Huawei Honor 6X (Huawei GR5 2017) အတွက် Android Nougat Update ထွက်ရှိ

date_range 04 May 2017

Huawei Honor 6X (Huawei GR5 2017) အတွက် Android Nougat Update ထွက်ရှိ

visibility 400 Views

                ၂၀၁၆ အောက်တိုဘာတွင် ထွက်ရှိခဲ့သော Huawei Honor 6X (Huawei GR5 2017) အတွက် Android 7.0 Nougat Update စတင် ထွက်ရှိလာပြီဖြစ်ပါတယ်။  ဒီ Update ဟာဆိုရင် beta tester များအတွက် March လ အစောပိုင်းတွင် စမ်းသပ်ရန် Beta release ထွက်ရှိလာခဲ့ပြီး အခုအခါမှာတော့ Huawei Honor 6X (Huawei GR5 2017) ဖုန်းများအားလုံးအတွက် ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  Update size ဟာဘယ်လောက်ရှိမယ်၊ Over The Air (OTA Updates) အနေနဲ့ထွက်ရှိလာမှာလားဆိုတာကိုတော့ Huawei ဘက်မှ ဘာမှပြောကြားထားခြင်းမရှိသေးပါဘူး။

                အခုထွက်ရှိလာမယ့် update မှာတော့ Android Version Update အပြင် EMUI 5.0 Update ပါ ပါ၀င်လာမှာဖြစ်ပြီး ဒီဇိုင်းအသစ်၊ UI ပုံစံအသစ်နဲ့အတူ ယခင်ကလို Home Launcher မှာပဲ App Icon တွေစုပြုံနေတာမျိုးမလိုချင်တဲ့သူတွေအတွက် App Drawer ပုံစံမျိုးကို ရွေးချယ်ခွင့်ရှိလာမှာပဲဖြစ်ပါတယ်။

                နောက်ထပ် Key Feature ကတော့ Huawei Honor 6X (Huawei GR5 2017) ကို အသုံးပြုမှုများအား မှတ်သားထားပြီး လိုသလို Hardware နဲ့ resources တွေကိုချိန်ညှိပေးမယ့် Self-Learning Feature ပါ၀င်လာမှာ ဖြစ်တဲ့အတွက် Performance ဟာယခင် Update တွေထက် ပိုမိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ 

Author Notes : နိုင်ငံအပေါ်မူတည်ပြီး Update ရရှိမယ့်ရက် ကွဲပြားနိုင်ပါတယ်။ 


References
Android Authority
About Author
Assinged Tags
Android Huawei Nougat Android Nougat EMUI news Huawei Honor 6X Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed