Bezel တွေလည်း နည်းသွားသလို Notch လည်း ပိုမိုသေးငယ်သွားတဲ့ မျိုးဆက်သစ် iPhone X ရဲ့ ပုံရိပ်များ ထွက်ပေါ်

date_range 23 January 2018

Bezel တွေလည်း နည်းသွားသလို Notch လည်း ပိုမိုသေးငယ်သွားတဲ့ မျိုးဆက်သစ် iPhone X ရဲ့ ပုံရိပ်များ ထွက်ပေါ်

visibility 2200 Views

                အရင်တစ်ပါတ်ကမှ မျိုးဆက်သစ် iPhone X မှာ Notch က ပိုမိုသေးငယ်သွားမယ်လို့ ကောလဟာလ သတင်းတစ်ခု ထွက်လာအပြီးမှာပဲ ဒီတစ်ပါတ်မှာတော့ Bezel တွေလည်း အခု iPhone X နဲ့ ယှဉ်မယ်ဆိုရင် မရှိသလောက် နည်းသွားသလို၊ Notch ကလည်း ပိုမိုသေးငယ်သွားတဲ့ မျိုးဆက်သစ် iPhone X ရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

                iDropNews ကနေ ပြုလုပ်ခဲ့တဲ့ မျိုးဆက်သစ် iPhone X ရဲ့ Rendered Image တွေဟာ ပုံရိပ်အစစ်အမှန်တော့ မဟုတ်သေးဘူး ဆိုပေမယ့် Apple ပရိတ်သတ်တွေ အတွက်ကတော့ All-Screen Design iPhone X တွေရဲ့ အနာဂါတ်ကို တွေးကြည့်ရင် ရင်ခုန်စရာကြီးပါ။ ဆက်လက်ပြီး iDropNews က မျိုးဆက်သစ် iPhone X ကို iPhone XI လို့လည်း ခေါ်သွားပါသေးတယ်။


                ဒီ Rendered Image တွေနဲ့အတူ Apple နဲ့ပက်သက်ရင် ပြောသမျှ၊ ခန့်မှန်းသမျှ မှန်လေ့ရှိတဲ့ Ming-Chi Kuo ကလည်းပဲ မျိုးဆက်သစ် iPhone X ဟာ Dual-SIM စမတ်ဖုန်းတစ်လုံး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ ပုံတွေကို သေသေချာချာကြည့်မယ်ဆိုရင် အရင်တစ်ပါတ်က ထွက်ရှိခဲ့တဲ့ ကောလဟာလ သတင်းထဲကလိုပဲ Face ID Sensor တွေကို FaceTime Camera ထဲမှာပဲ မြုပ်ထားတာကို တွေ့ရမှာပါ။


                နောက်ပြီး Back Camera တွေကလည်း အရှေ့ကို အရမ်းကြီး ထွက်မနေတော့ပဲ ဖုန်းထဲမှာတင် မြုပ်နေတာကို တွေ့ရမှာပါ။ Bezel တွေ ပိုပြီးနည်းသွားတဲ့ အတွက်လည်း အခု iPhone X နဲ့ ယှဉ်လိုက်မယ်ဆိုရင် မြင်ရတဲ့ အမြင်တင် မဟုတ်ပဲ All-Screen Design ဖုန်းတစ်လုံးလို ဖြစ်သွားပါတယ်။


                ဒါပေမယ့် Face ID Sensor တွေအကုန်လုံးကို FaceTime Camera ထဲမှာတင် ထည့်သွင်းသွားနိုင်ဖို့က အခုလက်ရှိ နည်းပညာနဲ့ မဖြစ်နိုင်သေးတဲ့အတွက် အခုပုံတွေထဲကအတိုင်း တစ်ပုံစံထဲ ထွက်လာမယ့် မျိုးဆက်သစ် iPhone X ကို ၂၀၁၉ ခုနှစ်ကျမှပဲ မိတ်ဆက်သွားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာလည်း ၂၀၁၈ ခုနှစ်ထဲမှာ မိတ်ဆက်သွားမယ့် မျိုးဆက်သစ် iPhone X မှာတော့ Bezel တွေ အခု iPhone X ထက် ပိုနည်းသွားမယ်လို့ ခန့်မှန်းထားကြပြန်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Rumors Apple iPhone X iPhone X Notch
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed