Siri ကို ပိုင်ရှင်ရဲ့အသံကို မှတ်သားပြီး ပိုင်ရှင်တစ်ဦးတည်းပဲ ခိုင်းစေလို့ရအောင် သင်ကြားပေးတော့မယ့် Apple

date_range 06 April 2017

Siri ကို ပိုင်ရှင်ရဲ့အသံကို မှတ်သားပြီး ပိုင်ရှင်တစ်ဦးတည်းပဲ ခိုင်းစေလို့ရအောင် သင်ကြားပေးတော့မယ့် Apple

visibility 2550 Views

                Siri မှာ အသုံးပြုနေသူတွေမသိတဲ့ Minor Security Issue လေးတစ်ခုရှိပါတယ်။ Siri ကို Lock Screen မှာ အသုံးပြုလို့ရအောင် Access ပေးထားလိုက်တယ်ဆိုရင် ပိုင်ရှင်အပြင် အခြားသူတွေကလည်း Siri ကို ခိုင်းစေပြီး Photo ကို Access လုပ်နိုင်ပါတယ်။

                Siri ကို Lock Screen မှာ Access မပေးထားဘူးဆိုရင်တော့ မိမိရဲ့အချက်အလက်တွေဟာ စိတ်ချရပါတယ်။ Lock Screen မှာ Access မပေးထားတဲ့အတွက် ဖုန်းကို Lock လုပ်ထားမယ်ဆိုရင် Siri ကို ခိုင်းစေလို့မရတော့ပါဘူး။ 

                ဒါပေမယ့် Apple အနေနဲ့ Siri ကို အသုံးပြုနေသူတွေအတွက် လုံခြုံစိတ်ချရမှု အရင်ကထက်ပိုမိုတိုးတက်လာအောင်လုပ်နိုင်မယ့် Solution တစ်ခုကို ပြင်ဆင်နေပါတယ်။

                Apple အနေနဲ့ Siri ကို Apple Product အသုံးပြုနေသူ ပိုင်ရှင်ရဲ့အသံကို မှတ်သားပြီး ပိုင်ရှင်တစ်ဦးတည်းရဲ့ အသံနဲ့ပဲ ခိုင်းစေလို့ရအောင် သင်ကြားပေးတော့မှာပါ။ ဒီ့အတွက်လည်း မူပိုင်ခွင့်တင်ထားပြီး ဖြစ်ပါတယ်။ မူပိုင်ခွင့်နဲ့ပက်သက်တဲ့ တရားဝင်စာရွက်စာတမ်းတွေကိုတော့ Patently Apple ဆိုတဲ့ Website က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


စာရွက်စာတမ်းတွေထဲမှာ

“အခုအချိန်ထိအောင် Siri ကိုခိုင်းစေချင်တဲ့သူက ခိုင်းစေလို့ရနေပါတယ်။ Siri ကိုယ်တိုင်ကလည်း ခိုင်းစေတဲ့ခိုင်းစေချက်ကိုသာ နားလည်နိုင်ပြီး ခိုင်းစေချက်အတိုင်း လုပ်ပေးနိုင်တယ်ဆိုပေမယ့် မည်သူကခိုင်းစေတယ်ဆိုတာကို မခွဲခြားနိုင်သေးပါဘူး။

ဒါကြောင့်၊ Apple အနေနဲ့ Siri ကို Apple Product အသုံးပြုနေသူ ပိုင်ရှင်ရဲ့အသံကို မှတ်သားပြီး ပိုင်ရှင်ရဲ့အသံနဲ့ပဲ ခိုင်းစေလို့ရအောင် သင်ကြားပေးနိုင်မယ့် နည်းပညာကိုတွေ့ရှိပြီးနောက် မူပိုင်ခွင့်တင်ရခြင်း ဖြစ်ပါတယ်။”

လို့ ရေးသားထားပါတယ်။

                Apple အနေနဲ့ Siri ကို ဘယ်လိုသင်ကြားပေးမလဲဆိုတော့ Siri ကို အရင်ကလို “Hey Siri” နဲ့ Access လုပ်ခိုင်းတော့မှာမဟုတ်ပဲ ပိုင်ရှင်ကြိုက်နှစ်သက်တဲ့ စကားလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်ခုဖြစ်သာ Access လုပ်ခိုင်းတော့မှာ ဖြစ်ပါတယ်။ 

                ပိုင်ရှင်ပြောထားတဲ့ စကားလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်ခုကို ပိုင်ရှင်ရဲ့ Device ထဲမှာ Store လုပ်ထားမှာ ဖြစ်ပါတယ်။ နောက်ပြီး Siri ကလည်း ပိုင်ရှင်ရဲ့အသံအနေအထား၊ အနိမ့်အမြင့်၊ အတိုးအကျယ် စတာတွေကို မှတ်သားသွားမှာ ဖြစ်ပါတယ်။ 

                ဒီလိုမျိုး Siri က ပိုင်ရှင်ရဲ့အသံနဲ့ ပက်သက်တာတွေကို သင်ကြားပြီးသွားပြီဆိုတာနဲ့ Siri ကို ခိုင်းစေတော့မယ်ဆိုရင် အရင်ကလိုမျိုး ခိုင်းစေချက်ကိုသာ စစ်ဆေးတော့မှာမဟုတ်ပဲ ခိုင်းစေချက်ကော၊ ခိုင်းစေလိုက်တဲ့သူရဲ့အသံကိုပါ ပိုင်ရှင်ရဲ့အသံနဲ့ ကိုက်ညီမှုမရှိစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပိုင်ရှင်ရဲ့အသံနဲ့ ကိုက်ညီမှုရှိမှသာ ခိုင်းစေချက်ကို လုပ်ဆောင်ပေးသွားမှာပါ။

                အကယ်လို့ ပိုင်ရှင်ရဲ့အသံနဲ့ ကိုက်ညီမှုမရှိခဲ့ဘူးဆိုရင် Siri က Touch ID ဒါမှမဟုတ် Passcode တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့ကတော့ Apple အတွက်တော်တော်လေးကို ခက်ခဲမှာပါ။ 

References
9to5Mac Patently Apple
About Author
Assinged Tags
iPhone iPad Siri MacBook
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed