွယ်ရှိတဲ့ Mi Note 3

visibility 7820 Views

                ယခုနှစ် ဧပြီလမှာ Xiaomi ကနေ Mi 6 ကိုမိတ်ဆက်ခဲ့ ပြီးနောက် Mi Note Series အတွက် အသစ်ထွက်ရှိလာမယ့် Mi Note 3 ကိုလည်း ယခုလအတွင်း မိတ်ဆက်တော့မယ်လို့ ကောလာဟလတွေအရ သိရှိထားပါတယ်။ ကောလာဟလတွေအရ Mi Note 3 အနေနဲ့ 2K Resolution ကို ထောက်ပံ့ပေးနိုင်တဲ့ OLED Display လည်းပါ၀င်လာမယ်လို့ဆိုပါတယ်။

                Mi Note 2 ကို Xiaomi ကနေ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ မိတ်ဆက်ပေးခဲ့ပေမဲ့ အခုအသစ်ထွက်ရှိလာမယ့် Mi Note 3 ဟာ အနည်းငယ်စောပြီး ယခုလအတွင်းမှာပဲ မိတ်ဆက်ပေးသွားမယ်လို့ ယူဆရပါတယ်။ သြဂုတ်လမှာ မိတ်မဆက်ပေးနိုင်သည့်တိုင်အောင် စက်တင်ဘာလအစပိုင်းလောက်မှာတော့ မိတ်ဆက်ပေးသွားမှာပါ။ 

                သိရှိထားရတဲ့ ကောလာဟလတွေအရ Mi Note 3 မှာ 5.7 လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး၊ 2K (1440 x 2550 Pixels) Resolution ထောက်ပံ့ပေးနိုင်တဲ့ AMOLED Display ပါ၀င်လာမယ်လို့သိရှိထားပါတယ်။ ဒီ AMOLED Display Panel တွေကို Samsung ကိုယ်တိုင် တာ၀န်ယူထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ကောလာဟလအတိုင်းသာဆိုရင်တော့ Mi Note 3 ဟာ 2K Resolution Display ပါ၀င်တဲ့ ပထမဦးဆုံး Xiaomi စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။

                Mi Note 3 မှာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 835 SoC ကိုထည့်သွင်းအသုံးပြုထားမှာဖြစ်ပြီး၊ RAM 6GB နဲ့အတူ Internal Storage 128GB ပါ၀င်လာမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် နောက်ကျောဘက်မှာ Dual-Camera အဖြစ် 12 Megapixels Camera နှစ်လုံးကိုတပ်ဆင်ထားပြီး၊ အရှေ့ဘက်မှာတော့ 8 Megapixels Camera တစ်လုံး တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။  

                Mi Note 3 ရဲ့ Design ပုံစံအရ ဘေးဘောင်မပါ၀င်တဲ့ Display ပုံစံ (Bezel-Less Display) နဲ့အတူ Home Button ကိုလည်းအရှေ့ဘက်မှာ မြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။ Fingerprint Scanner ကိုလည်း Home Button အောက်မှာပဲထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကောလာဟလအဆင့်ပဲရှိနေသေးတာမို့ Mi Note 3 အတွက်အသေးစိတ်အချက်အလက်ကို Xiaomi ကနေ တရား၀င်မိတ်ဆက်လာတဲ့အခါကျ ထပ်မံဖော်ပြပေးသွားပါမယ်။ 

Correction: Mi Note 3 ဟာ ပထမဆုံး 2K Display Panel နဲ့ထွက်ရှိလာမယ့်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ Mi Note Pro တုန်းက Xiaomi မှ 2K Display Panel နဲ့ထုတ်လုပ်ပေးခဲ့ပါတယ်။ အမှားအယွင်းဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။
References
Gadgets 360
About Author
Assinged Tags
Samsung Snapdragon 835 Android Smartphones Bezel-less smartphone Samsung AMOLED Display 2K Display Mi Note 3 Xiaomi Mi Note 3 Bezel-Less Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed