ဂျူလိုင်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Meizu Pro 7 နဲ့ Pro 7 Plus ရဲ့အချက်အလက်နဲ့ ဈေးနှုန်းများထွက်ပေါ်

date_range 28 June 2017

ဂျူလိုင်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Meizu Pro 7 နဲ့ Pro 7 Plus ရဲ့အချက်အလက်နဲ့ ဈေးနှုန်းများထွက်ပေါ်

visibility 2120 Views

                Meizu ကနေ ဒီနှစ်ရဲ့ Flagship ဖုန်းတွေဖြစ်လာမယ့် Meizu Pro 7 နဲ့ Pro 7 Plus ဖုန်းနှစ်လုံးကို လာမယ့် ဂျူလိုင်လ ၂၆ ရက်နေ့မှ စတင်မိတ်ဆက်ပြီး၊ သြဂုတ်လ ၄ ရက်နေ့ကစတင်ပြီး ရောင်းချသွားမယ်လို့ သတင်းထွက်ရှိနေပါတယ်။ 

                လက်ရှိသတင်းတွေအရတော့ Meizu Pro 7 နဲ့ Pro 7 Plus ဖုန်းနှစ်မျိုးစလုံး နောက်ကျောဘက်မှာ ယခင် Yota Phone တွေလိုမျိုး Secondary e-ink display ပါဝင်လာမှာဖြစ်ပါတယ်။ Meizu Pro 7 နဲ့ Pro 7 Plus ကို 10nm Architecture သုံးထားတဲ့ MediaTek ရဲ့ Chipset တစ်ခုဖြစ်တဲ့ MediaTek Helio X30 ကို အသုံးပြုလာမှာဖြစ်ပြီး 4/6GB RAM နဲ့ အတူ 64/128GB Storage ပါဝင်မှာဖြစ်ပါတယ်။ 


                Screensize အနေနဲ့တော့ Meizu Pro 7 မှာ Full HD 5.2" Display နဲ့ Pro 7 Plus မှာတော့ QuadHD 5.5" အနည်းဆုံးပါဝင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ Meizu အနေနဲ့ Dual Camera ကို ပထမဆုံးအသုံးပြုလာဖို့ရှိပြီး Dual 12 Megapixels Sensors ၂ ခု ပါဝင်လာပါလိမ့်မယ်။ Selfie Camera ကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး 16 Megapixels ပါဝင်မှာဖြစ်ပါတယ်။ အခုအချိန်ထိတော့ 3.5mm Audio Jack ဖြုတ်မယ်လို့ ပြောကြားထားခြင်းမရှိသေးပါဘူး။

                ဈေးနှုန်းတွေအနေနဲ့ Meizu Pro 7 က Chinese yuan CNY 2,799 ($409) နဲ့ CNY 3,299 ($482) ဝန်းကျင်ကျသင့်မှာဖြစ်ပြီး Meizu Pro 7 Plus ကိုတော့ CNY 3,299 ကနေ CNY 3,799 ($555) ဝန်းကျင်ရောင်းချသွားမယ်လို့သိရပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones Rumors Meizu Meizu Pro 7 Meizu Pro 7 Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed