LG မှ 5.4” Display နဲ့ LG G6 Mini ကို ထုတ်လုပ်သွားနိုင်ဖွယ်ရှိ

date_range 03 July 2017

LG မှ 5.4” Display နဲ့ LG G6 Mini ကို ထုတ်လုပ်သွားနိုင်ဖွယ်ရှိ

visibility 500 Views

                LG G6 ကနေပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက LG G6 ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ LG G6 Plus ကို RAM 6GB, 128GB Storage တွေနဲ့ ထုတ်လုပ်ပြီးနောက်၊ အခုအခါ Display ပိုသေးငယ်တဲ့ G6 Version တစ်ခုဖြစ်လာမယ့် LG G6 Mini ဖုန်းကို ထုတ်လုပ်ဖို့ပြုလုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

                အဆိုပါသတင်းကို ယုံကြည်ရတဲ့သတင်း Source တစ်ခုကနေ ပေါက်ကြားလာခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းအရ LG G6 Mini မှာ 5.4" Display ပါဝင်လာမှာဖြစ်ပြီး LG G6 လိုမျိုးပဲ 18:9 Ratio Screen ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Screen to Body Ratio ကလည်း 80 ရာခိုင်နှုန်းလောက်အထိရှိနေမှာဖြစ်ပါတယ်။ Display Resolution ကိုတော့ မသိရသေးပေမယ့် Full HD မဖြစ်နိုင်လောက်ပဲ LG G6 မှာ အသုံးပြုထားတဲ့ Quad HD+ Display ကိုပဲ အသုံးပြုဖို့များနေပါတယ်။

 

                အခြားသော Specifications တွေအရတော့ သေသေချာချာဖော်ပြထားခြင်းမရှိပေမယ့် LG G6 နဲ့ Performance တူနိုင်ပြီး Snapdragon 821 CPU ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။ RAM အနေနဲ့ကတော့ 4GB RAM ပါဝင်လောက်ပြီး Storage ကိုလည်း 32GB လောက်ကစတင်ရရှိနိုင်ဖို့ များနေပါတယ်။ 

                ဘာပဲဖြစ်ဖြစ် လက်ရှိ Bezel-less ဖုန်းတွေမှာ ကြီးမားတဲ့ Screen တွေကိုအသုံးပြုလာကြပြီး လက်တစ်ဖက်ထဲအသုံးပြုဖို့က ပိုပြီးခက်ခဲလာပါတယ်။ ဒီလိုအချိန်မှာ Performance ကောင်းကောင်းနဲ့ လက်တစ်ဖက်ထဲကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်တဲ့ LG G6 Mini လိုဖုန်းမျိုးထွက်မယ်ဆိုတာက Screen ကြီးကြီးမကြိုက်နှစ်သက်သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။၏

                LG G6 Mini မှာလည်း LG G6 လိုပဲ Waterproof ဖြစ်မှာဖြစ်ပြီး ဈေးနှုန်းကို အတိအကျမသိရသေးပေမယ့် LG G6 ထက်တော့ လျော့နည်းမှာဖြစ်ပါတယ်။ 

References
Techno Buffalo
About Author
Assinged Tags
LG LG Smartphones Rumors LG G6 LG G6 Mini
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed