iPhone 8 တွင်သာမက Mac များတွင်လည်း Facial Recognition နည်းပညာ ပါဝင်လာဖွယ်ရှိ

date_range 08 July 2017

iPhone 8 တွင်သာမက Mac များတွင်လည်း Facial Recognition နည်းပညာ ပါဝင်လာဖွယ်ရှိ

visibility 300 Views

                Apple ရဲ့ iPhone 8 မှာ Touch ID အစား 3D Facial Recognition ကို ထည့်သွင်း အသုံးပြုနိုင်တယ် ဆိုတဲ့ သတင်းတွေကို အားလုံးကြားသိပြီးသား ဖြစ်မှာပါ။ Device ကို Unlock လုပ်တာ၊ ငွေပေးချေမှုတွေ လုပ်တာ စတဲ့ နေရာတွေမှာ လက်ဗွေစနစ် အစား အသုံးပြုသူရဲ့ မျက်နှာကို စစ်ဆေးအတည်ပြုပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Apple ကနေ လတ်တလော မှတ်ပုံတင်လိုက်တဲ့ မူပိုင်ခွင့်တစ်ခုအရ Facial Recognition နည်းပညာကို Mac တွေမှာလည်း တွေ့မြင်လာရဖွယ် ရှိနေတယ်လို့ Patently Apple ရဲ့ Report အရ သိရှိရပါတယ်။


                iPhone 8 ရဲ့ Facial Recognition စနစ် အောင်မြင်သွားပြီဆိုတာနဲ့ ဒီနည်းပညာကို နောက်ထွက်မယ့် Mac တွေမှာ ထည့်သွင်းသွားဖွယ် ရှိနေပါတယ်။ Mac အတွက် ပြင်ဆင်ထားတဲ့ ရှုပ်ထွေးလှတဲ့ ဒီ နည်းပညာအသစ်မှာ Presence Recognition လို့ ခေါ်တဲ့ နည်းပညာတစ်မျိုးလည်း ပါဝင်လာပါတယ်။ Mac ရဲ့ ရှေ့မှာ အသုံးပြုသူ တစ်ယောက် ရှိ၊ မရှိ နဲ့ ၎င်းရဲ့ မျက်နှာဟာ ဘယ်လိုအနေအထားရှိနေလဲ ဆိုတာကို Sensor များ အသုံးပြုပြီး Detect လုပ်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။


                Sensor တွေဟာ Mac ရဲ့ ရှေ့အနီးတဝိုက်မှာ အရာဝတ္ထု တစ်ခုခု ရှိနေလားဆိုတာကို အရင်ဆုံး အာရုံခံနိုင်ပါတယ်။ တစ်ခုခုရှိနေတာ သေချာပြီဆိုရင် အဲ့ဒီ့ အရာဝတ္ထုဟာ လူတစ်ယောက်ရဲ့ မျက်နှာ ဟုတ်၊ မဟုတ် ကို ဆက်လက်စစ်ဆေးပါတယ်။ Power Nap Mode ထဲ ဝင်နေတဲ့ Mac တစ်လုံးဟာ အသုံးပြုသူတစ်ယောက်ယောက်က ရှေ့မှာ လာထိုင်လိုက်တာနဲ့ Wake Up ဖြစ်သွားနိုင်မှာပါ။ အဲ့ဒီ့နောက်မှာမှ အာရုံခံမိတဲ့ မျက်နှာဟာ Mac ကို Access လုပ်ခွင့်ရှိတဲ့သူ ဖြစ်ကြောင်းကို အတည်ပြုစစ်ဆေးပြီး Mac ကို Unlock လုပ်ပေးမှာ ဖြစ်ပါတယ်။

                လက်ဗွေလုံခြုံရေးစနစ်ဖြစ်တဲ့ Touch ID ကို iPhone တွေမှာ စတင်ထည့်သွင်းပြီးနောက် TouchBar ပါတဲ့ MacBook Pro တွေမှာလည်း ပါဝင်လာတာကို ကြည့်မယ်ဆိုရင် iPhone 8 မှာ Facial Recognition ပါဝင်လာတာနဲ့ ဒီ နည်းပညာဟာ Mac တွေပေါ်ကိုလည်း ဆက်လက်ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

References
Patently Apple
About Author
Assinged Tags
Facial Recognition Technology MacBook Rumors iMac Mac Patent 3D Facial Recognition
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed