MIUI 9 တွင် Split Screen နဲ့ Picture-In-Picture များပါ၀င်လာမည်ဟု သတင်းပေါက်ကြား

date_range 07 May 2017

MIUI 9 တွင် Split Screen နဲ့ Picture-In-Picture များပါ၀င်လာမည်ဟု သတင်းပေါက်ကြား

visibility 3400 Views

                Xiaomi သုံးတဲ့သူတွေအတွက် မျှော်လင့်စောင့်စားနေတဲ့ MIUI 9 Update ဟာ မကြာမီထွက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။

                MIUI 9 မှာ Android Nougat ကိုပါ တပါတည်းထည့်သွင်းပေးမယ်၊ မပေးဘူးဆိုတာမသေချာသေးပေမဲ့ MIUI 8 တုန်းက Update ရရှိတဲ့ Device တော်တော်များများဟာ Marshmallow ကိုတက်ခွင့်ရခဲ့တာကြောင့် အခုလာမယ့် MIUI 9 Update ဟာ Android Nougat ရမယ်လို့ ခန့်မှန်းရပါတယ်။ (တချို့ Device တွေမှာတော့ Beta release အနေနဲ့ Android Nougat ကိုထုတ်လုပ်ပေးခဲ့ပါတယ်။)

                အခုနောက်ဆုံးပေါက်ကြားလာတဲ့ သတင်းတွေအရ MIUI 9 မှာ  Android Nougat မှာပါ၀င်တဲ့ Feature တွေဖြစ်တဲ့ Split Screen အပြင် Picture-In-Picture Feature ကိုပါထည့်သွင်းပေးမှာမို့လို့ စိတ်၀င်စားစရာတော့အတော်ကောင်းလာပါတယ်။ Picture-In-Picture ကို Native အနေနဲ့ထည့်သွင်းပေးခဲ့ရင် YouTube ကြည့်ရင်း Facebook သုံးတာတို့၊Movies တွေကြည့်နေရင်းမှာပဲအပြင်ထွက်စရာမလိုပဲ PIP Mode အဖြစ်သုံးပြီး ၀င်ရောက်လာတဲ့ Message တွေ၊ သတင်းတွေလည်းဖတ်ရင်း Movies ကြည့်မပျက်အသုံးပြုနိုင်လာမှာပါ။ 

                အရင် MIUI Update တွေမှာ Browser မှ Video Streaming လုပ်ပါက PIP Mode အဖြစ်ပြောင်းလဲပစ်လို့ရပြီး YouTube ကြည့်ရင် အသုံးဝင်ဆုံး Feature တစ်ခုအဖြစ် လူသိများခဲ့ပါတယ်။ အခု MIUI 9 မှာ Native Support ပေးမယ်ဆိုတော့ ဘာတွေထပ်ပြောင်းလဲသွားမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။  Screen Recording Feature ကိုလည်း MIUI 8 Developer ROMs တွေမှာတွေ့မြင်နေရပြီ ဖြစ်ပါတယ်။ 

References
Android Community
About Author
Assinged Tags
Smartphone Leaks Android Nougat MIUI related MIUI 9 related Split Screen PIP pip Update news Leaked information News about MIUI
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed