ဓါတ်ပုံနဲ့ ဗီဒီယိုတွေပို့တဲ့အခါ အချိန်သတ်မှတ်ပြီး အလိုအလျောက်ပျက်သွားစေတဲ့ Self-Destruct Feature ပါဝင်လာတဲ့ Telegram Update 

date_range 25 July 2017

ဓါတ်ပုံနဲ့ ဗီဒီယိုတွေပို့တဲ့အခါ အချိန်သတ်မှတ်ပြီး အလိုအလျောက်ပျက်သွားစေတဲ့ Self-Destruct Feature ပါဝင်လာတဲ့ Telegram Update 

visibility 200 Views

                Messaging App တစ်ခုဖြစ်တဲ့ Telegram app ဟာ လက်ရှိအချိန်မှာ Features အသစ်တွေကို အမြဲထည့်သွင်းပေးနေတဲ့ Messaging App တစ်ခုအဖြစ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ယခုတစ်ခါ နောက်ဆုံးထွက်ရှိလာတဲ့ Telegram Update မှာလည်း အလွန်အသုံးဝင်တဲ့ Features တွေကို ထည့်သွင်းပေးထားတဲ့အတွက် မသုံးရသေးရင် စမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Messaging App တစ်ခုလို့ပဲ သတ်မှတ်ချင်ပါတယ်။ 


                နောက်ဆုံး Telegram Update မှာ ပါဝင်လာတဲ့ Features တွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့ Features တစ်ခုကတော့  ပို့လိုက်တဲ့ ဓါတ်ပုံ နဲ့ ဗီဒီယိုတွေကို အချိန်သတ်မှတ်ပြီး အလိုအလျောက်ပျက်သွားစေတဲ့ Self-Destruct Features ပဲဖြစ်ပါတယ်။

                ဒီ Features ကို အသုံးပြုပြီး ဓါတ်ပုံ ဒါမှမဟုတ် ဗီဒီယိုဖိုင်ကို ပို့လိုက်မယ်ဆိုရင် လက်ခံရရှိတဲ့သူက ဖွင့်ကြည့်ပြီးတာနဲ့ သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ အလိုလိုပျက်သွားမှာဖြစ်ပါတယ်။ တကယ်လို့ လက်ခံရရှိတဲ့သူက ပို့လိုက်တဲ့ဓါတ်ပုံကို မပျက်ခင် Screenshot ရယူခဲ့ရင်လည်း ပို့လိုက်တဲ့သူဆီမှာ Screenshot ရိုက်ယူလိုက်တယ်ဆိုတဲ့အကြောင်း Notification သွားပေါ်မှာပါ။

                ဒီလို Self-Destruct Feature ကို Viber နဲ့ Facebook Messenger မှာအစောကတည်းက ထည့်သွင်းပေးထားခဲ့ပါတယ်။ Viber မှာလည်း Secret Message တွေကို Screenshot ရိုက်ဖို့ကြိုးစားတဲ့အခါ တဘက်ကပို့တဲ့သူကို Notification သွားပေါ်မှာဖြစ်ပြီး Android OS နဲ့ Viber အသုံးပြုနေသူတွေကို Screenshot ရိုက်မရအောင်ပါ ပြုလုပ်လို့ရပါတယ်။

                အခြား Features အသစ်တွေအနေနဲ့ကတော့ Application မှာ ပါဝင်တဲ့ Photo Editor ဟာ ပိုပြီးကောင်းမွန်လာပြီး Group chat တွေမှာလည်း ကိုယ့်ရဲ့ Profile bio သတ်မှတ်ထားနိုင်တော့မှာဖြစ်ပါတယ်။ နောက်ထပ် အသစ်ပါဝင်လာတဲ့ Encrypted CDNs တွေကြောင့် Public Channels တွေက Media file တွေကို ပိုပြီးလျှင်မြန်စွာ Download ရယူထားနိုင်တော့မှာဖြစ်ပါတယ်။

                ယခု Telegram Latest Update ကို Google Play Store နဲ့ Apple App Store တွေကနေ Free Download ရယူနိုင်ပြီဖြစ်ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Android iOS Android App App Store Google Play Store Messenger iOS App Related Telegram Telegram Messenger
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed