OnePlus 5 အတွက် Oxygen OS 4.5.7 Update ထွက်ရှိ၊ 4K Video Recording အတွက် EIS ပါ၀င်လာ

date_range 02 August 2017

OnePlus 5 အတွက် Oxygen OS 4.5.7 Update ထွက်ရှိ၊ 4K Video Recording အတွက် EIS ပါ၀င်လာ

visibility 720 Views

                    OnePlus 5 အတွက် နောက်ထပ်ထွက်ရှိလာမယ့် Oxygen OS 4.5.7 Update မှာ 4K Video Recording အတွက်ပါ Electronic Image Stablisation Feature ပါ၀င်လာပြီဖြစ်ပါတယ်။ OnePlus 5 ဟာ မကြာသေးမီကလည်း Emergency Calls တွေခေါ်ဆိုတဲ့အခါ Reboot ကျသွားတတ်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် Update ကို  ရရှိခဲ့ပါသေးတယ်။ 

                Electronic Image Stablisation (EIS) ဆိုတာဟာ Video Recording ပြုလုပ်တဲ့အခါမှာ တုန်ခါသွားတာမျိုးမဖြစ်အောင် ထိန်းပေးတဲ့ Feature တစ်မျိုးဖြစ်ပါတယ်။ OnePlus 5 မှာ အစောပိုင်းကတည်းက အခြား Video Resolution တွေအတွက် EIS ပါ၀င်ခဲ့ပြီး အခု System Update မှာတော့ 4K Video အတွက်ပါ ရရှိလာတာဖြစ်ပါတယ်။

                နောက်ထပ်ပြောင်းလဲမှုတွေအနေနဲ့ အခုထွက်ရှိလာမယ့် Oxygen OS 4.5.7 Update မှာ OnePlus Slate Font အသစ်တစ်မျိုးပါ၀င်လာမှာဖြစ်ပါတယ်။ ဇူလိုင်လအတွက် Security Update Patch ကိုလည်းထည့်သွင်းပေးထားမှာဖြစ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Google Apps Update တွေလည်းပါ၀င်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြား Wi-Fi Connectivity, Standby Battery Life နဲ့ Automatic Backlight Adjustments တွေကိုလည်း ပိုပြီးကောင်းမွန်အောင် ပြုလုပ်ပေးထားသေးတယ်လို့လည်း သိရှိရပါတယ်။

                အသုံးပြုသူတွေရဲ့ Report အရ Emergency Call Reboot ပြဿနာအတွက်ထုတ်ပေးခဲ့တဲ့ Update မှာ Battery Life နဲ့ပတ်သက်တဲ့ပြဿနာတွေ ကြုံတွေ့နေရတယ်ဆိုတာကြောင့် အခုထွက်ရှိလာတဲ့ Oxygen OS Update ဟာ ဒီပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်မယ်လို့ သိရှိရပါတယ်။ 

                နောက်ထပ်လည်း နားကြပ်တပ်ထားတဲ့အချိန် Speaker ကပါ အသံတွေထွက်လာတတ်တဲ့ပြဿနာ၊ Silent Mode မှာ Camera Shutter အသံတွေထွက်လာတဲ့ပြဿနာ နဲ့ Video ရိုက်ကူးတဲ့အခါမှာ Sound Channels တချို့ပျောက်နေတဲ့ပြဿနာမျိုးတွေကို ယခု Oxyen OS Update မှာတစ်ခါတည်းဖြေရှင်းပေးထားတယ်လို့ဆိုပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
OnePlus 5 OnePlus 4K Resolution Electronic Image Stablisation EIS 4K Video Recording
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed