Super AMOLED Screen ၂ ခု နှင့် Sony Dual Camera ပါဝင်တဲ့ Meizu Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက်

date_range 27 July 2017

Super AMOLED Screen ၂ ခု နှင့် Sony Dual Camera ပါဝင်တဲ့ Meizu Pro 7 နဲ့ Pro 7 Plus ကို မိတ်ဆက်

visibility 10660 Views

                ယနေ့ ဂျူလိုင်လ ၂၆ ရက်နေ့မှာ Meizu Company ကနေ နောက်ထပ် Flagship ဖုန်းတစ်ခုဖြစ်တဲ့ Meizu Pro 7 နဲ့ Pro 7 Plus ဖုန်းနှစ်မျိုးကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကောလဟာလထွက်ခဲ့တဲ့အတိုင်း အနောက်က Screen လည်း ပါဝင်လာခဲ့ ပြီး အခြားသော Features တွေလည်း အများအပြားပါဝင်လာခဲ့ပါတယ်။


                Meizu Pro 7 နဲ့ Pro 7 Plus ဟာ အသုံးပြုထားတဲ့ Processor က Mediatek ပဲဖြစ်ပေမယ့် Meizu Pro 7 ကို Mid Range Series ထဲမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ Helio P25 Chipset ကို အသုံးပြုထားပြီး Meizu Pro 7 Plus ကိုတော့ Snapdragon 835 နဲ့ Exynos 8895 Chipset ပြီးရင် တတိယမြောက် 10nm Architecture ကို အသုံးပြုထားတဲ့ Flagship Helio X30 Deca-Core Processor ကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့လည်း Pro 7 မှာ RAM 4GB, 64GB Storage ပါဝင်ပြီး Pro 7 Plus မှာတော့ RAM 6GB, 128GB Storage ပါဝင်မှာဖြစ်ပါတယ်။


                Camera အနေနဲ့ကတော့ Meizu Pro 7/Pro 7 Plus ဖုန်း ၂ မျိုးစလုံး Xiaomi Mi6 နဲ့အတူတူ Dual 12 Megapixels Sony IMX 386 Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi Mi 6 နဲ့ မတူညီတာက Dual Camera က Wide + Telephoto Lens မဟုတ်ပဲ RGB + Black & White Lens တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့တော့ 16 Megapixels ပါဝင်မှာဖြစ်ပါတယ်။


                Screen အနေနဲ့တော့ Meizu Pro 7 မှာ 5.2" Full HD Super AMOLED Display ကို အသုံးပြုပေးထားပြီး Meizu Pro 7 Plus မှာတော့ ပိုပြီး ကြီးမားတဲ့ 5.7" Quad HD Super AMOLED Display ကို အသုံးပြုပေးထားပါတယ်။ ဖုန်း ၂ မျိုးစလုံးရဲ့ နောက်ကျောဘက်မှာ 2" Super AMOLED Display အသေးလေး ပါဝင်ဦးမှာဖြစ်ပြီး Notifications, Music Control နဲ့ Primary Camera နဲ့ Selfie ရိုက်တဲ့အချိန်မှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ 

                Battery အနေနဲ့တော့ Meizu Pro 7 မှာ 3000mAh Battery ပါဝင်မှာဖြစ်ပြီး Meizu Pro 7 Plus မှာတော့ 3500mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ဖုန်း ၂ မျိုးစလုံးမှာ နာရီဝက်အတွင်း 67% အထိ ပြန်လည်အားဖြည့်ပေးနိုင်တဲ့ mCharge 4.0 ပါဝင်မှာဖြစ်ပါတယ်။ 

                ဈေးနှုန်းအနေနဲ့ Meizu Pro 7 ကို $430 ဝန်းကျင်၊ Meizu Pro 7 Plus ကိုတော့ $530 ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Meizu Android MediaTek MediaTek Helio P25 Helio X30 Meizu Pro 7 MediaTek Helio X30 Helio P25 Sony Dual Camera Meizu Pro 7 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed