Meizu ကုမ္ပဏီ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်မယ့် Meizu 15 Plus ဖုန်းရဲ့ ပုံရိပ်များ ထွက်ပေါ်လာ

date_range 13 December 2017

Meizu ကုမ္ပဏီ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်မယ့် Meizu 15 Plus ဖုန်းရဲ့ ပုံရိပ်များ ထွက်ပေါ်လာ

visibility 2600 Views

                Meizu ကုမ္ပဏီဟာ အခုလာမယ့် ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီသက်တမ်း ၁၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ်ပြည့်၊ သလင်းရတုအထိမ်းအမှတ်အနေနဲ့ Meizu ကနေ Meizu 15 နဲ့ 15 Plus ဖုန်း ၂ မျိုးကို ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်က ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့ Weibo Website မှာ ဖုန်းရဲ့ Packing ဘူးပုံကို တင်ပြီး ကြေညာခဲ့ပါတယ်။


                အခုအချိန်မှာတော့ Weibo Website ကနေပဲ Meizu 15 နဲ့ 15 Plus ရဲ့ ဒီဇိုင်းပုံတွေနဲ့ ဖုန်း ဈေးနှုန်းတွေ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ 


                အခုထွက်ရှိလာတဲ့ ဓါတ်ပုံတွေအရတော့ Meizu 15 နဲ့ 15 Plus ဖုန်းတွေက Design ပိုင်းနဲ့ အရွယ်အစားတူညီပြီး ပါဝင်တဲ့ RAM နဲ့ Storage ပဲကွာသွားမယ်လို့ ယူဆရပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းပုံကတော့ လက်ရှိ Meizu ဖုန်းတွေကနေ ကွဲထွက်နေပြီး Xiaomi Mi Mix 2 ဖုန်းလိုမျိုး ဖုန်းရဲ့ အပေါ်ဘက်နဲ့ ဘေးဘောင်တွေက အလွန်ပါးလွှာတာကို တွေ့ရပါတယ်။ Mi Mix 2 နဲ့ မတူညီတာကတော့ ဖုန်း Display က လေးထောင့်မဖြစ်နေပဲ အနားသတ်တွေကို ကွေးညွတ်ထားတာနဲ့ Fingerprint Scanner ကို ဖုန်းရဲ့ အရှေ့ဘက်အောက်မှာပဲ Home Key မှာထည့်သွင်းထားတာဖြစ်ပါတယ်။ 

                အဲ့ဒီအတွက် ဖုန်းရဲ့နောက်ဖက်မှာတော့ Dual Camera စနစ်နဲ့ Meizu Pro 6 ဖုန်းမှာပါဝင်ခဲ့တဲ့ 10 LED Ring Flash ကို ပြန်လည်အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ Front Selfie Camera ကတော့ ဖုန်းရဲ့ အရှေ့ဘက်အောက်ခြေ Home Key ဘေးရောက်သွားမယ်လို့ ယူဆရပါတယ်။ 


                အခု Weibo မှာပေါက်ကြားလာတဲ့သတင်းတွေအရတော့ Meizu 15 ဖုန်းက 2,999 Yuan ($450) နဲ့ Meizu 15 Plus ဖုန်းကိုတော့ 3,499 Yuan ($530) နဲ့ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။ 

References
GSMArena
About Author
Assinged Tags
Smartphones Rumors Meizu Meizu 15 Meizu 15 Plus Weibo Anniversary
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed