အင်တာနက်မှာ ပျံ့နေတဲ့ iPhone X ရဲ့ Notch ဒီဇိုင်းနဲ့ ဓာတ်ပုံဟာ Mi MIX 2s မဟုတ်ဘဲ Mi MIX 2 သာ ဖြစ်

date_range 09 November 2017

အင်တာနက်မှာ ပျံ့နေတဲ့ iPhone X ရဲ့ Notch ဒီဇိုင်းနဲ့ ဓာတ်ပုံဟာ Mi MIX 2s မဟုတ်ဘဲ Mi MIX 2 သာ ဖြစ်

visibility 24640 Views

                အခုလက်ရှိ အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ Xiaomi စမတ်ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံကို မြင်တွေ့ပြီးကြပြီ ထင်ပါတယ်။ မတွေ့ရသေးရင်လည်း အောက်ပါဓာတ်ပုံမှာ ကြည့်နိုင်ပါတယ်။


                လက်ရှိထွက်နေတဲ့ ကောလာဟလသတင်းတွေမှာ iPhone X ကလို စခရင်အပေါ်ဘက်မှာ အဝိုက်လေး (Notch) ပါတဲ့ ယခုဖုန်းဟာ Mi Mix 2 ရဲ့ နောက်ထပ်မော်ဒယ်အသစ် Mi Mix 2s ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒီဖုန်းဟာ Mi MIX 2s မဟုတ်ဘဲ Mi MIX 2 ဖုန်းသာ ဖြစ်ပါတယ်။ 

                ဒီကောလာဟလတွေဟာ Xiaomi ကနေ Mi MIX 2 ဖုန်းကို မိတ်ဆက်တုန်းက ပြောသွားခဲ့တဲ့စကားတွေကို ပြန်လည်ကိုးကားပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ Xiaomi ဟာ Mi MIX 2 ကို မိတ်ဆက်တုန်းက သူတို့အနေနဲ့ Front Camera ထားဖို့ ဒီဇိုင်းအမျိုးမျိုးစဉ်းစားခဲ့ကြောင်းနဲ့၊ အဆိုပါဒီဇိုင်းတွေထဲမှာ Display အပေါ်ဘက်ကို ဝိုက်ပြီး Front Camera အတွက် နေရာချန်ထားတဲ့ ဒီဇိုင်းလည်း ပါဝင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အရင် Mi MIX လိုပဲ Camera Module ကို ဖုန်းအောက်ဘက်က အနည်းငယ်ကျန်နေသေးတဲ့ ဘောင်မှာပဲ ထည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့  Xiaomi က ရှင်းပြသွားခဲ့ပါတယ်။

                အခုထွက်ရှိလာတဲ့ ဓာတ်ပုံမှာလည်း Mi Mix 2 ပုံစံစမတ်ဖုန်းကိုမှ အပေါ်ဘက်မှာ iPhone X လို Notch လေး ပါနေတာကြောင့်၊ တော်တော်များများက ဒီဖုန်းဟာ Mi MIX 2 ရဲ့ နောက်ထပ်မော်ဒယ်အသစ် Mi MIX 2s လို့ ဆိုနေကြတာ ဖြစ်ပါတယ်။

                ဒါပေမယ့် အခုပုံကို သေချာကြည့်မယ်ဆိုရင် ဖုန်းရဲ့ အောက်ဘက် Bezel တွေကို တမင်တကာ ထိန်ချန်ထားတာ တွေ့ရမှာပါ။ ဒီ့အပြင် iPhone X ကို မိတ်ဆက်ပြီးကတည်းက MIUI Theme Store အပြင် Google Play Store မှာပါ iPhone X ရဲ့ Notch နဲ့ Display ဒီဇိုင်းကို တုပထားတဲ့ Theme တွေ၊ App တွေ အများကြီး ထွက်ပေါ်လာပြီး ဖြစ်ပါတယ်။ ယခုဓာတ်ပုံထဲက ဖုန်းဟာလည်း iPhone X ရဲ့ Notch ကို တုပထားတဲ့ Theme တစ်ခုခုကို အသုံးပြုထားတဲ့ Mi  MIX 2 ဖုန်းသာဖြစ်ပြီး၊ Mi MIX 2s လုံးဝမဟုတ်ဘူးလို့ Android Central website က အခိုင်အမာဆိုထားပါတယ်။


                iPhone X ရဲ့ Notch ကြီးကိုများ ဘာတွေကြိုက်နေကြလို့ လိုက်တုပနေကြလဲဆိုတာကတော့ စဉ်းစားမရပါဘူး။ iPhone X ထက်အရင် Andy Rubin ရဲ့ Essential စမတ်ဖုန်းမှာလည်း Display က ဒီလို Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပေမယ့်၊ သိပ်ပေါ်ပြူလာမဖြစ်ခဲ့ဘဲ iPhone X ကျမှ အားလုံး သတိထားမိသွားတာလို့ ဆိုရမှာပါ။


References
Android Central
About Author
Assinged Tags
Xiaomi Smartphones Bezel-less smartphone Mi MIX 2 Bezel-Less Display iPhone X Mi MIX 2s
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed