FCC Certified ရရှိသွားပြီဖြစ်တဲ့ ခေါက်သိမ်းနိုင်တဲ့ Dual Screen နဲ့ ZTE Axon M

date_range 11 October 2017

FCC Certified ရရှိသွားပြီဖြစ်တဲ့ ခေါက်သိမ်းနိုင်တဲ့ Dual Screen နဲ့ ZTE Axon M

visibility 2700 Views

                ZTE ဟာ US Market ထဲကို နည်းပညာအသစ်အဆန်းပါဝင်တဲ့ စမတ်ဖုန်းတစ်ခုနဲ့ ဝင်ရောက်လာဖို့ ရှိနေပါတယ်။ အဲ့ဒါကတော့ Codename "Axon Multy" လို့နာမည်ရတဲ့ ခေါက်သိမ်းနိုင်တဲ့ Screen ၂ ခု ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုပါ။ ZTE အနေနဲ့ အဆိုပါ Axon M စမတ်ဖုန်းကို လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ကြရင် Brooklyn မှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအကြောင်း ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက သတင်းပေါက်ကြားခဲ့ဖူးပြီး၊ အခုတော့ ဒီသတင်းတွေက တကယ်ဖြစ်လာတော့မှာပါ။


                ZTE Axon M ရဲ့ အဓိကထူးခြားချက်ကတော့ ခေါက်သိမ်းနိုင်တဲ့ Design ဖြစ်ပြီး၊ Screen နှစ်ဖက်ပါဝင်မှာဖြစ်တဲ့အတွက် ခေါက်ထားလိုက်ရင် ဖုန်းရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာပါ Screen တစ်ခုစီရှိနေမှာဖြစ်ပါတယ်။ အဆိုပါ Screen တစ်ခုစီမှာ Full HD 1080p Resolution ရှိမှာဖြစ်ပြီး တကယ်လို့ ခေါက်ထားတာကို ဖြန့်လိုက်မယ်ဆိုရင် 6.8" 2160×1920 Pixels Resolution ပါဝင်တဲ့ Screen အကြီးဖြစ်သွားမှာဖြစ်ပါတယ်။ 

                အဆိုပါ ZTE Axon M စမတ်ဖုန်းက စွမ်းဆောင်ရည်ပိုင်းအရလည်း အနိမ့်ကြီးမဟုတ်ပဲ Qualcomm Snapdragon 820 Processor, RAM 4GB နဲ့ 32GB Internal Storage ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာကတော့ Dual Camera စနစ်မဟုတ်ပဲ Single 20 MP Camera ပါဝင်လာမှာဖြစ်ပြီး 3120mAh Battery ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 

                ZTE Axon M စမတ်ဖုန်းကို ဒေါ်လာ ၆၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Android 7.1.2 Nougat နဲ့ ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones ZTE Dual Screen Axon M
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed