Honor 7X အတွက် နောက်ဆုံးထွက်ရှိလာတဲ့ Software Update မှာ Face Unlock နဲ့ AR Lens Features တွေ ပါဝင်လာ

date_range 01 February 2018

Honor 7X အတွက် နောက်ဆုံးထွက်ရှိလာတဲ့ Software Update မှာ Face Unlock နဲ့ AR Lens Features တွေ ပါဝင်လာ

visibility 660 Views

                Huawei အနေနဲ့ မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းစျေးကွက်ကို မျက်စိကျနေတာ ထင်ပါတယ်။ Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့တုန်းက Honor Showroom ကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ Honor Myanmar Showroom ဟာ ပြည်ပမှာ ဖွင့်လှစ်တဲ့ Honor ရဲ့ ပထမဦးဆုံး Showroom တစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Mr.Zhao Ming ကိုယ်တိုင် ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားသွားတယ်လို့ သိရပါတယ်။


                Honor 7X ကတော့ Honor ရဲ့ Mid-range Smartphone အမျိူးအစား ဖြစ်ပါတယ်။ Huawei အနေနဲ့ ဒီလ အစောပိုင်းတုန်းက နောက်ထွက်လာမယ့် Honor 7X ရဲ့ Software Update မှာ Face Unlock Feature ထည့်သွင်းပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပဲ ဒီနေ့မှာတော့ Honor 7X ရဲ့ Software Update ထွက်ရှိလာပြီ ဖြစ်ပြီး Face Unlock Feature၊ Selfie Camera အတွက် AR Lens Feature နဲ့အတူ Weather App ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသလို ဇန်နဝါရီလအတွက် Android Security Patch လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု Software Update ကို အခုလောလောဆယ်မှာတော့  တရုတ်နိုင်ငံမှာပဲ ရရှိဦးမှာ ဖြစ်ပါတယ်။


                Honor 7X အတွက် နောက်ဆုံးထွက်ရှိထားတဲ့ Software Update ဟာ Build Number (B192) နဲ့ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ နည်းပညာဝက်ဆိုက် တစ်ခုဖြစ်တဲ့ AndroidSoul ကနေတဆင့် သိရပါတယ်။ Honor 7X L21, L22 နဲ့ L24 မော်ဒယ်လ်တွေကို ဥရောပ၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ရောင်းချခဲ့တာ ဖြစ်ပြီး  AL10, TL10 နဲ့ TL10C မော်ဒယ်လ်တွေကိုတော့ တရုတ်နိုင်ငံမှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Honor Myanmar Showroom မှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ AndroidSoul ရဲ့ အဆိုအရ Honor 7X AL10 တွေပဲ အခုထွက်ရှိလာတဲ့ Software Update ကို ရရှိနိုင်မယ်လို့ သိရပါတယ်။


                Honor ရဲ့ Face Unlock Feature က Honor View 10 မှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး Biometric Authentication Tool လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုကာ Selfie Camera ကနေတဆင့် အသုံးပြုသူရဲ့ မျက်နှာကို ဖတ်ရှုပေးမှာ ဖြစ်ပါတယ်။ ဒီ Feature ကို သုံးချင်တယ် ဆိုရင်တော့ Settings > Security and Privacy > Face Unlock ကို On ပေးရမှာ ဖြစ်ပါတယ်။ Selfie Camera အတွက် ပါဝင်လာတဲ့ AR Lens Feature ကတော့ Selfie ရိုက်နေတဲ့အချိန်မှာ Backgrond Effects တွေကို ပြုပြင် ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။ ဒီ Feature ကို သုံးချင်တယ် ဆိုရင်တော့ Camera > Mode > AR Lens ကို ရွေးချယ်ပေးရမှာပါ။


                Honor 7X ရဲ့ B192 Update မှာ Face Unlock နဲ့ AR Lens Features တွေအပြင် Lock Screen Notification အတွက် Smart Feature လည်း ပါဝင်ပါသေးတယ်။ Smart Feature ကိုအသုံးပြုပြီး Lock Screen Notification မှာ ပြသနေတဲ့ အကြောင်းအရာတွေကို မကြိုက်ဘူးဆိုရင် Hide လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို သုံးချင်တယ်ဆိုရင်တော့ Settings > Security and Privacy > Face Unlock > Smart Lock Screen Notifications ကို On ပေးရမှာ ဖြစ်ပါတယ်။


                Honor 7X ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ၅.၉၃ လက်မ မျက်နှာပြင် အကျယ်ရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Full-HD+ IPS Display ကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 1080 x 2160 pixels ရှိမှာပါ။ Pixel Density ကတော့ 407 ppi ရှိပါတယ်။ Processor အပိုင်းမှာတော့ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ HiSilicon Kirin 659 SoC ကို အသုံးပြုထားတာ ဖြစ်ပြီး RAM 4GB ပါဝင်မှာ ဖြစ်ပါတယ်။


                Internal Storage 32GB နဲ့ 64GB ဆိုပြီး မော်ဒယ်လ်၂ မျိူး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 3340mAh ပါဝင်မှာပါ။ ကျောဘက်မှာ 16MP + 2MP ကင်မရာ ၂ လုံး ပါဝင်မှာ ဖြစ်ပြီး ရှေ့မျက်နှာပြင်မှာတော့ 8MP ကင်မရာ ပါဝင်မှာပါ။ Honor 7X ကို အရောင်တွေ အနေနဲ့ Gold, Black, Blue နဲ့ Red ဆိုပြီး ၄ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ RAM 4GB နဲ့ Storage 64GB မော်ဒယ်တစ်မျိူးသာ ရောင်းချမှာ ဖြစ်ပြီး စျေးနှုန်းကတော့ မြန်မာငွေ ၃၂၉,၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Honor Smarphones Honor 7X Honor Augmented Reality Face Unlock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed