Apple ဘက်က အပိုကုန်ကျစရိတ်ကို စိုက်ထုတ်ပေးမယ်ဆိုရင် US မှာ iPhone တွေထုတ်လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်တဲ့ Pegatron

date_range 17 March 2017

Apple ဘက်က အပိုကုန်ကျစရိတ်ကို စိုက်ထုတ်ပေးမယ်ဆိုရင် US မှာ iPhone တွေထုတ်လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်တဲ့ Pegatron

visibility 250 Views

                Apple ကထွက်တဲ့ Product မှန်သမျှက သူတို့ကိုယ်တိုင် ဒီဇိုင်းတွေဆွဲ၊ Infrastructure တွေချ၊ ဘာတွေဘယ်လိုလုပ်မယ်၊ စသည်ဖြင့် အစီအစဉ်တွေချ၊ နောက်ပြီးရင် ပန်းသီးတံဆိပ်လေးပဲ ကပ်ပေးလိုက်တာပါ။ Apple ကသူတို့ Product မှန်သမျှကို (OS ကလွဲလို့) တခြားကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုပြီး ထုတ်လုပ်ခိုင်းပါတယ်။

                iPhone တွေကို ဒိုင်ခံထုတ်လုပ်ပေးဖို့ Apple နဲ့ စာချုပ်ချုပ်ဆိုထားတာ Foxconn နဲ့ Pegatron ဆိုတဲ့ ကုမ္ပဏီတွေပါပဲ။ အခုလောလောဆယ်မှာ နောက်ထပ်ထွက်ရှိလာမယ့် မျိုးဆက်သစ် iPhone ကို Apple ပရိတ်သတ်တွေကလည်း iPhone တွေထုတ်လုပ်ခဲ့တာ ၁၀ နှစ်ပြည့်တဲ့ နှစ်မှာထုတ်လုပ်မယ့် iPhone ဖြစ်တာမို့ စိတ်လှုပ်ရှားနေ၊ Media တွေကလည်း ကောလဟာလတွေ ရေးသားနေကြတယ်ဆိုပေမယ့် Apple ခမျာမှာတော့ လက်ရှိအမေရိကန်အစိုးရ Donald Trump ရဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် တိုင်ပတ်နေပါတယ်။

                Apple ခမျာ Trump ကြောင့် ပစ္စည်းထုတ်လုပ်မှုတွေ အားလုံးကို အမေရိကန်နိုင်ငံသို့ မရွှေ့ချင်၊ ရွှေ့ချင်နဲ့ ရွှေ့ရတော့မှာဖြစ်ပြီး ဒီလိုရွှေ့ပြောင်းထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်အားလုံးနဲ့ အခြားကုန်ကျစရိတ်များကို စီမံခန့်ခွဲဖို့အတွက် အခုလတ်တစ်လောမှာ စုံစမ်းစစ်ဆေးနေရပါတယ်။

                Focus Taiwan ဆိုတဲ့သတင်းဌာနက Pegatron ရဲ့ CEO Liao Syh-jang ကို အမေရိကန်နိုင်ငံမှာ သွားရောက်ထုတ်လုပ်ဖို့အတွက် Pegatron အနေနဲ့ ဘယ်လိုများ အစီအစဉ်တွေချထားလဲ၊ ဒီလိုမျိုး ရေခြား၊ မြေခြားမှာ ပစ္စည်းတွေသွားရောက်ထုတ်လုပ်ခြင်းက Pegaron အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေများရှိလဲလို့ မေးမြန်းခဲ့ရာမှာ Liao က

“Pegatron အနေနဲ့ အမေရိကန်နိုင်ငံမှာ ပစ္စည်းတွေထုတ်လုပ်ပေးဖို့ကတော့ ကိစ္စသိပ်မရှိပါဘူး။ တစ်ခုပါပဲ။ Apple ဘက်ကတော့ အပိုကုန်ကျစရိတ်ကို စိုက်ထုတ်ပေးမှ အဆင်ပြေပါလိမ့်မယ်။ Pegatron အနေနဲ့ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ဘယ်လိုဖြစ်နေပါစေ၊ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အပိုကုန်ကျစရိတ်ကိုတော့ Apple ဘက်က စိုက်ထုတ်ပေးမှ အဆင်ပြေပါလိမ့်မယ်”

လို့ ဖြေကြားခဲ့ပါတယ်။

                မနှစ်က နိုဝင်ဘာလထဲက Apple က Foxconn ကိုရော၊ Pegatron ကိုရော အမေရိကန်မှာ ပစ္စည်းတွေလာရောက် ထုတ်လုပ်ပေးဖို့ ပြောခဲ့တာပါ။ အဲ့ဒီ့အချိန်တုန်းက Pegatron က ငြင်းဆန်ခဲ့ပေမယ့် အခုအချိန်မှာတော့ Apple ရဲ့တောင်းဆိုမှုအတွက် တံခါးလေးနည်းနည်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone Foxconn Pegatron
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed