Nokia ရဲ့ ပထမဆုံး Dual Camera ဖုန်းဖြစ်လာမယ့် Nokia 8 ကို သြဂုတ်လ ၁၆ ရက်နေ့မှာ မိတ်ဆက်ပေးသွားမည်

date_range 27 July 2017

Nokia ရဲ့ ပထမဆုံး Dual Camera ဖုန်းဖြစ်လာမယ့် Nokia 8 ကို သြဂုတ်လ ၁၆ ရက်နေ့မှာ မိတ်ဆက်ပေးသွားမည်

visibility 6480 Views

                Nokia ရဲ့ Android Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Nokia 8 ကို လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ မိတ်ဆက်ပေးမယ်လို့ Nokia အမှတ်တံဆိပ်ဖုန်းတွေ ထုတ်လုပ်ခွင့်ရထားတဲ့ HMD Global က ကြေညာချက်ထုတ်ပြန်လိုက်ပါပြီ။

                HMD Global ဟာ Android OS သုံး Nokia 3, Nokia 5 နဲ့ Nokia 6 တို့ကို ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ပေမယ့်၊ အဆိုပါဖုန်းတွေက စွမ်းဆောင်ရည်အလယ်အလတ်နဲ့ Mid-Range ဖုန်းတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအသစ်ထွက်ရှိလာမယ့် Nokia 8 ကတော့ လက်ရှိအမြင့်ဆုံး Specifications တွေကို အသုံးပြုထားတဲ့ High-End ဖုန်းတစ်လုံးဖြစ်လာမှာ ဖြစ်ပြီး၊ Nokia ရဲ့ Android OS သုံး ပထမဆုံး Flagship ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။ နောက်ထပ်သိရှိထားတဲ့သတင်းတွေအရဆိုရင် Nokia 8 ဟာ Dual-Camera အသုံးပြုထားတဲ့ ပထမဆုံး Nokia ဖုန်းလည်း ဖြစ်လာဖို့ရှိပါတယ်။


                လတ်တလောသိရှိထားသလောက် Nokia 8 စမတ်ဖုန်းကို 5.3" Quad HD Display, Qualcomm Snapdragon 835 Chipset နဲ့အတူ RAM 6GB အနိမ့်ဆုံးပါဝင်လာမှာဖြစ်ပါတယ်။ Storage အနေနဲ့ 64GB/128GB ဆိုပြီး ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

                Nokia 8 စမတ်ဖုန်းဟာ ကင်မရာပိုင်းလည်း အလွန်ကောင်းမွန်မယ်လို့ ခန့်မှန်းရပြီး၊ Dual 13 Megapixels Zeiss Lens တွေ တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။  Nokia 8 စမတ်ဖုန်းကို အရောင်တွေအနေနဲ့ Steel, Blue နဲ့ Gold-Copper အရောင်ဆိုပြီး ဝယ်ယူရရှိနိုင်လိမ့်မယ်လို့ သိရပါတယ်။

References
GSM Arena
About Author
Assinged Tags
Google Android Nokia Nokia 8 Snapdragon 835 Dual Camera Smartphone Android Smartphones HMD Global
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed