OnePlus 5 ရဲ့ 911 Reboot Bug အတွက် System Update ထုတ်လုပ်ပေး

date_range 23 July 2017

OnePlus 5 ရဲ့ 911 Reboot Bug အတွက် System Update ထုတ်လုပ်ပေး

visibility 260 Views

                OnePlus 5 ဖုန်းအချို့မှာ 911 Emergency Call ခေါ်လိုက်တိုင်း ဖုန်း Reboot ကျကျသွားတဲ့ပြဿနာကို အသုံးပြုသူအချို့ကြုံတွေ့နေရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ 911 ကို ဖုန်းခေါ်လို့မရတာဟာ သာမန်ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ 

                OnePlus မှလည်း ဒီအခြေအနေမျိုးတွေမကြုံတွေ့ရအောင် Update Size 32MB လောက်သာရှိတဲ့ System Update တစ်မျိုးကိုထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီ System Update ဟာ 911 ကို Emergency Call ခေါ်တဲ့အခါ Reboot ကျသွားတဲ့ Bug မရှိအောင် ရှင်းထုတ်ပေးသွားမှာပါ။


                အသုံးပြုသူအတော်များများကတော့ Reboot ဖြစ်တဲ့အလုံးလည်းရှိသလို Emergency Call ခေါ်တဲ့အခါမှာ Glitch ဖြစ်သွားတယ်လို့ဆိုပေမဲ့ စာရေးသူကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့တဲ့အခါမှာတော့ Reboot လည်းမဖြစ်သလို Glitch လေးတစ်ခုတောင်မရှိခဲ့ပါဘူး။ 

                Update Notes ထဲမှာလည်း “Certain Devices” ဆိုပြီးထည့်သွင်းရေးသားထားတဲ့အတွက် OnePlus 5 အလုံးတိုင်းမှာမဖြစ်ဘူးလို့ယူဆရပါတယ်။ ဒါပေမဲ့လည်း ဒီ 32MB လောက်ပဲရှိတဲ့ Update ကိုတော့ 911 Reboot Bug မရှိလည်း တင်ထားသင့်ပါတယ်။

                OnePlus ကုမ္ပဏီမှလည်း ဒီလိုမျိုးအရေးတယူလုပ်ပြီး အချိန်တိုလေးအတွင်းမှာပဲ System Update ထုတ်လုပ်ပေးခဲ့တဲ့အတွက် Software Support ကတော့ အတော်လေးကောင်းမွန်တယ်လို့ဆိုရမှာပါ။  

References
The Verge
About Author
Assinged Tags
Android Bug Report Android Smartphones OnePlus 5 OnePlus Emergency Call 911 Reboot Bug Reboot Bug
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed