Hardware ပြောင်းလဲစရာမလိုဘဲ System Update ထဲမှာ Bluetooth 5 ပါဝင်လာမယ့် HTC U11

date_range 31 July 2017

Hardware ပြောင်းလဲစရာမလိုဘဲ System Update ထဲမှာ Bluetooth 5 ပါဝင်လာမယ့် HTC U11

visibility 860 Views

                Edge Sense နဲ့ Snapdragon 835 SoC တို့ပါ၀င်ပြီး Flagship အနေနဲ့ထွက်ရှိလာတဲ့ HTC U11 ဟာ Audio Quality လည်းအထူးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ HTC U11 ရဲ့ Features တွေဟာ ဒါနဲ့တင်မပြီးသွားပဲ FCC ရဲ့ စာရွက်စာတမ်းတွေအရ နောက်ထွက်လာမယ့် System Update မှာ Bluetooth 5 ပါ၀င်လာဦးမှာဖြစ်ပါတယ်။ 

                ယနေ့ခေတ် Bluetooth နည်းပညာတွေထဲမှာ “Classic” နဲ့ “Low Energy” ဆိုပြီးနှစ်မျိုး ပါ၀င်ပါတယ်။ “Classic” နည်းပညာမှာတော့ Keyboard, Mouse, Headset နဲ့ Speaker လိုမျိုး Device တွေကိုချိတ်ဆက်ဖို့အတွက်အသုံးပြုထားပါတယ်။ Low Energy (BLE လို့လည်းလူသိများကြတဲ့) နည်းပညာမှာ Smartwatch တွေ၊ Beacons တွေ နဲ့ အခြား Health Band တွေနဲ့ချိတ်ဆက်ဖို့အတွက်အသုံးပြုပါတယ်။

                Bluetooth 5 ကို Bluetooth Special Interest Group (Bluetooth SIG) မှ ၂၀၁၆ ခုနှစ်မှာမိတ်ဆက်ပေးခဲ့ပါတယ်။ Bluetooth 5 မှာ BLE ရဲ့ Range ပိုဝေးသွားပြီး Data Speed တွေလည်း ပိုမိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ Power Consumption မှာလည်း Bluetooth 5 ဟာ အရင်ထွက်ရှိခဲ့တဲ့ Bluetooth Version တွေထက် ၂ ဆကျော်ပိုမိုသက်သာစေဦးမှာပါ။

                Bluetooth 5 မှာ ဒီလိုကောင်းမွန်တဲ့ Features တွေအများကြီးပါ၀င်လာပေမယ့် 2017 အထိကို Bluetooth 5 တွင်တွင်ကျယ်ကျယ်အသုံးပြုထားတဲ့စမတ်ဖုန်းတွေကို မြင်တွေ့ရတာနည်းပါတယ်။ ဒါ့အပြင် HTC U11 ကို စတင်ထွက်ရှိခဲ့တုန်းက Bluetooth 4.2 နဲ့ပဲမြင်တွေ့ခဲ့ရပါတယ်။ Flagship အတော်များများမှာတော့ Bluetooth 5 ကိုအသုံးပြုထားပြီး HTC U11 မှာတော့ Bluetooth 5 မပါ၀င်ခဲ့ပါဘူး။ 

                ဒါပေမဲ့လည်း HTC U11 လေးဟာ နောက်ထပ်ထွက်ရှိလာမယ့် System Update တွေထဲမှာ Bluetooth 5 အဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီး ဘာမှလည်း Hardware တွေကိုပြုပြင်ပြောင်းလဲစရာလည်းမလိုပါဘူး။ ကြည့်ရတာ HTC U11 ထဲမှာ Bluetooth 5 အတွက် Hardware Built-In ပါ၀င်ပြီး Software ပဲလိုအပ်နေပုံ ရပါတယ်။ 

                တစ်ခုသတိထားရမှာက FCC ရဲ့စာရွက်စာတမ်းတွေအရသာ Bluetooth 5 ရရှိမယ်ဆိုတာကို သိရှိထားရပြီး System Update ဘယ်တော့လောက်ထွက်ရှိလာမလဲဆိုတာ မသိရှိရသေးတဲ့အတွက် HTC U11 အသုံးပြုသူတွေအဖို့ အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။

References
Android Authority
About Author
Assinged Tags
HTC HTC U U11 Bluetooth 5 Bluetooth Low Energy Bluetooth Low Energy Classic HTC U11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed