OnePlus 3/3T တို့အတွက် Android O နောက်ပိုင်း Update ဆက်လက်ရရှိမည်မဟုတ်

date_range 13 August 2017

OnePlus 3/3T တို့အတွက် Android O နောက်ပိုင်း Update ဆက်လက်ရရှိမည်မဟုတ်

visibility 660 Views

                OnePlus ဟာ OnePlus 3/3T တို့အတွက် Android O နောက်ပိုင်းမှာ OS Update ဆက်လက်ရရှိတော့မှာ မဟုတ်တဲ့အကြောင်းကို OnePlus Forum ရဲ့ Q&A Post တစ်ခုအရ သိရှိရပါတယ်။ 

                OnePlus 3/3T တို့ဟာ Android 8.0 နောက်ပိုင်မှာ Android 8.1, 8.2 စသဖြင့် Android Update တွေကိုတောင် ရရှိဖို့မသေချာပါဘူး။ ဒါပေမဲ့လည်း OnePlus ကုမ္ပဏီအနေနဲ့ OnePlus 3/3T တို့အတွက် Google မှထုတ်လုပ်ပေးထားတဲ့ Security Updates တွေကိုတော့ ဆက်လက်ထည့်သွင်းပေးမှာလို့ သိရှိရပါတယ်။ 

                OnePlus အနေနဲ့ နောက်နှစ်လလောက်မှာလည်း OnePlus 3/3T တို့အတွက် Securiy Update Patch နဲ့ Oxygen OS 4.5 ကိုထုတ်လုပ်ပေးသွားမယ်လို့ သိရှိထားပါတယ်။ OnePlus မှ OnePlus 3 ကို လွန်ခဲ့တဲ့နှစ် ဇွန်လက မိတ်ဆက်ပေးခဲ့ပြီး၊ OnePlus 3T ကိုတော့ အနည်းငယ်နောက်ကျပြီး လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာမှ မိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

                ဖုန်းနှစ်လုံးစလုံးဟာ ထွက်ရှိထားတာ တစ်နှစ်ကျော်ပဲရှိသေးပြီး၊ သာမန်အတိုင်းဆို Software Support ဟာ အနည်းဆုံး နှစ်နှစ်ခန့် OEM တိုင်းဆက်လက်ထုတ်ပေးကြပါတယ်။ ဒါပေမဲ့လည်း OnePlus အနေနဲ့ OnePlus 2 တုန်းက Android Nougat Update ကို နှစ်နှစ်မပြည့်သေးတာတောင်မှ ဆက်လက်ထုတ်လုပ်ပေးခဲ့ခြင်းမရှိ ပါဘူး။

                အထူးသဖြင့် OnePlus လို Android Stock UI ကို အနည်းငယ်ပဲပြုပြင်ထားတဲ့ Oxygen နဲ့ Hydrogen OS ဟာ Software Update ထုတ်လုပ်ပေးရာမှာ တခြားကိုယ်ပိုင် UI သုံးစွဲတဲ့ Huawei, Samsung နဲ့ Xiaomi တို့လို အခက်အခဲအများကြီးမရှိပါဘူး။ ဒါပေမဲ့လည်း OnePlus ဟာ တစ်နှစ်ကျော်ကြာသွားတဲ့ စမတ်ဖုန်းတွေကို အခုလို Android OS Update တွေဆက်လက်ထုတ်လုပ်ပေးခြင်းမရှိတဲ့အတွက် အနည်းငယ် စိတ်ပျက်စရာကောင်းပါတယ်။

References
Android And Me
About Author
Assinged Tags
Android O Update Android Operating System OnePlus OnePlus 3 OnePlus 3T System Update Oxygen OS Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed