LG V30 ကို သြဂုတ်လ ၃၁ ရက်နေ့မှာ တရားဝင်ကြေငြာသွားမည်

date_range 08 August 2017

LG V30 ကို သြဂုတ်လ ၃၁ ရက်နေ့မှာ တရားဝင်ကြေငြာသွားမည်

visibility 660 Views

                LG ရဲ့ Flagship Series ဖြစ်တဲ့ LG V Series ရဲ့ တတိယမြောက်စမတ်ဖုန်းဖြစ်လာမယ့် LG V30 ကို ယခု သြဂုတ်လ ၃၁ ရက်နေ့မှာ တရားဝင်ကြေငြာသွားမယ်လို့ LG ကုမ္ပဏီကနေ တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ 

                ယခုနောက်ဆုံးသိရှိထားတဲ့ သတင်းတွေအရတော့ LG V30 မှာ Secondary Display ပါဝင်တော့မှာမဟုတ်ပဲ ကင်မရာပိုင်းကို အထူးဦးစားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်လာပါလိမ့်မယ်။ မနေ့ကလည်း HitRecord နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကြော်ငြာဗီဒီယိုကနေတစ်ဆင့် LG V30 ကို အနည်းငယ်မြင်တွေ့ခဲ့ရပါသေးတယ်။ 

                LG V30 မှာ LG G6 လိုပဲ Screen အပြည့်ပါဝင်တဲ့ 18:9 QHD+ 6.0-inch FullVision OLED Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Fingerprint ကလည်း အနောက်ဖက် Dual Camera နှစ်လုံးရဲ့အောက်မှာပဲရှိနေမှာဖြစ်ပါတယ်။ နောက်ဆုံးသိရှိထားချက်တစ်ခုအရလည်း LG V30 ဟာ Curved Edge နဲ့အတူ Plastic OLED Panel ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ 

                LG V30  စမတ်ဖုန်းမှာတော့ အရင်ထွက်ရှိထားတဲ့ LG G6 လို Snapdragon 821 ကို ဆက်လက်အသုံးမပြုတော့ဘဲ လက်ရှိအကောင်းဆုံးဖြစ်တဲ့ Snapdragon 835 CPU ကိုပဲ အသုံးပြုလာဖို့ရှိပြီး 4GB RAM (သို့မဟုတ်) 6GB RAM ပါဝင်လာမှာဖြစ်ပါတယ်။ 

                LG V30 ကို Audio ပိုင်းအတွက် Quad DAC ကတော့ ပါဝင်လာဦးမှာပါ။ LG ရဲ့ V Series Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ LG V30 ဟာ နောက်လတွေထဲမှာ ထွက်ရှိလာမယ့် Apple iPhone 8, Samsung Galaxy Note 8, Huawei Mate 9 Smartphone တွေနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာကတေ့ာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
LG LG Smartphones Curved Screen Android Smartphones OLED Display LG V30 series smartphone P-OLED Plastic
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed