ကျောဘက်မှာ 40-MegaPixel Triple Camera Setup နဲ့အတူ iPhone X မှာလို Notch ပါဝင်လာနိုင်တဲ့ Huawei P20

date_range 06 February 2018

ကျောဘက်မှာ 40-MegaPixel Triple Camera Setup နဲ့အတူ iPhone X မှာလို Notch ပါဝင်လာနိုင်တဲ့ Huawei P20

visibility 2120 Views

                မကြာမီ အချိန်အတွင်းမှာ MWC 2018 ပွဲကို ကျင်းပတော့မှာ ဖြစ်တာကြောင့် စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို MWC 2018 မှာ ပြသနိုင်ဖို့အတွက် အသည်းအသန် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံ စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Huawei ကတော့ သူတို့ရဲ့ မျိုးဆက်သစ် Flagship စမတ်ဖုန်းဖြစ်တဲ့ Huawei P20 ကို MWC 2018 မှာ ပြသသွားဖွယ် မရှိဘူးလို့ ကျွမ်းကျင် ပညာရှင် များက ခန့်မှန်းထားကြပါတယ်။

                Samsung ရဲ့ Flagship စမတ်ဖုန်း မော်ဒယ်အသစ် နှစ်ခုဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ ကို MWC 2018 မှာ မိတ်ဆက်ပြသသွားမှာ ဖြစ်တာကြောင့် Flagship စမတ်ဖုန်းတွေ တိုက်ဆိုင်နေမှာ ဖြစ်တဲ့အတွက် Huawei အနေနဲ့ ၎င်းတို့ရဲ့ Flagship စမတ်ဖုန်း P20 ကို MWC 2018 မှာ ပြသသွားနိုင်ခြေ မရှိဘူးလို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အခြား စမတ်ဖုန်း မော်ဒယ်တွေကိုတော့ Huawei အနေနဲ့ MWC 2018 မှာ ပြသသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                ဒါ့အပြင် Huawei အနေနဲ့ မတ်လ ၂၇ ရက်နေ့ ပဲရစ်မြို့မှာ Huawei Event ကို ကျင်းပသွားမှာ ဖြစ်တာကြောင့် P20 Flagship စမတ်ဖုန်းကို Huawei Event မှာ ပြသသွားဖို့က သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ကောလာဟလတွေအရ Huawei P20 စမတ်ဖုန်းကို Huawei P20, Huawei P20 Lite, Huawei P20 Plus စတဲ့ မော်ဒယ်သုံးမျိုးအနေနဲ့ မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။


                မကြာသေးမီအချိန်က SlashLeaks မှာ Huawei P20 အတွက် စမတ်ဖုန်းကာဗာ ဒီဇိုင်းတွေ ပေါက်ကြား ခဲ့ရာကနေ တစ်ဆင့် Huawei P20 မှာ ကျောကင်မရာ ၃ လုံးကို ဒေါင်လိုက်အနေထားနဲ့ တွေ့ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


                ဒါ့အပြင် ဒီဇင်ဘာလ ၂၀၁၇ ခုနှစ်တုန်းက နာမည်ကြီး Tipster တစ်ယောက်ဖြစ်တဲ့ Evan Blass သူ့ရဲ့ Twitter စာမျက်နှာမှာ ပြောကြားချက်များအရ အသစ်ထွက်ရှိလာမယ့် မျိုးဆက်သစ် Huawei P စီးရီး စမတ်ဖုန်းကို “Imaging Powerhouse” ဓါတ်ပုံရိုက်ကူးဖို့ အကောင်းဆုံး ဖုန်းတစ်လုံးအဖြစ် ညွှန်းဆိုထားပါတယ်။ Even Blass ရဲ့ ရေးသားဖေါ်ပြချက်များအရ Huawei P20 မှာ 40-Megapixel ကျောကင်မရာ ၃ လုံး ပါဝင်မှာ ဖြစ်ပြီး 5x Hybrid Zoom Feature လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Selfie ပိုင်းအတွက် 24-Megapixel Selfie Camera ကို အသုံးပြုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါသေးတယ်။


                နောက်ပြီး Huawei ရဲ့ အသစ်ထွက်ရှိလာမယ့် P Series Flagship စမတ်ဖုန်းတွေမှာ Apple ရဲ့ Face ID အတွက် အသုံးပြုထားတဲ့ “True Depth Camera” စနစ်လိုမျိုး အသုံးပြုနိုင်တဲ့ “Point Cloud Depth Camera” စနစ်ပါဝင်မှာ ဖြစ်တာကြောင့် Face Recognition စနစ်လည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ P20 ရဲ့ Camera Lens အားလုံးကို အရင် P Series စမတ်ဖုန်းတွေတုန်းကလို Leica ကပဲ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Slashleaks မှ ဖေါ်ပြချက်များအရ Huawei P20 မှာ iPhone X မှာလို Notch လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် P20 မှာ Huawei ရဲ့ ကိုယ်ပိုင် Processor တစ်ခုဖြစ်တဲ့ Kirin 970 AI-Powered Processor ကို အသုံးပြုလာနိုင်ပြီး Android Oreo နဲ့ ပွဲထွက်လာနိုင်တယ် လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV SlashLeaks SlashLeaks
About Author
Assinged Tags
Facial Recognition Technology Huawei Smartphones Smartphone Leaks Rumors Leaked information Leaks iPhone X FaceID iPhone X Notch
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed