Redmi Note 5 စမတ်ဖုန်း ကို ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ Xiaomi

date_range 25 January 2018

Redmi Note 5 စမတ်ဖုန်း ကို ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ Xiaomi

visibility 4940 Views

                Flagship စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ Mi 7 ကို MWC 2018 မှာ ပြသသွားနိုင်တယ်လို့ ကောလာဟလ တွေ ထွက်ပေါ်နေတဲ့ Xiaomi ဟာ အခုအခါမှာလည်း Redmi Note 5 နဲ့ ပတ်သတ်ပြီး ကောလာဟလတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါပြီ။ Mi 7 Flagship စမတ်ဖုန်းကို မတ်လထဲမှာ ရောင်းချသွားဖွယ်ရှိတဲ့ Xiaomi ဟာ Budget စမတ်ဖုန်း ဖြစ်တဲ့ Redmi Note 5 ကို Mi 7 မတိုင်မီ ဖေဖော်ဝါရီလထဲမှာ ရောင်းချသွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                Redmi Note 4 စမတ်ဖုန်းတုန်းက လူကြိုက်များခဲ့တာကြောင့် Xiaomi အနေနဲ့ Redmi Note 5 စမတ်ဖုန်းတွေ ရောင်းချတဲ့အခါမှာ ပစ္စည်းပြတ်သွားတာမျိုး မကြုံရလေအောင် အမြောက်အမြား ထုတ်လုပ်နေကြောင်းလည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် မကြာသေးမီအချိန်ကလည်း Xiaomi MEE7S နဲ့ MET7S လို့ အမည်ရတဲ့ Device နှစ်ခုကို တရုတ်နိုင်ငံမှာ တင်သွင်းရောင်းချခွင့် 3C Approval တင်ထားတာ အောင်မြင်သွားပြီ ဖြစ်တာကြောင့် Redmi Note 5 ကို မော်ဒယ်နှစ်မျိုးအနေနဲ့ ရောင်းချသွားဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။


                Redmi Note 5 ရဲ့ ဒီဇိုင်းပိုင်းအတွက် Nano-Injection Molding Antenna တွေပါဝင်မယ့် Metallic Chassis ဒီဇိုင်းကို အသုံးပြုသွားဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Display ပိုင်းမှာတော့ ၅.၉၉ လက်မ အရွယ်အစားရှိ 18:9 Aspect Ratio Display နဲ့ ထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Resolution ပိုင်းမှာတော့ Redmi 5 Plus မှာလို FHD+ Resolution ကို Support လုပ်ပေးသွားနိုင်တယ်လို့ သိရပါတယ်။

                Redmi Note 5 စမတ်ဖုန်းဟာ Redmi Note Series စမတ်ဖုန်းတွေထဲမှာ Dual Camera Setup အသုံးပြုထားတဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ Rear Camera အတွက် 16 MP Primary Sensor နဲ့အတူ 5 MP Secondary Sensor ကို တွဲဖက် အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Selfie ပိုင်းအတွက်ကိုတော့ 8 MP Selfie Camera ကို အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။

                OS အနေနဲ့ Android Nougat OS ကို အခြေခံထားတဲ့ MIUI 9 ကို Redmi Note 5 မှာ အသုံးပြုလာ နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Redmi Note 5 စမတ်ဖုန်းမှာ အခုခေတ် Mid-Range စမတ်ဖုန်းတွေမှာတောင် ပါနေပြီဖြစ်တဲ့ Facial Recognition စနစ်လည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Redmi Note 5 ကို RAM 3GB, Storage 32 GB, Snapdragon 630 SOC နဲ့ Version အပြင် Snapdragon 636 SOC, RAM 4GB, Storage 64 GB နဲ့ Version ဆိုပြီး Version နှစ်မျိုးအနေနဲ့ မိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။

                ဈေးနှုန်းတွေအနေနဲ့ Redmi Note 5 32GB Version ကို ကန်ဒေါ်လာ ၂၃၇ ဒေါ်လာ (မြန်မာငွေ ၃သိန်း ၁သောင်း ဝန်းကျင်) ၊ Redmi Note 5 64GB Version ကို ကန်ဒေါ်လာ ၂၈၄ ဒေါ်လာ (မြန်မာငွေ ၃သိန်း ၇သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

References
GizmoChina TechTalkTV
About Author
Assinged Tags
Xiaomi Smartphone Leaks Rumors Leaks Redmi Note 5
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed