Vivo Xplay 7 မှာ ကျောကင်မရာသုံးလုံး နဲ့ In-Display Fingerprint Sensor ပါ၀င်လာဖွယ်ရှိ

date_range 02 August 2017

Vivo Xplay 7 မှာ ကျောကင်မရာသုံးလုံး နဲ့ In-Display Fingerprint Sensor ပါ၀င်လာဖွယ်ရှိ

visibility 680 Views

                လက်ရှိမှာ Vivo ကနေ Vivo X20 နဲ့ X20 Plus စမတ်ဖုန်းတို့ကို ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းတွေ ကောလာဟလမျိုးစုံထွက်ရှိနေပါတယ်။ အခုအချိန်မှာတော့ Vivo X20 ဟာ Xplay 7 ဆိုတဲ့စမတ်ဖုန်းဖြစ်လာမယ်ဆိုတာကို သတင်းပေါက်ကြားချက်တွေအရ သိရှိခဲ့ရပါပြီ။ ဒါ့အပြင် ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရလည်း Vivo Xplay 7 ကို အရှေ့ဘက်မှာ Dual Camera နဲ့ အနောက်ဘက်မှာ Triple Camera တပ်ဆင်ပေးထားလောက်မယ်လို့ သိရှိရပါတယ်။ 


                Xplay 7 မှာ Dual နဲ့ Triple Camera Setup နှစ်မျိုးစလုံးအသုံးပြုထားတဲ့အပြင် In-Display Fingerprint Sensor ပါ တပ်ဆင်အသုံးပြုပေးထားဦးမယ်လို့လည်း ကောလာဟလထွက်ရှိထားပါတယ်။ ပေါက်ကြားထားတဲ့သတင်းအရလည်း ပထမဦးဆုံး In-Display Fingerprint Sensor ပါ၀င်တဲ့ဖုန်းအဖြစ် ထုတ်လုပ်နိုင်အောင်ကြိုးပမ်းသွားမယ်လို့သိရှိရပါတယ်။

                Vivo ဟာ MWC Shanghai 2017 ပွဲတုန်းက Qualcomm နဲ့အတူ In-Display Fingerprint Scanner ကို Qualcomm နဲ့ပူးပေါင်းပြီး Vivo Xplay 6 စမတ်ဖုန်းမှာ ထည့်သွင်းပြသ ခဲ့ပါတယ်။ ဒါကြောင့်မို့ Vivo Xplay 7 မှာ ဒီ Fingerprint Feature ကိုမြင်တွေ့လာနိုင်မယ်ဆိုတာ သေချာသလောက်တော့ရှိပါတယ်။ ဒါပေမဲ့ Sharp မှထုတ်လုပ်မယ့် Aquos S2 မှာလည်း In-Display Fingerprint Scanner ကိုထည့်သွင်းပေးထားမယ်လို့ ကြွေးကြော်ထားတာကြောင့် ဘယ်သူဟာ ပထမဦးဆုံးဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ 

                Xplay 7 ကို အရောင်အနေနဲ့ White, Black နဲ့ Gold ဆိုပြီးမြင်တွေ့ရဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ Xplay 7 အတွက် စျေးနှုန်းနဲ့ ဘယ်တော့လောက် မိတ်ဆက်ပေးနိုင်မယ်ဆိုတာကို အတိအကျ မသိရှိရသေးပါဘူး။

References
GSM Arena The Android Soul
About Author
Assinged Tags
Smartphone Leaks Vivo Dual Camera In-Screen Fingerprint In-Screen Fingerprint Sensor Ultrasonic Fingerprint Sensor Under Display Fingerprint Sensor Vivo Xplay 7 Triple Camera
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed