60 FPS Video Recording ရရှိလာတော့မယ့် HTC U11

date_range 09 August 2017

60 FPS Video Recording ရရှိလာတော့မယ့် HTC U11

visibility 960 Views

                HTC က နောက်ဆုံးထွက် Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ HTC U11 အတွက် 1080p မှာ 60 FPS Video Recording ပါ ရရှိလာတော့မယ်လို့ သိရှိရပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Flagship စမတ်ဖုန်းတိုင်းလိုလို 1080p@60fps Video Recording ရပေမယ့်၊ HTC U11 မှာတော့ စထွက်ထွက်ချင်း  1080p@30fps ပဲ ရခဲ့တာဖြစ်ပြီး၊ အခုမှ 60fps အထိ Support ပေးလိုက်တာဖြစ်ပါတယ်။

                သိပ်မကြာသေးမီကပဲ HTC ဟာ System Update တစ်ခုနဲ့အတူ Bluetooth 5 ကို ရရှိလာတော့မယ် လို့ သိရှိထားတာကြောင့် HTC ကုမ္ပဏီဟာ Device အတွက် Feature တွေကို System Update ကနေပဲ ဆက်လက်ပို့ဆောင်ပေးသွားချင်တဲ့ အလားအလာရှိပါတယ်။


                HTC USA ကနေ တင်ထားတဲ့ Tweet တစ်ခုအရ HTC U11 မှာ 60 FPS Video Recording ရရှိလာမယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန် အခြား Flagship စမတ်ဖုန်းတွေ (ဥပမာ- Samsung Galaxy S8, LG G6, OnePlus 5) ဟာ Full HD ကို 60 FPS နဲ့ Video ရိုက်ကူးထားနိုင်တဲ့အချိန် HTC U11 မှာတော့ မပါ၀င်လာခဲ့တာ အားရစရာမကောင်းပါဘူး။ 

                System Update မှာ ဒီ Feature ကိုထည့်သွင်းပေးမယ်ဆိုပေမဲ့ ဘယ်အချိန် Update ထွက်လာမလဲဆိုတာကိုတော့ Bluetooth 5 အတိုင်းပဲ တိတိကျကျမသိရှိရသေးပါဘူး။ ဒါကြောင့်မို့ HTC U11 အသုံးပြုတဲ့သူတွေအနေနဲ့ Bluetooth 5 နဲ့ 60 FPS Video Recording ရရှိဖို့အတွက် စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ 

                ဒါပေမဲ့လည်း HTC U11 အနေနဲ့ DxO Benchmark အရ Camera အထူးကောင်းမွန်တဲ့စမတ်ဖုန်းစာရင်းထဲ ပါ၀င်ပြီးသားမို့ 60 FPS Video Recording အတွက် HTC ကနေ အခက်အခဲမရှိပဲ System Update ကိုထုတ်လုပ်ပေးလာနိုင်ဖွယ်ရှိတယ်လို့လည်းခန့်မှန်းရပါတယ်။ 

References
Android Community
About Author
Assinged Tags
Android Android Smartphones HTC HTC U 60 FPS HTC U11 60 FPS Video Recording Video Recording
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed