Messaging App ဈေးကွက်ထဲမှာ Apple, Facebook နဲ့ Google တို့က ကြီးစိုးထားတဲ့အချိန်မှာ၊ Amazon ကလည်း ကိုယ်ပိုင် Messaging App အသစ်တစ်ခုနဲ့ နေရာဝင်ယူဖို့ ကြိုးစားနေပုံပါပဲ။ 
Amazon က လက်ရှိစမ်းသပ်ဆဲ Messaging app ဖြစ်တဲ့ Anytime ဟာ iOS နဲ့ Android အပြင် Desktop အတွက်ပါ ရရှိလာမှာဖြစ်ပြီး၊ ပုံမှန် Messaging app တွေမှာ ပါဝင်နေကြ Features တွေဖြစ်တဲ့ Message Encryption, Video Call, Voice Call, Stickers တွေအပြင်၊ အခြားမတူညီတဲ့ Features အချို့လည်း ပါဝင်လာဖွယ်ရှိပါတယ်။
Anytime App မှာ တစ်စုံတစ်ယောက်ကို ရှာဖွေချင်တယ်ဆိုရင် ဖုန်းနံပါတ်ရိုက်ရှာစရာမလိုအပ်ပဲ နာမည်သိရုံနဲ့ Twitter လို @ နဲ့ Mention လုပ်ပြီး ရှာဖွေနိုင်မှာပါ။ မိမိပြောဆိုနေတဲ့ Conversations တွေထဲကိုလည်း @ ဖြင့် နှစ်သက်ရာသူကို mention ခေါ်နိုင်တာ၊ Photos တွေ Share နိုင်တာနဲ့ Chats တွေကိုလည်း အရောင်ဖြင့်ခွဲခြားထားနိုင်မှာဖြစ်ပါတယ်။ Business အတွက်လည်း Shopping, Customer Service Chats တွေ ထားရှိသွားမယ်လို့ သိရပါတယ်။

                လက်ရှိအချိန်မှာ Amazon Anytime App ဟာ တရားဝင်မကြေငြာရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Amazon ဟာ လက်ရှိ သူ့ရဲ့ Echo Devices တွေမှာ Alexa App ကနေ Voice Call Support ပေးထားပြီးဖြစ်သလို၊ Business Video Conferencing Tool တစ်ခုဖြစ်တဲ့ Chime ကိုလည်း ထုတ်ထားပြီးဖြစ်တာကြောင့်၊ Text-based Messaging App တစ်ခုလုပ်ဖို့က သူတို့အတွက် ခက်ခဲမှာမဟုတ်ပါဘူး။
ဒီ့အပြင် Alexa-enabled Devices တွေကနေပါ Anytime App သုံးပြီး၊ အသံနဲ့တင် Message ပို့ခိုင်းတာမျိုး လုပ်လာနိုင်ရင် Alexa-enabled Devices တွေလည်း ပိုရောင်းအားတက်လာနိုင်ပါတယ်။ မကြာခင်ကထုတ်ထားတဲ့ Echo Show စမတ်စပီကာမှာဆိုရင် Display ပါ, ပါဝင်လာတာကြောင့် Anytime က တော်တော်အသုံးဝင်တဲ့ App တစ်ခုဖြစ်လာမှာပါ။
This Article is Contributed by Zawye` and Venom
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On