မကြာခင် ထွက်ရှိတော့မယ့် Xiaomi Mi 6c ရဲ့ သတင်းအချက်အလက်များ ပေါက်ကြား

date_range 31 May 2017

မကြာခင် ထွက်ရှိတော့မယ့် Xiaomi Mi 6c ရဲ့ သတင်းအချက်အလက်များ ပေါက်ကြား

visibility 1350 Views

                Xiaomi Mi 6 ကို ပြီးခဲ့တဲ့လက ကြေငြာခဲ့ပြီးနောက်၊ တစ်လအကြာမှာတော့၊ Mi 6c လို့ပြောလို့ရတဲ့ Codename "Jason" အမည်ရှိတဲ့ဖုန်းတစ်လုံးရဲ့ Specification တွေ GFXBench မှာတက်လာခဲ့ပါတယ်။

                အဆိုပါဖော်ပြချက်အရ Xiaomi Mi 6c လို့ပြောလို့ရတဲ့ဖုန်းမှာ Qualcomm ရဲ့ CPU အသစ်တစ်ခုဖြစ်တဲ့ Snapdragon 660 Octa-Core 2.2GHz CPU ကို သုံးထားပြီးတော့ Mi 6 လိုပဲ RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ Internal Storage ကတော့ 64GB ပဲသုံးထားတာကို တွေ့ရပါတယ်။ Mi 6 လိုပဲ 5.1" Full HD Display သုံးထားပြီး၊ Android Version ကတော့ နောက်ဆုံးထွက် Android 7.1.1 Nougat ကို အသုံးပြုထားပါတယ်။


                စိတ်ဝင်စားစရာအချက်တစ်ခုကတော့ Mi 6 လိုမျိုး Dual Camera မဟုတ်တော့ပဲနဲ့ Single 12 Megapixels Back Camera နဲ့ Front Selfie Camera ကိုလည်း Mi 6 လို 8 Megapixels မဟုတ်ပဲ Mi 5 လို 4 Megapixels ပဲ သုံးထားတာပါ။ 

                အခုလောလောဆယ်တော့ Specification ပဲ ပေါက်ကြားသေးတာဖြစ်ပြီးတော့ အခြား Design နဲ့ Features အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ Xiaomi Mi Series ဖုန်းတွေရဲ့ ထုံးစံအတိုင်း Mi 6c ကလည်း ဈေးပိုသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်ခုဖြစ်လာမလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

                Xiaomi Mi 6c နဲ့ ပတ်သတ်ပြီး နောက်ထပ်သတင်းအချက်အလက်တွေ ထပ်မံရရှိလာရင်လည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

References
Giz China
About Author
Assinged Tags
Xiaomi Smartphones Snapdragon Rumors Xiaomi Mi 6 Snapdragon 660 Xiaomi Mi 6c
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed