အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၁၀ ဘီလီယံအကုန်ကျခံပြီး LCD Panel စက်ရုံကိုတည်ဆောက်သွားမယ့် Foxconn

date_range 31 July 2017

အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၁၀ ဘီလီယံအကုန်ကျခံပြီး LCD Panel စက်ရုံကိုတည်ဆောက်သွားမယ့် Foxconn

visibility 340 Views

                Apple ရဲ့ Products တွေကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Foxconn ကုမ္ပဏီဟာ အမေရိကန် Wisconsin ပြည်နယ်မှာ LCD Panel တွေထုတ်လုပ်မယ့် စက်ရုံတစ်ရုံကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

                အဆိုပါ စတုရန်းပေ ၂၀၀၀၀ ခန့်ရှိတဲ့ စက်ရုံကို Foxconn ကနေ ဒေါ်လာ ၁၀ ဘီလီယံခန့် အကုန်အကျခံပြီး လာမယ့် ၃ နှစ်အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အလုပ်သမားဦးရေ ၃၀၀၀ ခန့်ကိုလည်း စက်ရုံစတင်လည်ပတ်ဖို့အတွက် အလုပ်အကိုင်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

                Foxconn ရဲ့ အမေရိကန်မှာ ပထမဆုံးတည်ဆောက်မယ့် LCD Panel စက်ရုံဟာ Apple iPhone တွေကို ထုတ်လုပ်သွားမှာမဟုတ်ပဲ Foxconn ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Hon Hai မှ မကြာသေးခင်က $3.5 Billion နဲ့ ဝယ်ယူထားတဲ့ Sharp ကုမ္ပဏီအတွက် LCD Panel တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံလည်း Sharp ရဲ့ အကြီးမားဆုံးဈေးကွက်တစ်ခုဖြစ်နေတဲ့အတွက် Foxconn က LCD Panel တွေကို အမေရိကန်မှာပဲထုတ်လုပ်တာက ကုန်ကျစရိတ်ကိုများစွာသက်သာစေမှာဖြစ်ပါတယ်။

                Sharp ဟာ မကြာသေးခင်ကလည်း Aquos S2 စမတ်ဖုန်း မှာ 4K Display နဲ့အတူ In-Display Fingerprint Scanner တွေထည့်သွင်းပေးထားမယ်ဆိုပြီး ကောလာဟလ ထွက်ထားပါတယ်။ ဒီလို 4K Display Panel သစ်တွေကိုထုတ်လုပ်ဖို့အတွက် Foxconn ဟာ အမေရိကန်နိုင်ငံမှာ စက်ရုံတည်ဆောက်သွားဖို့ကြိုးပမ်းနေတာလည်း ဖြစ်နိုင်ပါတယ်။

                Foxconn ကုမ္ပဏီဟာ ကမ္ဘာတစ်၀န်းမှာ ဝန်ထမ်းပေါင်း ၁.၃ သန်းအထိရှိတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး၊ Apple iPhone အပါအဝင် အခြားနာမည်ကြီး Brand တွေရဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကတော့ Foxconn ဟာ အမေရိကန်မှာ စက်ရုံတည်မယ်လို့ ပြောကြားခဲ့ဖူးပြီး အခုအချိန်မှာတော့ တကယ်ဖြစ်လာတာပဲဖြစ်ပါတယ်။

                Foxconn ရဲ့ ဦးဆောင်သူဖြစ်တဲ့ Terry Gou ကတော့ အခုလို Wisconsin ပြည်နယ်မှာ Foxconn စက်ရုံတည်နိုင်တာဟာ အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိကန်မှာ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဆောင်ရွက်ဖို့ တွန်းအားပေးတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

References
The Verge
About Author
Assinged Tags
4K Display Foxconn LCD Display Sharp Sharp Aquos S2 Foxconn LCD Factory Factory
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed