Sony Xperia XZ1 Compact ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို MWC 2018 မှာ မြင်တွေ့ရဖွယ်ရှိ

date_range 02 February 2018

Sony Xperia XZ1 Compact ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို MWC 2018 မှာ မြင်တွေ့ရဖွယ်ရှိ

visibility 1060 Views

                ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီ ဖြစ်တဲ့ Sony အနေနဲ့ Xperia XZ1 Compact ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို MWC 2018 မှာ မိတ်ဆက်သွားမယ်လို့ သတင်းတစ်ခု ထွက်ရှိလာပါတယ်။ ဒီလိုမျိုး သတင်းထွက်လာရတာကလည်း အကြောင်းရှိပါတယ်။ အမေရိကန်နိုင်ငံ Federal Communications Commission (FCC) Certification Website မှာ ID နံပါတ် PY7-24118Q နဲ့ Sony Xperia XZ1 Compact ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းလို့ ယူဆရတဲ့ Xperia Device တစ်ခုကို တွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။

                FCC မှာ ရေးသားထားတဲ့ အချက်အလက်တွေအရ ID PY7-24118Q ဟာ ၅ လက်မခန့် မျက်နှာပြင်အကျယ် ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း Xperia XZ1 Compact ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းမှာ 18:9 Aspect Ratio Display ကို အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ GSMArena က ခန့်မှန်း ပြောဆိုထားပါတယ်။ Xperia XZ2 Compact ရဲ့ Dimensions တွေက XZ1 Compact နဲ့ ကွာခြားမှု သိပ်မရှိပေမယ့်လည်း Display Size မှာတော့ ၄.၆ လက်မကနေ ၅ လက်မခန့်ထိ ပြောင်းလဲလာတာ တွေ့ရတဲ့အတွက် Bezel တွေ ပိုနည်းသွားနိုင်ဖွယ် ရှိပါတယ်။

                Sony အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းက ကျင်းပခဲ့တဲ့ CES 2018 မှာ Mid-range စမတ်ဖုန်းတွေ ဖြစ်တဲ့ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 စတဲ့ စမတ်ဖုန်း ၃ မျိူးကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါ့အပြင် 4K OLED Display ကို အသုံးပြုထားတဲ့ Xperia XZ Pro နဲ့အတူ Sony Xperia XZ1 Premium, Xperia XZ1 Plus နဲ့ Xperia XZ1S တို့ကိုလဲ MWC 2018 မှာ မိတ်ဆက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

                Sony Xperia XZ1 Premium နဲ့ Xperia XZ1 Plus တို့မှာ Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုနိုင်ဖွယ် ရှိပြီး Xperia XZ1S မှာတော့ Snapdragon 835 SoC ကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ RAM အနေနဲ့ Xperia XZ1 Premium မှာ 6GB ပါဝင်ဖွယ် ရှိပြီး Xperia XZ1 Plus နဲ့ Xperia XZ1S တို့မှာတော့ 4GB ပါဝင်ဖွယ် ရှိပါတယ်။ Internal Storage အပိုင်းမှာတော့ Xperia XZ1 Premium မှာ 128GB ထိ ပါဝင်နိုင်ဖွယ် ရှိပြီး Xperia XZ1 Plus နဲ့ Xperia XZ1S တို့မှာတော့ 64GB တစ်မျိူးတည်း ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။

                Sony Xperia XZ1 Premium မှာ Fingerprint Sensor က နောက်ကျောဘက်မှာ ပါဝင်ဖွယ် ရှိပြီး Camera အပိုင်းကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားနိုင်ဖွယ် ရှိပါတယ်။ Xperia XZ1 Premium က Xperia XZ Pro လိုမျိူး 4K Display နဲ့ ထွက်ရှိလာနိုင်ဖွယ်ရှိပြီး HDR LCD ကိုသုံးမလား၊ OLED ကို သုံးမလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

                Xperia XZ1 Plus က ၅.၅ လက်မ အကျယ်ရှိ မျက်နှာပြင်နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပြီး Xperia XZ1S ကတော့ ၅.၂ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD Display ကို အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။ Sony Xperia XZ1 Premium, Xperia XZ1 Plus နဲ့ Xperia XZ1S စတဲ့ မော်ဒယ် ၃ မျိူးစလုံးက Android 8.0 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV BMobiled
About Author
Assinged Tags
Sony Smartphone Leaks Sony Xperia Leaked information Sony Xperia XZ1 Compact Xperia Smartphones
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed