Voice Commands တွေအသုံးပြုပြီး Samsung Galaxy S8 ပေါ်မှာလိုသလိုခိုင်းစေနိုင်မယ့် Bixby Voice

date_range 23 July 2017

Voice Commands တွေအသုံးပြုပြီး Samsung Galaxy S8 ပေါ်မှာလိုသလိုခိုင်းစေနိုင်မယ့် Bixby Voice

visibility 820 Views

                Samsung မှ Galaxy S8 ကိုစတင်ထုတ်လုပ်ခဲ့စဉ်က Bixby Digital Assistant ကိုပါ တစ်ပါတည်းထည့်သွင်းပေးမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ Bixby ကိုအလွယ်တကူအသုံးပြုနိုင်အောင် Galaxy S8 မှာပါ Bixby Physical Button လေးထည့်သွင်းပေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း Bixby ကို Google Assistant, Cortana နဲ့ Siri လိုမျိုး အသံနဲ့ခိုင်းစေလို့ရဖို့အတွက်တော့ Galaxy S8 အသုံးပြုသူတွေဟာ အချိန်အတော်ကြာအောင်စောင့်ဆိုင်း ခဲ့ရပါတယ်။

                စောင့်ရတာတော့အတော်လေးကို တန်ပါတယ်လို့ဆိုရပါမယ်။ Bixby ဟာ Samsung Galaxy S8 ပေါ်မှာ အခြား Digital Assistant တွေထက်ပိုပြီး Voice Commands တွေနဲ့ထိန်းချုပ်နိုင်လို့ပါ။ သာမန် Voice Commands တွေဖြစ်တဲ့ App ကိုဖွင့်ခိုင်းတာ၊ အချိန်ကိုမေးတာ၊ Volume အတိုးအကျယ်နဲ့ သီချင်းဖွင့်ခိုင်းတာတွေလည်း ခိုင်းစေလို့ရသလို Screen ကို Scroll ခိုင်းတာ၊ Zoom in နဲ့ out ပြုလုပ်ခိုင်းတာ၊ Auto-Rotate အဖွင့်အပိတ် နဲ့ Screen ကိုပါပိတ်ခိုင်းလို့ရတဲ့အထိ Bixby လေးကိုခိုင်းစေလို့ရပါတယ်။

                ဒါ့အပြင် Bixby ကို Notifications နဲ့ System Task တွေဖြစ်တဲ့ Recent Apps တွေရှင်းပစ်တာ၊ App အပြောင်းအလဲပြုလုပ်တာ၊ Notifications တွေဖတ်ဖို့နဲ့ လက်ရှိဖွင့်နေတဲ့ App နှစ်ခုကို Split-Screen View နဲ့ကြည့်လို့ရအောင်အထိပါခိုင်းစေလို့ရမှာဖြစ်ပါတယ်။ Google Search ကိုအသုံးပြုပြီးလည်း Web ထဲမှာ လိုချင်တဲ့အဖြေကိုရှာဖွေနိုင်ဖို့အထိ ခိုင်းစေလို့ရမှာဖြစ်ပါတယ်။

                Bixby ဟာ Samsung ရဲ့မူပိုင် Product ဖြစ်ပြီး Galaxy Device တွေအတွက်ပဲ သီးသန့်ထုတ်လုပ်ပေးထားတာမို့လို့ ကိုယ်ပိုင် OEM Apps တွေပေါ်မှာပဲ အလုပ်ကောင်းကောင်းလုပ်နိုင်မှာကို အထူးတလည်ပြောပြနေစရာတော့မလိုဘူးထင်ပါတယ်။ ကိုယ်ပိုင် Default App တွေဖြစ်တဲ့ Gallery, Contacts, Messages, Dialer, Camera, Clock, Calendar နဲ့ အခြား System Apps တွေပေါ်မှာ လက်နဲ့ထိတွေ့စရာမလိုအောင်ကို Bixby နဲ့ခိုင်းစေလို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Default App တွေကို အခြား Third-Party App တွေနဲ့အစားထိုးအသုံးပြုတဲ့အခါ Bixby နဲ့ဆက်လက်ခိုင်းစေလို့ရမှာမှန်ပေမဲ့ တိကျတဲ့လုပ်ဆောင်မှုတွေ ရရှိလာမှာမဟုတ်ပါဘူး။

                ဘယ်လိုပဲပြောပြော Samsung ဟာ ကိုယ်ပိုင် AI Digital Assistant ကိုပြုလုပ်နိုင်ခဲ့တာဟာ အောင်မြင်မှုတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ Galaxy Note Fan Edition မှာလည်း Bixby ပါ၀င်ခဲ့သလို နောက်ထပ်ထွက်ရှိလာတော့မယ့် Galaxy Note 8 ဟာ Bixby ကို Default Digital Assistant အနေနဲ့အသုံးပြုထားတဲ့ တတိယမြောက် Device ဖြစ်လာမှာပါ။ 

References
Android Community
About Author
Assinged Tags
Samsung Artificial Intelligence Digital Assistant Samsung Galaxy Samsung Galaxy S8 Bixby Samsung Bixby Bixby Assistant Bixby Voice Bixby Digital Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed