Viber မှာ အလိုအလျောက်ဖျက်ပစ်နိုင်ပြီး၊ Screenshots တောင် ရိုက်လို့မရတဲ့ “Secret Chat” ပါဝင်လာတော့မည်

date_range 12 March 2017

Viber မှာ အလိုအလျောက်ဖျက်ပစ်နိုင်ပြီး၊ Screenshots တောင် ရိုက်လို့မရတဲ့ “Secret Chat” ပါဝင်လာတော့မည်

visibility 750 Views

                မြန်မာနိုင်ငံက လူသုံးအများဆုံး Messaging App တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Viber မှာ မကြာမီ Feature သစ်တစ်ခု ပါဝင်လာတော့မှာ။

                ဒီ Feature ကို “Secret Chat” လို့ အမည်ပေးထားပြီး၊ လက်ရှိ Viber ဗားရှင်းမှာ ပါဝင်တဲ့ “Secret Messages” နဲ့ ပုံစံဆင်တူပါတယ်။

                “Secret Messages” မှာက ကိုယ်လက်ရှိစကားပြောနေတဲ့ Chat Box မှာပဲ Timer ပေးကာ အလိုအလျောက် ပျက်သွားနိုင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပို့နိုင်တာဖြစ်ပေမယ့်၊ “Secret Chat” မှာတော့ Chat တစ်ခုလုံးကို အချိန်တစ်ခုသတ်မှတ်ကာ Auto-Delete လုပ်နိုင်မှာပါ။

                Secret Chat ကို တစ်ယောက်ချင်းကော Group Conversation အတွက်ပါ အသုံးပြုနိုင်ပြီး၊ Self-Destruct လုပ်ထားတဲ့ မက်ဆေ့တွေကို ဘယ်သူကမှ Forward လည်း လုပ်နိုင်မှာမဟုတ်ပါဘူး။

                ဒီထက်မိုက်တဲ့စွမ်းဆောင်ရည်တစ်ခုကတော့ ဒီမက်ဆေ့တွေကို တစ်ဖက်လူက Screenshot ရိုက်ပြီး၊ သိမ်းထားလို့လည်း မရပါဘူး။ Android မှာဆို လုံးဝ Screenshot ရိုက်လို့မရတာဖြစ်ပေမယ့်၊ iOS မှာတော့ တစ်ဖက်လူတစ်ယောက်ယောက်က Screenshot ရိုက်လိုက်တာနဲ့ အားလုံးဆီ Notification ဝင်လာမှာဖြစ်တာကြောင့်၊ Screenshot ရိုက်သွားမှန်းတော့ သိလိုက်ရမှာပါ။

                ဒီလိုမျိုး အလိုအလျောက်ပျက်သွားနိုင်တဲ့ “Self-Destructing Posts” တွေဟာ အခုနောက်ပိုင်းမှာ တော်တော်ခေတ်စားလာပြီး၊ Facebook Messenger နဲ့ Snapchat တို့မှာလည်း ဒီလို Feature မျိုး ပါဝင်ပါတယ်။

                Viber ရဲ့ Secret Chat ကို လာမယ့်တစ်ပတ်အတွင်း Android နဲ့ iOS နှစ်ခုလုံးအတွက် ထုတ်ပေးသွားမှာဖြစ်ပြီး၊ App Update ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

References
PC World
About Author
Assinged Tags
Applications iOS Android App Security Viber Self-Destructing Messages
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed