Samsung Galaxy Note 8 မှာ Under-Glass Fingerprint Scanner ပါဝင်လာနိုင်ဖွယ်မရှိတော့

date_range 09 June 2017

Samsung Galaxy Note 8 မှာ Under-Glass Fingerprint Scanner ပါဝင်လာနိုင်ဖွယ်မရှိတော့

visibility 1750 Views

                Samsung ကနေ သူတို့ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းဖြစ်တဲ့ Samsung Galaxy S8 မှာ Fingerprint Scanner ကို Home Key မပါဝင်လာတော့တဲ့အတွက် ဖုန်းနောက်ကျောဘက်ကိုပို့ခဲ့ရပါတယ်။

                လက်ရှိမှာ Apple iPhone 8 က Fingerprint Scanner ကို Screen အောက်မှာ ထည့်သွင်းထားမယ်ဆိုပြီး သတင်းထွက်နေတဲ့အချိန်မှာ Samsung ကလည်း Galaxy Note 8 ဖုန်းအသစ်မှာ Fingerprint Scanner ကို Screen အောက်မှာထားမယ်ဆိုပြီး ကောလဟာလတွေ ထွက်ရှိခဲ့ပါတယ်။ 

                ဒါပေမယ့် Samsung Company ရဲ့ တာဝန်ရှိသူတွေပြောကြားချက်အရတော့ အဲ့ဒီလို ထည့်သွင်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး Galaxy Note 8 မှာ ပါဝင်လာဖို့မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ 

                ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရတော့ Samsung က Fingerprint Scanner ကို Screen အောက်မှာထည့်သွင်းထားနိုင်ပေမယ့် Security ပိုင်းကိစ္စအချို့ နဲ့ ဖုန်းကိုကိုင်ထားတာလား၊ Lock ဖွင့်ဖို့လုပ်တာလားဆိုတာကို သေချာမခွဲခြားနိုင်သေးတာကြောင့် ကြန့်ကြာနေတာလို့ ဆိုပါတယ်။ 

                Samsung Galaxy Note 8 ကို လာမယ့် စက်တင်ဘာလမှာ ကြေငြာသွားမယ်လို့ခန့်မှန်းရပြီး 6.3" Infinity Display နဲ့အတူ Dual Camera ပါ ပါဝင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is Contributed by Zawyè
References
GSM Arena
About Author
Assinged Tags
Samsung Smartphones iPhone 8 related news Galaxy Note 8 Under Display Fingerprint
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed