Huawei Nova 2i, Nova 2s နဲ့ Honor 9 Lite တို့မှာလို ကင်မရာ ၄ လုံး ပါဝင်တဲ့ Honor 7C ရဲ့ ဓာတ်ပုံများ ပေါက်ကြား

date_range 07 February 2018

Huawei Nova 2i, Nova 2s နဲ့ Honor 9 Lite တို့မှာလို ကင်မရာ ၄ လုံး ပါဝင်တဲ့ Honor 7C ရဲ့ ဓာတ်ပုံများ ပေါက်ကြား

visibility 720 Views

                Huawei ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Honor ဟာ Huawei Nova 2i, Nova 2s နဲ့ ဒီနေ့ပဲ မိတ်ဆက်လိုက်တဲ့ Honor 9 Lite တို့မှာလိုပဲ ကင်မရာ ၄ လုံး ပါဝင်တဲ့ နောက်ထပ် စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ ပြင်ဆင်နေပုံ ပေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့မှာပဲ TENAA မှာ Honor 6C ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းလို့ ယူဆရတဲ့ စမတ်ဖုန်းကို LND-AL30 ဆိုပြီး တွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။


                LND-AL30 က Honor 7C ရဲ့ မော်ဒယ်နံပါတ် ဖြစ်နိုင်ဖွယ်ရှိပြီး ကင်မရာ ၄ လုံးနဲ့အတူ Metal Unibody ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် Honor 7C ဟာ မကြာသေးမီက မိတ်ဆက်ထားတဲ့ Honor 7X ရဲ့ Performance နီးပါး ကောင်းမွန်အောင် ပြုလုပ်ထားနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။


                TENAA မှာ ဖော်ပြထားချက်များအရ Honor 7C ရဲ့ နောက်ကျောဘက်မှာ Dual Camera ကို Flash နဲ့အတူ အလျားလိုက် တပ်ဆင်အသုံးပြုထားပြီး Fingerprint Sensor ပါဝင်တာကိုလဲ တွေ့ရမှာပါ။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Selfie Camera ၂ လုံးနဲ့အတူ 18:9 Aspect Ratio Display ကို အသုံးပြုထားပြီး Honor 7X လိုမျိူး ဒီဇိုင်းနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ Honor 7C ကို Honor 7X ရဲ့ Performance နီးပါးကောင်းတဲ့ စမတ်ဖုန်း တစ်လုံးအဖြစ် ထုတ်လုပ်ခဲ့မယ်ဆိုရင် 16 Megapixels Camera နဲ့ 2 Megapixels Camera တို့ကို ကျောဘက်မှာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

                အခုလောလောဆယ်မှာတော့ Honor 7C ရဲ့ Specification၊ စျေးနှုန်းနဲ့ မိတ်ဆက်မယ့်နေ့ကို အတိအကျ မသိရသေးပေမယ့်လည်း TENAA မှာ တွေ့ရပြီ ဖြစ်တာကြောင့် Honor 7C ကို သိပ်မကြာခင်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Honor ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Huawei အနေနဲ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပတော့မယ့် MWC 2018 ပွဲမှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးဖို့ ကတိပေးထားပါသေးတယ်။ အဲ့ဒီ ထုတ်ကုန် အသစ်တွေထဲမှာ Honor 7C ပါဝင်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Huawei Honor Smarphones Honor 7X Honor Honor 9 Lite Honor 6C Honor 7C
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed