Android O ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Google

date_range 22 March 2017

Android O ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Google

visibility 9100 Views

                ကိုယ်တွေ Android Marshmallow လေး သုံးကောင်းနေတုန်း၊ Android 7.1.2 Nougat Beta ဗားရှင်းလေး ထွက်တာတောင် ရက်ပိုင်းပဲရှိတုန်းမှာပဲ Google က Android O (Android 8) ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

                Developer Preview အနေနဲ့ စတင်ထွက်ရှိလာတဲ့ Android O ဟာ ထုံးစံအတိုင်း အင်္ဂလိပ်အက္ခရာအစဥ်အတိုင်းပဲ ပေးထားတာဖြစ်ပြီး၊ Code Name အတိအကျကိုတော့ မပေးရသေးပါဘူး။ Android OS တွေ ထုံးစံအတိုင်း အချိုမုန့်နာမည်တွေပဲ ပေးနေကြဆိုတော့ ဝိုင်းပြီး နာမည်လေးခန့်မှန်းပေးကြပါဦး။

                Android 8 ဖြစ်တဲ့ Android O ဟာ လောလောဆည် Developer Preview သာဖြစ်တာကြောင့်၊ ဘာ Features အသစ်တွေ ပါဝင်လာလဲဆိုတာ အစုံမသိရသေးပေဘဲ၊ Google I/O 2017 ပွဲကျမှ အပြည့်အစုံ ကြေငြာဖွယ်ရှိပါတယ်။

                လောလောဆည် Developer Preview မှာ ပါဝင်လာတဲ့ Feature အသစ်တွေထဲမှာ အထူးခြားဆုံးနဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ “Background Limits” ပါ။

                Background Limits မှာ Background မှာ Run နေတဲ့ Apps တွေကို ထိန်းချုပ်နိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ ဥပမာ - Background မှာ Run နေတဲ့ Apps တွေအနေနဲ့ Locating Updates တွေ မလုပ်နိုင်အောင် လုပ်ထားနိုင်မှာဖြစ်တာကြောင့်၊ ဘက်ထရီအသုံးပြုမှုတော်တော်နည်းသွားမှာပါ။

                အခုသိထားသလောက် နောက်ထပ်ပါဝင်တဲ့ Features တွေကတော့ Notifications Channel ၊ Picture-in-Picture Mode နဲ့ ဘက်ထရီသက်တမ်းခြွေတာပေးမယ့် Features တွေဖြစ်ပါတယ်။

                Android O Developer Preview ကို ယခုပဲ Download ပြုလုပ်နိုင်ပြီး၊ လတ်တလောပါဝင်လာတဲ့ Features အပြည့်အစုံကို ဆောင်းပါးနဲ့တကွ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Google Android Operating System Android O
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed