BlackBerry ကုမ္ပဏီကနေပြီးတော့ QWERTY Physical Keyboard မပါ၀င်တဲ့ BlackBerry Motion စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးလာဖွယ်ရှိပါတယ်။ အခုထွက်လာမယ့် BlackBerry Motion ဟာလည်း BlackBerry KeyOne လို Mid-Range Specifications တွေနဲ့ပဲ တွေ့မြင်လာမယ်လို့ ယူဆရပါတယ်။ ဒီ BlackBerry Motion အတွက် ပုံရိပ်ကို စမတ်ဖုန်းသတင်းတွေပေါက်ကြားမှုမှာ ဆရာတစ်ဆူဖြစ်တဲ့ Venture Beat က Evan Blass ရဲ့ Twitter ကနေတစ်ဆင့် ရရှိခဲ့တာဖြစ်ပါတယ်။
Goodbye, Krypton.
— Evan Blass (@evleaks) October 5, 2017
Hello, BlackBerry Motion pic.twitter.com/lBsdpORHW4
ထွက်ရှိထားတဲ့ပုံအရ ဖုန်းရဲ့အရှေ့ဘက်ခြမ်းမှာ BlackBerry Home Button တစ်ခုပါ၀င်မှာဖြစ်ပြီး၊ Fingerprint Scanner ကိုလည်း Home Button ထဲမှာပဲ ထည့်သွင်းပေးထားဖို့ရှိပါတယ်။
စမတ်ဖုန်းရဲ့ညာဘက်ဘောင်မှာတော့ Power နဲ့ Volume Button တွေအပြင်၊ Physical Button တစ်ခုထပ်ပြီးတော့ ပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Button ကိုနှိပ်ပြီး သီချင်းဖွင့်တာမျိုး (ဒါမှမဟုတ်) Camera App ကိုဖွင့်တာမျိုး စတဲ့ Function Button တစ်ခုအနေနဲ့ ပါ၀င်လာမယ်လို့ ယူဆရပါတယ်။
ဖုန်းရဲ့အောက်ဘက်မှာတော့ USB Type-C Port နဲ့အတူ 3.5 mm Headphone Jack ပါ၀င်မှာဖြစ်ပြီး၊ Speaker နဲ့ Microphone အတွက် အပေါက်တွေကို ညာဘက်ခြမ်းနားလောက်မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Specification တွေအနေနဲ့ကတော့ BlackBerry Motion မှာ Snapdragon 625 SoC ကိုအသုံးပြုထားပြီး၊ RAM အနေနဲ့ 4GB ပါ၀င်လာမယ်လို့ အကြမ်းဖျင်းအရ သိရှိထားရပါတယ်။ Full-HD Display လည်းပါ၀င်လာဖို့ရှိပြီး၊ Battery အနေနဲ့ 4000 mAh ပါ၀င်လာမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ BlackBerry Motion အတွက် စျေးနှုန်း ဘယ်လောက်နဲ့ ရောင်းချပေးမယ်ဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ BlackBerry KeyOne တုန်းကတော့ USD $500 ခန့်နဲ့တွေ့မြင်ခဲ့ရတာကြောင့် ဒီ BlackBerry Motion ဟာ အနည်းဆုံး USD $450 နဲ့အထက်မှာရှိလောက်မယ်လို့ ခန့်မှန်းရပါတယ်။
Join Us On