Meizu ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ် စမတ်ဖုန်း Meizu 15 ရဲ့ ဓာတ်ပုံများပေါက်ကြား

date_range 30 January 2018

Meizu ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ် စမတ်ဖုန်း Meizu 15 ရဲ့ ဓာတ်ပုံများပေါက်ကြား

visibility 960 Views

                ၂၀၁၈ ခုနှစ်ဟာ Meizu အတွက်တော့ ကုမ္ပဏီသက်တမ်း ၁၅ နှစ်ပြည့်သွားတဲ့ခုနှစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၅ နှစ်ပြည့်၊ သလင်းရတု အထိမ်းအမှတ်အနေနဲ့ Meizu ကနေ Meizu 15 နဲ့ Meizu 15 Plus စမတ်ဖုန်း ၂ မျိူးကို ထုတ်လုပ်ရောင်းချသွားမယ်လို့ ကုမ္ပဏီရဲ့ CEO ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ ကုမ္ပဏီ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် Apple ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် iPhone 10 (iPhone X) မှာလို တမူထူးခြားတဲ့ Design၊ ကွဲလွဲတဲ့ Specification တွေနဲ့ ထွက်ရှိလာနိုင်ဖွယ် ရှိပါတယ်။

                ပြီးခဲ့တဲ့လက Meizu 15 နဲ့ Meizu 15 Plus ရဲ့  ဒီဇိုင်းပုံတွေနဲ့ စျေးနှုန်းတွေ ပေါက်ကြားခဲ့ဖူးသလို ဒီနေ့မှာလဲ Meizu 15 ရဲ့ ဓာတ်ပုံအချို့ ပေါက်ကြားခဲ့ပါသေးတယ်။ ဒီဓာတ်ပုံတွေဟာ Twitter မှတဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပြီး Meizu 15 ရဲ့ ဒီဇိုင်းမှအပ တခြား Specification တွေကိုတော့ အတိအကျ မသိရပါဘူး။

                ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံအရ Meizu 15 ရဲ့  ကျောဘက်က Dual Camera ကို Nokia Smartphone တွေမှာလို ဒေါင်လိုက် အသုံးပြုထားတာ တွေ့ရပါတယ်။ Dual Camera ရဲ့ အောက်မှာတော့ ငွေရောင်အဝိုင်းလေး ပါဝင်နေတာ တွေ့ရမှာပါ။ အဲဒီငွေရောင်အဝိုင်းလေးက ဘာလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် Meizu Pro 6 Plus မှာလို Laser Autofocus ဒါမှမဟုတ် 10-LED Flash ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

                ဖုန်းရဲ့ ရှေ့မျက်နှာပြင်မှာတော့ 18:9 Ratio Curved Display နဲ့အတူ Home Button လဲ ပါဝင်နေတာကို တွေမြင်ရမှာပါ။ Curved Display က Samsung Galaxy S8, Galaxy S7 Edge တို့မှာ အသုံးပြုထားတဲ့ Display ပုံစံမျိုး ဖြစ်ပါတယ်။ Meizu 15 ရဲ့ Home Button က အရင်မော်ဒယ်လ်တွေနဲ့ မတူဘဲ iPhone တွေရဲ့ Home Button လိုမျိူး အဝိုင်းလေး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

                Fingerprint Sensor ကိုတော့ Home Button မှာဘဲ ပေါင်းထည့်ထားနိုင်ဖွယ်ရှိပါတယ်။ Specification တွေကို အတိအကျ မသိရသေးပေမယ့် Meizu 15 Plus ရဲ့ Processor ကတော့ Qualcomm ရဲ့ Snapdragon 845 Processor နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ၂ မျိူး ထုတ်လုပ်နိုင်ဖွယ် ရှိတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

                Meizu ရဲ့  ၁၅နှစ်ပြည့် သလင်းရတုအထိမ်းအမှတ် စမတ်ဖုန်းဖြစ်တဲ့ Meizu 15 နဲ့ Meizu 15 Plus ကို လာမယ့် ဖေဖော်ဝါရီ လအတွင်းမှာ မြင်တွေ့နိုင်ဖွယ်ရှိပြီး Meizu 15 ကို တရုတ်ငွေ ၂,၉၉၉ ယွမ် ဝန်းကျင် ( မြန်မာငွေ ၆၃၀,၀၀၀ ကျပ် ဝန်းကျင်) နဲ့ Meizu 15 Plus ကို တရုတ်ငွေ ၃,၄၉၉ ယွမ် ဝန်းကျင် ( မြန်မာငွေ ၇၄၀,၀၀၀ ဝန်းကျင်) ကျသင့်နိုင်တယ်လို့  ခန့်မှန်းပြောဆိုထားကြပါတယ်။

This Article is contributed by Thaw Zin.
References
Android Authority
About Author
Assinged Tags
Smartphone Leaks Rumors Leaks Meizu Meizu 15 Meizu 15 Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed