ဧပြီလအတွင်း Xiaomi Mi 6 ထွက်ရှိမှာဖြစ်ကြောင်း CEO Lei Jun အတည်ပြု

date_range 04 April 2017

ဧပြီလအတွင်း Xiaomi Mi 6 ထွက်ရှိမှာဖြစ်ကြောင်း CEO Lei Jun အတည်ပြု

visibility 1690 Views

                Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ဟာ မနေ့ညက Live Video တစ်ခု ထုတ်လွှင့်ရင်းနဲ့ ကုမ္ပဏီရဲ့ Flagship စမတ်ဖုန်းအသစ် Mi 6 ကို ဧပြီလအတွင်း ထွက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့ပါတယ်။

                Lei Jun အနေနဲ့ Mi 6 ထွက်မယ့်ရက်အတိအကျကိုတော့ ထုတ်ပြောခဲ့ခြင်းမရှိဘဲ၊ အရင်တုန်းက ထွက်ထားတဲ့ ကောလဟာလသတင်းတွေအရဆိုရင်တော့ ဧပြီလလယ်လောက်မှာ ထွက်ရှိဖို့ များပါတယ်။

                အခုဆို Mi 6 စမတ်ဖုန်းရဲ့ ဒီဇိုင်းပုံစံတွေကလည်း အင်တာနက်မှာ ပျံ့နေပြီဖြစ်ပြီး၊ ဓာတ်ပုံတွေအတိုင်းဆိုရင် Dual-Camera Sensor ပါဝင်လာဖွယ်ရှိနေပါတယ်။ 

                Xiaomi Mi 6 လို့ ယူဆရတဲ့ Mi စမတ်ဖုန်းတစ်ခုကို ထုပ်ပိုးနေတဲ့ ဓာတ်ပုံတစ်ခုမှာလည်း အဓိက ကင်မရာက 30MP အထိ ပါရှိတာတွေ့ရပေမယ့်၊ ဒီပုံတိုင်းက အမှန်ဖြစ်မယ်လို့တော့ ဘယ်သူမှ အာမမခံနိုင်သေးပါဘူး။


                Rumors တွေကိုပဲ ပြန်ကောက်ပြောရမယ်ဆိုရင် Mi 6 စမတ်ဖုန်းကို Snapdragon 835 SoC အပါအဝင် မော်ဒယ်သုံးမျိုးခွဲ ထုတ်လုပ်ဖွယ်ရှိပြီး၊ လက်ဗွေရာဆန်ဆာကို Samsung ရဲ့ Galaxy S8 လိုပဲ Display အောက်မှာ ထည့်သွင်းဖွယ်ရှိပါတယ်။


                တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ အားလုံးရဲ့စောင့်ကြည့်ခြင်းအခံရဆုံး ကုမ္ပဏီဖြစ်တဲ့ Xiaomi အနေနဲ့ Mi 6 ကို ဘယ်လို ထူးထူးခြားခြား မိတ်ဆက်လာမလဲဆိုတာကတော့ တကယ်ရင်ခုန်စရာပါ။

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Rumors Xiaomi Mi 6
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed