မျိုးဆက်သစ် iPhone X မှာ ပိုပြီးသေးငယ်သွားမယ့် Notch ကို မြင်တွေ့ရဖွယ်ရှိ

date_range 17 January 2018

မျိုးဆက်သစ် iPhone X မှာ ပိုပြီးသေးငယ်သွားမယ့် Notch ကို မြင်တွေ့ရဖွယ်ရှိ

visibility 3680 Views

                Apple တို့ရဲ့ iPhone ဆယ်နှစ်ပြည့်ထုတ် iPhone X ဟာ Bezel-less Display, Face ID, Wireless Charging စတဲ့ Feature သစ်တွေနဲ့အတူ Design ပိုင်းမှာလည်း အပြောင်းလဲကြီး ပြောင်းလဲခဲ့တဲ့ iPhone မျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် များပြားလှတဲ့ Face ID Sensors တွေဟာ Screen ရဲ့အပေါ်ဘက်မှာ နေရာယူလွန်းခဲ့တဲ့အတွက် All-Screen Design လို့ ပြောလို့တော့ မရသေးပါဘူး။

                Infrared Camera, Flood Illuminator, Proximity Sensor, Ambient Light Sensor, Dot Projector စတဲ့ Sensor တွေနဲ့အတူ Speaker, Microphone, FaceTime Camera တို့လည်း နေရာယူထားတဲ့ Screen ရဲ့အပေါ်ဘက်က Notch ကြီးဟာ iPhone ပရိတ်သတ်အချို့ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပါဘူး။ ဒီ Notch ကြီးဟာ Landscape Mode အသုံးပြုမယ်ဆိုရင် အနှောင့်အယှက်တစ်ခုလိုမျိုး ဖြစ်နေသလို Status Bar မှာလည်း Battery Percentage မပြနိုင်တာ၊ Background Tasks တွေကို မပြသနိုင်တာ၊ Notification Center နဲ့ Control Center ခေါ်ရတဲ့ Gestures တွေက ရှုပ်နေတာ၊ စတဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။

                ဒါ့ကြောင့် Apple အနေနဲ့ မျိုးဆက်သစ် iPhone X မှာ Notch ကို သေးနိုင်သမျှ သေးငယ်သွားအောင် ပြုလုပ်နိုင်ဖို့အတွက် Face ID Sensors တွေ အကုန်လုံးကို FaceTime Camera ထဲမှာပဲ ပေါင်းထည့်သွားမယ်လို့ တောင်ကိုရီးယား နည်းပညာ Website ET News က ဆိုပါတယ်။ 

                ဒါပေမယ့် ဒီလိုမျိုး လုပ်နိုင်ခဲ့မယ် ဆိုရင်တောင်မှပဲ All-Screen Design ကတော့ ရရှိနိုင်ဦးမှာ မဟုတ်ပါဘူး။ Microphone နဲ့ Speaker တို့ကိုလည်း နေရာပေးရဦးမှာ ဖြစ်တဲ့အတွက် Notch ထဲမှာ အနည်းဆုံးတော့ Hardware အစိတ်အပိုင်း ၃ ခုကတော့ ရှိဦးမှာပါ။ သို့ပေမယ့်လည်း အခု Notch ကြီးလိုမျိုးတော့ နေရာအရမ်းယူတော့မှာ မဟုတ်ပါဘူး။

                All-Screen Design နဲ့ iPhone ကတော့ နောက်ထပ်နှစ်ပေါင်းများစွာ စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ Smartphone ကုမ္ပဏီတွေဟာ Display အောက်မှာတောင် Fingerprint Sensor ကို ထားနိုင်လာပြီ ဖြစ်တဲ့အတွက် Speaker အစ Microphone နဲ့ Front Camera အဆုံး Display အောက်မှာ ထားနိုင်တော့မယ့် နည်းပညာတွေလည်း မကြာခင်ပေါ်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone Apple iPhone X FaceID iPhone X Notch
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed