ပိုပြီး အဆင့်မြင့်တဲ့ AI နည်းပညာတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားနိုင်တဲ့ Honor Magic 2

date_range 12 December 2017

ပိုပြီး အဆင့်မြင့်တဲ့ AI နည်းပညာတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားနိုင်တဲ့ Honor Magic 2

visibility 2220 Views

                ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက Huawei ကနေ Honor Magic ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ Honor Magic ဟာ Huawei အတွက် ပထမဆုံး AI နည်းပညာကို စတင်ထည့်သွင်းလာခဲ့တဲ့ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။

                မူလ Honor Magic မှာ ဘယ်လိုကွဲထွက်နေတဲ့ Features တွေပါဝင်ခဲ့လည်းဆိုရင် Infrared Sensor နဲ့ Front Facing Camera တွေ ပေါင်းစပ်ပြီး ဖုန်းပိုင်ရှင်ကိုင်လိုက်တာနဲ့ လက်နဲ့ မျက်နှာကို Scan ဖတ်ပြီး Phone Screen ကို ဖွင့်ပေးတာ၊ Register လုပ်ထားတဲ့ မျက်နှာတွေကလွဲပြီး အခြားသူတွေက ဖုန်းရဲ့ Lock Screen မှာ ပေါ်နေတဲ့ Notifications တွေကို မမြင်ရတာ စတဲ့ Feature တွေအပါအဝင် အခြား Huawei ရဲ့ Deep Think လိုမျိုး ကိုယ်သုံးနေတဲ့အပေါ်မူတည်ပြီး အခြားအချက်အလက်တွေကို အကြံပေးမယ့် နည်းပညာတွေ တော်တော်များများ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


                ပထမ Honor Magic ဖုန်းထွက်လာပြီးနောက် တစ်နှစ်လောက်အကြာမှာ ထွက်လာမယ့် အခု Honor ဖုန်းအသစ်က Magic 2 ဖြစ်လာဖို့ များတယ်လို့ ပြောရမှာပါ။ အခုအချိန်မှာ Huawei ရဲ့ နောက်ဆုံးထွက် Chipset ဖြစ်တဲ့ Kirin 970 ကလည်း AI နည်းပညာတွေအတွက် NPU Chip တစ်ခုသီးသန့်ပါတော့ Magic 2 မှာလည်း အဆိုပါ Chipset ပဲသုံးလာမယ်လို့ ယူဆရပါတယ်။


                အခု Huawei ကထုတ်ထားတဲ့ Teaser ပုံအရတော့ "4" ကို အဓိကထားထားတာကို တွေ့ရတဲ့အတွက် အခုထွက်ရှိလာမယ့် Honor ဖုန်းက Huawei Nova 2i နဲ့ Nova 2s မှာလိုမျိုး ကင်မရာ ၄ လုံးပါဝင်လာမယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ပထမ Honor Magic ဖုန်းက AI ပိုင်းမှာ တီထွင်ဆန်းသစ်မှုအဖြစ်ဆုံးဖုန်းတစ်ခုဖြစ်ခဲ့တဲ့အတွက် အခု Magic 2 ကိုလည်း AI နည်းပညာပိုင်းမှာ မျှော်လင့်ချက်နဲ့ စောင့်ကြည့်ရမှာပါ။

References
GSMArena
About Author
Assinged Tags
Artificial Intelligence Huawei Smartphones Kirin 970 Honor Magic Honor Magic 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed