ZTE ကနေ မျက်နှာပြင်နှစ်ခုကို ခေါက်သိမ်းလို့ရတဲ့စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးသွားဖွယ်ရှိ

date_range 29 September 2017

ZTE ကနေ မျက်နှာပြင်နှစ်ခုကို ခေါက်သိမ်းလို့ရတဲ့စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးသွားဖွယ်ရှိ

visibility 400 Views

                တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ဟာ စမတ်ဖုန်းမျက်နှာပြင်ကိုနှစ်ခုကို ခေါက်သိမ်း/ဖြန့်ကျက် နှစ်မျိုးအသုံးပြုလို့ရတဲ့ “Axon M” Flagship စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးသွားမယ်လို့ သိရှိရပါတယ်။ Display ကိုဖြန့်ကျက်ပြီးအသုံးပြုတဲ့အခါမှာလည်း မျက်နှာပြင်အကျယ်အ၀န်း 6.8 လက်မ ရှိတဲ့ Android Tablet အသေးစားသဖွယ်အသုံးပြုလို့ရလာမှာဖြစ်တယ်လို့လည်း သိရှိထားရပါတယ်။


                ဒီသတင်းနဲ့ Axon M ရဲ့ ပုံရိပ်ကိုတော့ Android Authority ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအကြောင်းကို စက်တင်ဘာလအစောပိုင်းကတည်းက Mobile သတင်းပေါက်ကြားမှုတွေမှာ ဆရာတစ်ဆူဖြစ်တဲ့ Evan Blass ကနေ Venture Beat မှာ ကောလာဟလတစ်ခု ရေးသားထားခဲ့ပါသေးတယ်။ အခုပုံရိပ်တွေလည်း ထွက်ရှိထားတယ်ဆိုတော့ ZTE ဟာ တကယ်ကိုပဲ ဒီ Axon M စမတ်ဖုန်းကို တရား၀င်မိတ်ဆက်လာဖွယ်ရှိတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

                ဆက်လက်သိရှိချက်တွေအရ Axon M စမတ်ဖုန်းမှာ Qualcomm Snapdragon 820 Processor, 4GB RAM, 32GB Internal Storage, 3,120 mAh Battery နဲ့ 20-Megapixel Camera တွေပါ၀င်လာမှာဖြစ်ပါတယ်။ ဒီထဲကမှ ထင်ရှားတဲ့ Feature အနေနဲ့ 1080p Display နှစ်ခုကို အရှေ့မှာကော၊ အနောက်မှာပါတပ်ဆင်ထားပြီး၊ ဖြန့်ကျက်လိုက်တာနဲ့ Tablet Size Screen တစ်ခုအနေနဲ့ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ 

                Android Authority ရဲ့ပြောကြားချက်အရ ဒီ Screen နှစ်ခုစလုံးဟာ မတူညီတဲ့ App နှစ်ခုစလုံးကိုလည်း တစ်ပြိုင်နက်တည်းအသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ Split-Screen နဲ့ Multitasking ကို ဦးစားပေးထားတဲ့ Android Oreo နဲ့ပေါင်းဖက်လိုက်မယ်ဆိုရင်တော့ အတော်လေးကို အသုံးပြုရကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာ အမှန်ပါပဲ။ 

                ဒီလိုမျိုး Display ကိုခေါက်နိုင်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်ဖို့ကို Samsung ကလည်း ကြိုးစားနေပြီး Galaxy X လို့ခေါ်တဲ့ စမတ်ဖုန်းကိုလည်း ၂၀၁၈ ဧပြီလလောက်မှာ တွေ့မြင်လာရဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်စမတ်ဖုန်းက အရင်ဆုံးထွက်လာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ 

                ZTE ကနေ Axon M စမတ်ဖုန်းကို ဘယ်လိုမိတ်ဆက်ပေးလာမလဲဆိုတာနဲ့ Bezel-Less ဒီဇိုင်းနဲ့ စမတ်ဖုန်းတွေအပြီးမှာ စမတ်ဖုန်းတွေရဲ့ Trend အသစ်ဟာ ဒီလို Display တွေခေါက်သိမ်းလို့ရတဲ့ စမတ်ဖုန်းတွေဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Android Smartphones ZTE Foldable Smartphone Foldable Display Axon M
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed