Chromebook တွေရဲ့လက်ရှိဈေးကွက်ကို ကျော်တက်ဖို့ကြိုးစားနေတဲ့ Microsoft

date_range 22 April 2017

Chromebook တွေရဲ့လက်ရှိဈေးကွက်ကို ကျော်တက်ဖို့ကြိုးစားနေတဲ့ Microsoft

visibility 200 Views

                နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ တစ်နှစ်ထက်တစ်နှစ် သူ့ထက်ငါသာအောင် ဈေးကွက်ပြိုင်လုကြစမြဲပါ။ ဈေးကွက်ဆိုတာကလည်း ရုံးခန်း၊ ဆိုင်ခန်းကစ၊ စာသင်ခန်းထဲအထိပါ ရှိပါတယ်။ အမေရိကန်နိုင်ငံက စာသင်ခန်းတွေမှာ လက်ရှိအနေနဲ့ ဈေးနှုန်းချိုသာပြီး ဝန်ဆောင်မှုတွေအများကြီးပါဝင်တဲ့ Chromebook တွေကိုတော့ Microsoft နဲ့ Apple က ထုတ်လုပ်တဲ့ Product တွေမယှဉ်နိုင်ပါဘူး (ဒီဆောင်းပါးကို ဒီမှာ ဖတ်ရှုပါ)။

                Microsoft အနေနဲ့ လာမယ့်လ အမေရိကန်နိုင်ငံ New York မြို့မှာ ကျင်းပမယ့် Special Software and Hardware Event မှာ Windows 10 Cloud OS ကို မိတ်ဆက်သွားဖို့ရှိတယ်လို့ ကောလဟာလသတင်းတွေ ထွက်ရှိနေပါတယ်။ 

                ကျွမ်းကျင်သူတွေကလည်း ဒီ Cloud OS တင်မဟုတ်ပဲ၊ ဒီ OS ကိုပါ ပံ့ပိုးနိုင်မယ့် Hardware ကိုပါ မိတ်ဆက်သွားဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး ဒီ OS ကို Windows 10 S ဒါမှမဟုတ် Windows 10 Cloud လို့ နာမည်ပေးသွားမယ်လို့လည်း ခန့်မှန်းထားကြပါသေးတယ်။

                နည်းပညာစိတ်ဝင်စားသူတွေနဲ့၊ နည်းပညာကျွမ်းကျင်သူတွေအားလုံး ထွက်ရှိလာမယ်လို့ခန့်မှန်းရတဲ့ Cloud OS နဲ့ Hardware ကို လာမယ့်မေလ ၂ ရက်နေ့မတိုင်ခင်ထိ စောင့်မျှော်နေကြတဲ့ကာလမှာပဲ Micorsoft အနေနဲ့ ဈေးနှုန်းချိုသာပြီး Chromebook ကို ယှဉ်ပြိုင်နိုင်မယ့် Low-End Hardware ကို ထုတ်လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ကောလဟာလ သတင်းတွေအရ သိရပါတယ်။

                နောက်ပြီး Microsoft ရဲ့ Special Software and Hardware Event ဟာ ပညာရေးဦးစားပေး ပွဲတစ်ပွဲဖြစ်တာကြောင့် Microsoft အနေနဲ့ အမေရိကန်နိုင်ငံက စာသင်ခန်းတွေအတွက်ဈေးကွက်ကို Chromebook ကိုတိုက်ခိုက်ပြီး ရယူတော့မယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။

                ဆက်လက်ပြီးတော့ Microsoft ကနေပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေအရ Cloud OS ကိုပံ့ပိုးပေးမယ့် Hardware ရဲ့ Specification တွေကိုလည်း သိခဲ့ရပါသေးတယ်။ Specification တွေကတော့ အောက်ပါဓာတ်ပုံအတိုင်းပဲ ဖြစ်ပါတယ်။


                အခုအချိန်ထိကတော့ ကောလဟာလသတင်းကိုပဲ သိရသေးတယ်ဆိုပေမယ့် Microsoft အနေနဲ့ ဘယ်လိုပစ္စည်းဆန်းတွေ၊ ဝန်ဆောင်မှုအဆန်းတွေ၊ App အဆန်းတွေ မိတ်ဆက်သွားမယ်ဆိုတာကတော့ လာမယ့်မေလ ၂ ရက်နေ့မှပဲ တိတိကျကျ သိရှိရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Google Microsoft Chromebook Windows 10 Windows 10 Cloud OS Cloud OS
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed