iPhone 8 တွင် Resize လုပ်နိုင်သော Home Button ပါဝင်လာနိုင်ပြီး Facial Recognition ကို Apple Pay အတွက်ပါ အသုံးပြုနိုင်မည်

date_range 12 August 2017

iPhone 8 တွင် Resize လုပ်နိုင်သော Home Button ပါဝင်လာနိုင်ပြီး Facial Recognition ကို Apple Pay အတွက်ပါ အသုံးပြုနိုင်မည်

visibility 1140 Views

                Apple မှ မတော်တဆ ထုတ်ပေးမိခဲ့တဲ့ HomePod Firmware ထဲက ရရှိတဲ့ iPhone 8 နဲ့ ပက်သက်တဲ့ သတင်းတွေ ကတော့ အခုချိန်ထိ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာနေပါတယ်။ HomePod Firmware ထဲမှာ မွှေနှောက် ရှာဖွေနေတဲ့ Developer တွေအတွက်တော့ iPhone 8 ရဲ့ အချက်အလက်တွေဟာ ရှာဖွေလေ၊ တွေ့ရှိလေ ပါပဲ။ iPhone 8 ရဲ့ Virtual Home Button ဟာ လိုအပ်သလို Resize လုပ်နိုင်မှာ ဖြစ်ပြီး၊ Apple Pay ငွေပေးချေမှုတွေ အတွက် Facial Recognition ကို အသုံးပြုနိုင်မယ် လို့ နောက်ဆုံးရ သတင်းတွေက ဆိုပါတယ်။

                Firmware ထဲက အချက်အလက်တွေကို ရှာဖွေဖော်ထုတ်လေ့ ရှိတဲ့ Developer Guilherme Rambo ရဲ့ Twitter မှာ ပြောကြားချက်တွေအရ iPhone 8 ရဲ့ Facial Recognition Feature ဟာ မျက်နှာ တစ်ခုထက်ပိုပြီး မှတ်သား သိမ်းဆည်း ထားနိုင်မယ် လို့ သိရပါတယ်။ Touch ID ကို Apple Pay အတွက် အသုံးပြုနိုင်ခဲ့သလိုပဲ Facial Recognition ကိုလဲ ငွေပေးချေမှုတွေအတွက် အသုံးပြုနိုင်လိမ့်မယ် လို့ ဆိုပါတယ်။ ဖုန်းရဲ့ Front Camera သာမက အနောက်ဘက် Rear Camera ကပါ မျက်နှာတွေကို Scan ဖတ်နိုင်လိမ့်မယ် လို့လည်း သိရပါတယ်။

                စိတ်ဝင်စားစရာ ကောင်းတာကတော့ “multi biometric” ဆိုတဲ့ စကားလုံးကို Firmware ထဲမှာ တွေ့မြင်ခဲ့ရတာ ဖြစ်ပြီး၊ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို အသုံးပြုတဲ့ Biometric လုံခြုံရေးစနစ် (၂) ခုကို အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေအတွက် 2-Step Authentication အနေနဲ့ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ ဆိုလိုရင်းကတော့ Facial Recognition နဲ့အတူ လက်ဗွေ လုံခြုံရေးစနစ် Touch ID ကိုပါ တွဲဖက် အသုံးပြုပြီး လုံခြုံရေး အဆင့်မြှင့်တင် ထားနိုင်မှာ ဖြစ်ပါတယ်။


                Screen အပြည့်ဖြစ်လာမယ့် iPhone 8 ရဲ့ မျက်နှာပြင်မှာ လက်ရှိသုံးနေကျ Home Button ကို ထည့်သွင်းဖို့နေရာ မရှိတော့ပါဘူး။ အဲ့ဒါကြောင့် Home Button ကို Screen မှာ တစ်ခါတည်း ထည့်သွင်းပေးမှာ ဖြစ်ပြီး၊ အဲ့ဒီ့ Virtual Home Button ကို လိုအပ်သလို Resize လုပ်နိုင်မယ်လို့ Developer Steve Troughton-Smith က Twitter မှာ ရေးသားခဲ့ပါတယ်။ Screen ကို မျက်နှာပြင် အပြည့်အထိ ချဲ့လိုက်လို့ ပိုလာတဲ့ ဖုန်းအောက်ပိုင်းက ဧရိယာကိုလည်း ကျဉ်းနိုင်၊ ကျယ်နိုင်မှာ ဖြစ်ပြီး၊ Home Button ကိုလည်း လိုအပ်ရင် Hide လုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။


                ဖုန်းကို တည့်တည့်ကြည့်ပြီး အသုံးပြုနေတဲ့ အချိန်မှာ ဝင်လာတဲ့ Notification တွေဟာ Silent ဖြစ်နေမယ့် Feature လဲ ပါဝင်လာဖွယ် ရှိပါတယ်။ Android ဖုန်းတွေမှာ တွေ့မြင်နေကျ ဖြစ်ပေမယ့် iPhone မှာတော့ အခုမှ စတင် ထည့်သွင်းမယ့် Virtual Home Button ကို ဘယ်လို ပုံစံနဲ့ တွေ့မြင်ရမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အသစ်ပါဝင်မယ့် Facial Recognition ကလည်း Touch ID တုန်းကလို အောင်မြင်မှု ရရှိနိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

References
The Verge
About Author
Assinged Tags
Facial Recognition Technology iPhone 8 related news HomePod HomePod Firmware Touch ID Resizable Home Button Multi Biometric Virtual Home Button Apple Pay
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed